မန်ယူနိုက်တက်တို့ဟာ အပြောင်းအရွှေ့ စျေးကွက်အစပိုင်းမှာ တုန့်ဆိုင်းလွန်းတဲ့ စျေးကွက် လှုပ်ရှားမှုတွေ ကြောင့် အသင်းပရိသတ်တွေက တော်တော်လေးကို အားမလိုအားမရ ဖြစ်ခဲ့ရပြီး အသင်းအပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဆိုးရွားလွန်းတဲ့ အခြေအနေများစွာကို ရင်ဆိုင် ဖြတ်သန်းခဲ့ရပြီးတဲ့နောက် မန်ယူနိုက်တက်တို့ဟာ ပြုပြင်ပြောင်းလဲမှုတွေ များစွာလုပ်ဖို့ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။

ယာယီနည်းပြရန်းနက်ခ် ထွက်ခွာခဲ့ပြီးတဲ့နောက် အသင်းရဲ့ နည်းပြသစ်အဖြစ် အေဂျက်နည်းပြ တန်ဟက်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပြီး တန်ဟတ်အနေနဲ့ မန်ယူနိုက်တက်ရဲ့ လက်ရှိ အခြေအနေတွေကို မြေလှန်ပြီး မန်ယူနိုက်တက် တခေတ်စတင်ဖို့ အစီအစဥ်တွေ များစွာ ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။ တန်ဟတ်ရဲ့ မန်ယူနိုက်တက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်မှာ သူ့ရဲ့ အဓိက ဆောင်ရွက်ရမယ့် တာဝန်က လက်ရှိ မန်ယူနိုက်တက်မှာ အသုံးမဝင် အံမဝင်တော့တဲ့ ကစားသမားတွေကို ရှင်းထုတ်ပစ်ပြီး လိုအပ်တဲ့နေရာအတွက် ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။

လက်ရှိ မန်ယူနိုက်မှာ မာတာ၊ မာတစ်၊ ပေါ့ဘာနဲ့ လင်ဂတ်တို့လို ကွင်းလယ်ကစားသမားတွေ အသင်းကနေ ထွက်ခွာ သွားခဲ့ ပြီး ဖြစ်တာကြောင့် မန်ယူနိုက်တက်တို့ အနေနဲ့ ကွင်းလယ်ပိုင်းကို ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ဖို့ အဓိက ကြိုးစားလာနေခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဘာစီလိုနာက ကွင်းလယ်လူ ဒီဂျောင်ဟာ မန်ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်အဖြစ်ရှိနေတာပါ။ နောက်ဆုံး သတင်းတွေအရ မန်ယူနိုက်တက်တို့ဟာ ဒီဂျောင်ကိုခေါ်ယူဖို့ ဘာစီလိုနာနဲ့ စုစုပေါင်းပြောင်းရွှေ့ကြေး ယူရို ၈၅ သန်းနဲ့ သဘောတူညီမှု ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ကနဦး ပြောင်းရွှေ့ကြေးအဖြစ် မန်ယူနိုက်တက်တို့ဟာ ဘာစီလိုနာထံ ယူရို ၆၅ သန်း ပေးချေရမှာ ဖြစ်ပြီး အပိုဆုကြေး အနေနဲ့ ယူရိုသန်း ၂၀ ပေးချေသွားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာနဲ့ အပိုဆုကြေး ယူသန်း၂၀ ကို ဘယ်လိုမျိုး ပေးချေမလဲဆိုတာကို ညှိနှိုင်းဆွေးနွေးလျက်ရှိနေပြီး မကြာခင် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။ ကွင်းလယ်နေရာအတွက် ဒီဂျောင်ကိုခေါ်ယူနိုင်ခဲ့ရင် မန်ယူနိုက်တက်အတွက် တော်တော်လေးအဆင်ပြေမဲ့ အခြေအနေကို ရောက်လာဖွယ် ရှိနေပါတယ်။ ကွင်းလယ်ပြီးတဲ့နောက် မန်ယူနိုက်တက်တို့ဟာ နောက်တန်းနေရာအတွက် အားဖြည့်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒီဂျောင်ကို ခေါ်ယူမှု အပြီးသတ်မခင်မှာပဲ မန်ယူနိုက်တက်တို့ဟာ ဖီရင်နုအသင်းရဲ့ နောက်ခံလူ မာလာစီယာကို ခေါ်ယူဖို့ မန်ယူနိုက်တက်တို့ သဘောတူညီမှု ရရှိထားခဲ့ပြီး ဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ နာမည်ကြီး သတင်းထောက် ဖေဘရီဇီယို ရိုမန်နိုရဲ့ အဆိုအရ မန်ယူနိုက်တက်တို့ဟာ လာမာစီယာအတွက် ပြောင်းရွှေ့ကြေးကို ယူရို ၁၇ သန်းနဲ့ သဘောတူညီမှု ရရှိထားခဲ့တာညဖြစ်တယ်လို့ သိရပါတယ်။ ကနဦး ယူရို ၁၅ သန်းပေးချေရမှာ ဖြစ်ပြီး အပိုဆုကြေးက ယူရို ၂ သန်းပဲ ဖြစ်ပါတယ်။

နွေ စျေးကွက်အတွင်း ကစားသမား၅ ဦးလောက်အထိ ခေါ်ယူဖို့ အလိုရှိနေတဲ့ တန်ဟတ်အတွက် ဒီဂျောင်နဲ့ လာမာစီယာတို့ကို ဆခါ်ယူနိုင်ဖို့ ပြီးသလောက် ဖြစ်သွားတဲ့ အခြေအနေမှာ အေဂျက်က နောက်ခံလူ လီဆန်ဒရို မာတီနက်ကိုလည်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ မာတီနက်အတွက် အေဂျက်ဘက် ပေါင် ၆၅ သန်းလောက်အလိုရှိထားပေမဲ့ မန်ယူနိုက်တက်ဘက်က ပေါင်သန်း ၄၀ လောက်နဲ့ သဘောတူညီမှုရဖို့ ယုံကြည်လျက် ရှိနေတယ်လို့ သိရပါတယ်။ မာတီနက်ကို ခေါ်ယူနိုင်ခဲ့ ပြီးရင်တော့ မန်ယူနိုက်တက်ရဲ့ ပစ်မှတ်က အေဂျက်ကပဲ တိုက်စစ်ကစားသမား အန်တိုနီ ဖြစ်နေပါတယ်။

အန်တိုနီပြီးရင် ဘရက်ဖို့က အဲရစ်ဆန်ကိုပါ ခေါ်ယူဖို့ ကြိုးစားဖို့ ရှိနေတာဖြစ်ပါတယ်။ ဆိုတော့ မနိယူနိုက်တက်ရဲ့ ဒီရာသီ အပြောင်းအရွှေ့လှုပ်ရှားမှုတွေက လက်ရှိ အနေအထားအရ တော်တော်လေး အားရစရာ ကောင်းနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တကယ်လို့ မာတီနက်၊ အန်တိုနီနဲ့ အဲရစ်ဆန်တို့ကိုပါ ထပ်ပြီး ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ လာမယ့်ရာသီအတွက် မန်ယူနိုက်တက်ကစားသမား အင်အားက တော်တော်လေး တောင့်တင်းလာမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ တန်ဟတ်အနေနဲ့ အသင်းကို တည်ဆောက်ဖို့အတွက် ရွေးချယ်ခွင့်တွေ များလာမယ့် အခြေအနေတစ်ခုကို ရသွားစေမှာ ဖြစ်ပါတယ်။ ဆိုတော့ မန်ယူနိုက်တက်တို့ရဲ့ အပြောင်းအရွှေ့ ခြေလှမ်းတွေဟာ နှေးမလိုနဲ့ သွက်နေတယ်လို့ဆိုရမှာပဲ ဖြစ်ပါတယ်။.

ZAWGYI: မန်ယူနိုက်တက်တို့ဟာ အပြောင်းအရွှေ့ စျေးကွက်အစပိုင်းမှာ တုန့်ဆိုင်းလွန်းတဲ့ စျေးကွက် လှုပ်ရှားမှုတွေ ကြောင့် အသင်းပရိသတ်တွေက တော်တော်လေးကို အားမလိုအားမရ ဖြစ်ခဲ့ရပြီး အသင်းအပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဆိုးရွားလွန်းတဲ့ အခြေအနေများစွာကို ရင်ဆိုင် ဖြတ်သန်းခဲ့ရပြီးတဲ့နောက် မန်ယူနိုက်တက်တို့ဟာ ပြုပြင်ပြောင်းလဲမှုတွေ များစွာလုပ်ဖို့ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။

ယာယီနည်းပြရန်းနက်ခ် ထွက်ခွာခဲ့ပြီးတဲ့နောက် အသင်းရဲ့ နည်းပြသစ်အဖြစ် အေဂျက်နည်းပြ တန်ဟက်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပြီး တန်ဟတ်အနေနဲ့ မန်ယူနိုက်တက်ရဲ့ လက်ရှိ အခြေအနေတွေကို မြေလှန်ပြီး မန်ယူနိုက်တက် တခေတ်စတင်ဖို့ အစီအစဥ်တွေ များစွာ ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။ တန်ဟတ်ရဲ့ မန်ယူနိုက်တက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်မှာ သူ့ရဲ့ အဓိက ဆောင်ရွက်ရမယ့် တာဝန်က လက်ရှိ မန်ယူနိုက်တက်မှာ အသုံးမဝင် အံမဝင်တော့တဲ့ ကစားသမားတွေကို ရှင်းထုတ်ပစ်ပြီး လိုအပ်တဲ့နေရာအတွက် ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။

လက်ရှိ မန်ယူနိုက်မှာ မာတာ၊ မာတစ်၊ ပေါ့ဘာနဲ့ လင်ဂတ်တို့လို ကွင်းလယ်ကစားသမားတွေ အသင်းကနေ ထွက်ခွာ သွားခဲ့ ပြီး ဖြစ်တာကြောင့် မန်ယူနိုက်တက်တို့ အနေနဲ့ ကွင်းလယ်ပိုင်းကို ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ဖို့ အဓိက ကြိုးစားလာနေခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဘာစီလိုနာက ကွင်းလယ်လူ ဒီဂျောင်ဟာ မန်ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်အဖြစ်ရှိနေတာပါ။ နောက်ဆုံး သတင်းတွေအရ မန်ယူနိုက်တက်တို့ဟာ ဒီဂျောင်ကိုခေါ်ယူဖို့ ဘာစီလိုနာနဲ့ စုစုပေါင်းပြောင်းရွှေ့ကြေး ယူရို ၈၅ သန်းနဲ့ သဘောတူညီမှု ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ကနဦး ပြောင်းရွှေ့ကြေးအဖြစ် မန်ယူနိုက်တက်တို့ဟာ ဘာစီလိုနာထံ ယူရို ၆၅ သန်း ပေးချေရမှာ ဖြစ်ပြီး အပိုဆုကြေး အနေနဲ့ ယူရိုသန်း ၂၀ ပေးချေသွားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာနဲ့ အပိုဆုကြေး ယူသန်း၂၀ ကို ဘယ်လိုမျိုး ပေးချေမလဲဆိုတာကို ညှိနှိုင်းဆွေးနွေးလျက်ရှိနေပြီး မကြာခင် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။ ကွင်းလယ်နေရာအတွက် ဒီဂျောင်ကိုခေါ်ယူနိုင်ခဲ့ရင် မန်ယူနိုက်တက်အတွက် တော်တော်လေးအဆင်ပြေမဲ့ အခြေအနေကို ရောက်လာဖွယ် ရှိနေပါတယ်။ ကွင်းလယ်ပြီးတဲ့နောက် မန်ယူနိုက်တက်တို့ဟာ နောက်တန်းနေရာအတွက် အားဖြည့်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒီဂျောင်ကို ခေါ်ယူမှု အပြီးသတ်မခင်မှာပဲ မန်ယူနိုက်တက်တို့ဟာ ဖီရင်နုအသင်းရဲ့ နောက်ခံလူ မာလာစီယာကို ခေါ်ယူဖို့ မန်ယူနိုက်တက်တို့ သဘောတူညီမှု ရရှိထားခဲ့ပြီး ဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ နာမည်ကြီး သတင်းထောက် ဖေဘရီဇီယို ရိုမန်နိုရဲ့ အဆိုအရ မန်ယူနိုက်တက်တို့ဟာ လာမာစီယာအတွက် ပြောင်းရွှေ့ကြေးကို ယူရို ၁၇ သန်းနဲ့ သဘောတူညီမှု ရရှိထားခဲ့တာညဖြစ်တယ်လို့ သိရပါတယ်။ ကနဦး ယူရို ၁၅ သန်းပေးချေရမှာ ဖြစ်ပြီး အပိုဆုကြေးက ယူရို ၂ သန်းပဲ ဖြစ်ပါတယ်။

နွေ စျေးကွက်အတွင်း ကစားသမား၅ ဦးလောက်အထိ ခေါ်ယူဖို့ အလိုရှိနေတဲ့ တန်ဟတ်အတွက် ဒီဂျောင်နဲ့ လာမာစီယာတို့ကို ဆခါ်ယူနိုင်ဖို့ ပြီးသလောက် ဖြစ်သွားတဲ့ အခြေအနေမှာ အေဂျက်က နောက်ခံလူ လီဆန်ဒရို မာတီနက်ကိုလည်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ မာတီနက်အတွက် အေဂျက်ဘက် ပေါင် ၆၅ သန်းလောက်အလိုရှိထားပေမဲ့ မန်ယူနိုက်တက်ဘက်က ပေါင်သန်း ၄၀ လောက်နဲ့ သဘောတူညီမှုရဖို့ ယုံကြည်လျက် ရှိနေတယ်လို့ သိရပါတယ်။ မာတီနက်ကို ခေါ်ယူနိုင်ခဲ့ ပြီးရင်တော့ မန်ယူနိုက်တက်ရဲ့ ပစ်မှတ်က အေဂျက်ကပဲ တိုက်စစ်ကစားသမား အန်တိုနီ ဖြစ်နေပါတယ်။

အန်တိုနီပြီးရင် ဘရက်ဖို့က အဲရစ်ဆန်ကိုပါ ခေါ်ယူဖို့ ကြိုးစားဖို့ ရှိနေတာဖြစ်ပါတယ်။ ဆိုတော့ မနိယူနိုက်တက်ရဲ့ ဒီရာသီ အပြောင်းအရွှေ့လှုပ်ရှားမှုတွေက လက်ရှိ အနေအထားအရ တော်တော်လေး အားရစရာ ကောင်းနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တကယ်လို့ မာတီနက်၊ အန်တိုနီနဲ့ အဲရစ်ဆန်တို့ကိုပါ ထပ်ပြီး ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ လာမယ့်ရာသီအတွက် မန်ယူနိုက်တက်ကစားသမား အင်အားက တော်တော်လေး တောင့်တင်းလာမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ တန်ဟတ်အနေနဲ့ အသင်းကို တည်ဆောက်ဖို့အတွက် ရွေးချယ်ခွင့်တွေ များလာမယ့် အခြေအနေတစ်ခုကို ရသွားစေမှာ ဖြစ်ပါတယ်။ ဆိုတော့ မန်ယူနိုက်တက်တို့ရဲ့ အပြောင်းအရွှေ့ ခြေလှမ်းတွေဟာ နှေးမလိုနဲ့ သွက်နေတယ်လို့ဆိုရမှာပဲ ဖြစ်ပါတယ်။