မန်ချက်စတာစီးတီး အသင်းနည်းပြ ပက်ဂွါဒီယိုလာက သူ့ရဲ့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ဖွင့်ဟသွား ခဲ့ပါတယ်။ စီးတီးဟာ ယခုနှစ်မှာပါ အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့ရင် ၅ နှစ်အတွင်း ၄ ကြိမ်မြောက် ချန်ပီယံ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ အသင်းမှာ ၂၀၁၆-၁၇ ကစပြီး ချန်ပီယံဆု ၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ အမာခံ ကစားသမား ၁၂ ဦးအထိ ရှိနေသေးတာပါ။

နည်းပြကြီးကတော့ လက်ရှိအချိန်အထိ စိတ်ပိုင်းဆိုင်ရာရော၊ ကိုယ်ကာယပိုင်း မှာပါ စွမ်းဆောင်ရည်ကောင်းတွေ ထိန်းသိမ်းထားနိုင်တဲ့ ကစားသမားတွေကို ချီးကျူးဖွင့်ဟ သွားခဲ့ပါတယ်။ သူနဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ အောင်မြင်မှု ၃ ကြိမ် ရရှိထားတဲ့ ကစားသမား ၁၂ ယောက် လက်ရှိအချိန် အထိ အသင်းမှာ ကျန်ရှိနေမှုနဲ့အတူ ဒီနှစ်မှာလည်း ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ ယုံကြည်ချက် ရှိနေလားဆိုတဲ့ မေးခွန်းကို ဂွါဒီယိုလာ အနေနဲ့ မေးမြန်းခြင်း ခံခဲ့ရပါတယ်။

ယင်းအခါမှာတော့ စပိန်သား နည်းပြကြီးက ” ယုံကြည်ချက် မရှိစရာ အကြောင်းပြချက် မရှိပါဘူး။ ပရီးမီးယားလိဂ်မှာ အပြင်၊ ပြည်တွင်းဖလားတွေမှာရော၊ ဥရောပမှာပါ ဒီကစားသမားတွေ ပြသထားတဲ့ စွမ်းဆောင်ရည်တွေကြောင့် ယုံကြည်ချက် မရှိစရာ အကြောင်းပြချက် မရှိပါဘူး။ ဒီနှစ်ရာသီမှာ ဘာတွေ ဖြစ်လာမလဲတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့် ကစားသမားတွေ အကြောင်းကို ကျွန်တော်ကောင်းကောင်း သိပါတယ်။ ချန်ပီယံ ထပ်မဖြစ်နိုင်ဘူးဆိုတဲ့ သံသယ အတွေး တစ်စက္ကန့်တောင် မဖြစ်ပေါ်မိပါဘူး။ ” လို့ ဖွင့်ဟပြောကြား သွားခဲ့ပါတယ်။

မန်ချက်စတာစီးတီး အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ လီဗာပူးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ဆုဖလား လက်လွှတ် ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ဂွါဒီယိုလာက စနေနေ့မှာ ကစားသွားရမဲ့ ဝက်ဟမ်းစ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွက် မစိုးရိမ်ကြောင်းကို အခုလိုပဲ ထပ်လောင်းဖွင့်ဟ သွားခဲ့ပါတယ်။ သူက ” အနိုင်ရယူဖို့ မျှော်မှန်းထားတဲ့ ဗိုလ်လုပွဲ တစ်ပွဲကို ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတာပါ။ ပြိုင်ဘက်အသင်းကိုတော့ လေးစားမိပါတယ်။ ပိုမိုကောင်းမွန်တဲ့ အဆင့်အတန်း တစ်ခုရောက်အောင် ဘယ်လိုသွားရမလဲ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ ပိုမိုပြီး အဆင့်သင့် ဖြစ်လာနေပါပြီ။ ”

” ပြီးခဲ့တဲ့ရက်ပိုင်း ဘိုင်ယန်နဲ့ ကစားခဲ့စဉ်က ကျွန်တော်တို့ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီး လီဗာပူးနဲ့ ပွဲစဉ်မှာလည်း ကောင်းမွန်တဲ့အရာတွေ တော်တော်များများ လုပ်ဆောင်နိုင် ခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး အခြေအနေနဲ့ အရမ်းကြီး ဝေးကွာနေတယ်လို့ မခံစားမိပါဘူး။ ဝက်စ်ဟမ်း၊ ဘုန်းမောက်တို့နဲ့ ကစားရမဲ့ ပွဲစဉ်မှာ ခံစစ်နဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည်က ဘာတွေဖြစ်လာမလဲ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို အဖြေရှာပေးသွားမှာပါ။ အသင်းမှာ ပြီးပြည့်စုံမှု မရှိတဲ့ အပိုင်းတွေ ရှိနေသေးပေမဲ့ ကျွန်တော်တို့ အမှားတွေ ပြင်ဆင်ရင်း တိုးတက်လာပါလိမ့်မယ်။ ” လို့ အဆုံးသတ် ဖွင့်ဟသွား ခဲ့ပါတယ်။

ZAWGYI: မန်ချက်စတာစီးတီး အသင်းနည်းပြ ပက်ဂွါဒီယိုလာက သူ့ရဲ့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ဖွင့်ဟသွား ခဲ့ပါတယ်။ စီးတီးဟာ ယခုနှစ်မှာပါ အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့ရင် ၅ နှစ်အတွင်း ၄ ကြိမ်မြောက် ချန်ပီယံ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ အသင်းမှာ ၂၀၁၆-၁၇ ကစပြီး ချန်ပီယံဆု ၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ အမာခံ ကစားသမား ၁၂ ဦးအထိ ရှိနေသေးတာပါ။