မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟတ်ကတော့ သူ့ရဲ့ အေဂျက်စ်ကစားသမားဟောင်း ဖရန်ကီဒီဂျောင်ကို ဒီနွေရာသီရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။ ပရီးမီးယားလိဂ်ကလပ်ဟာ ပေါင်သန်း ၇၀ နဲ့ ဒီဂျောင်အတွက် သဘောတူညီမှု နီးစပ်နေပြီး ဘာစီလိုနာအနေနဲ့ သူတို့ရဲ့ အပြောင်းအရွှေ့ပလန်တွေအတွက် လိုအပ်နေတဲ့ ဘဏ္ဍာရေးအခြေအနေကို ဒီဂျောင်ကို ရောင်းချပြီး ဖြေရှင်းဖို့ စီစဉ်လျက်ရှိပါတယ်။

ဒီဂျောင်ရဲ့ဆန္ဒကတော့ ဘာစီလိုနာမှာပဲ ဆက်နေလိုပေမယ့် အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်တာမျိုးလည်း မရှိပါဘူး။ ယူနိုက်တက်နဲ့ ဘာစီလိုနာနှစ်သင်းစလုံးကတော့ ဒီဂျောင်ရဲ့အပြောင်းအရွှေ့ကို ဒီတစ်ပတ်ထဲမှာတင် အပြီးသတ်လိုပြီး နှစ်သင်းစလုံးက အပြောင်းအရွှေ့ကိစ္စကို အမြန်ဆုံးအဆုံးသတ်လိုနေကြပါတယ်။ ယူနိုက်တက်ကလည်း ၂၅ နှစ်သားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

နောက်ဆုံးရ သတင်းတွေအရတော့ ယူနိုက်တက် တာဝန်ရှိသူတွေက ကွင်းလယ်ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုကို အားရလျက်ရှိပြီး ဒီဂျောင်ကလည်း ကမ်းလှမ်းမှုကို နားစွင့်ထားပါတယ်။ နည်းပြတန်ဟတ်ကိုယ်တိုင် ဒီဂျောင်ကိုရဲ့ သူ့ရဲ့အိုးလ်ထရက်ဖို့ဒ်ပရော့ဂျက်မှာ အဓိကကစားသမားအဖြစ် ပါဝင်ဖို့ စည်းရုံးရေးဆင်းလျက်ရှိပါတယ်။

သူ့ရဲ့ဆန္ဒအရတော့ နူးကမ့်မှာပဲ ဆက်နေလိုပေမယ့် ဒီဂျောင်ကိုယ်တိုင်ကလည်း ဘာစီလိုနာက သူ့ကိုရောင်းချင်နေတယ်ဆိုတာကို သိထားပါတယ်။ ဒါပေမယ့် ဒီဂျောင်ကို မန်စီးတီး၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း ခေါ်ယူချင်နေတာကြောင့် ယူနိုက်တက်အနေနဲ့တော့ အရန်ပစ်မှတ်တွေကိုလည်း စီစဉ်ထားဖို့ လိုပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဘာစီလိုနာက တောင်းဆိုတဲ့ကြေးကို ပေးဖို့ပြင်ဆင်ထားတဲ့အသင်းကလည်း ယူနိုက်တက်တစ်သင်းတည်းသာ ရှိပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ အေဂျက်စ်က ဂျူရီယန်တင်ဘာကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပြီး အလွတ်နဲ့ခေါ်ယူနိုင်မယ့် ခရစ္စတီယန်အဲရစ်ဆင်ကိုလည်း ယူနိုက်တက်ကို လာခဲ့ဖို့စည်းရုံးလျက်ရှိပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟတ်ကတော့ သူ့ရဲ့ အေဂျက်စ်ကစားသမားဟောင်း ဖရန်ကီဒီဂျောင်ကို ဒီနွေရာသီရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။ ပရီးမီးယားလိဂ်ကလပ်ဟာ ပေါင်သန်း ၇၀ နဲ့ ဒီဂျောင်အတွက် သဘောတူညီမှု နီးစပ်နေပြီး ဘာစီလိုနာအနေနဲ့ သူတို့ရဲ့ အပြောင်းအရွှေ့ပလန်တွေအတွက် လိုအပ်နေတဲ့ ဘဏ္ဍာရေးအခြေအနေကို ဒီဂျောင်ကို ရောင်းချပြီး ဖြေရှင်းဖို့ စီစဉ်လျက်ရှိပါတယ်။