မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ လက်စတာကွင်းလယ်လူ ယူရီတိုင်လေမန်းကို ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီအပြောင်းအရွှေ့ကာလမှာ ကစားသမားတစ်ယောက်မှ မခေါ်ယူနိုင်သေးပေမယ့် ဒီဂျောင်နဲ့ မာလာစီယာတို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။

နည်းပြတန်ဟတ်အနေနဲ့ ဒီနွေရာသီမှာ ကွင်းလယ်ပိုင်းကို အဓိကထားပြင်ဆင်ဖို့ ကြိုးစားနေပြီး တိုင်လေမန်းကလည်း ဒီစာရင်းထဲမှာ ပါဝင်လျက်ရှိပါတယ်။ ၂၅ နှစ်အရွယ်ကစားသမားဟာ လက်စတာနဲ့ချုပ်ဆိုထားတဲ့ စာချုပ်အရ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး မြောက်လန်ဒန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ကလည်း ချိတ်ဆက်လျက်ရှိပါတယ်။

ဒါပေမယ့် တော့တင်ဟမ်ကတော့ ဒီလအစောပိုင်းကပဲ ဘရိုက်တန်ကွင်းလယ်လူ ယိဗ်ဘီဆူးမားကိုခေါ်ယူခဲ့ပြီး အခုချိန်မှာတော့ အခြားနေရာတွေကို လူဖြည့်ဖို့စီစဉ်နေတာကြောင့် ယူနိုက်တက်အတွက် လမ်းပွင့်သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီဂျောင်ကိုလည်းခေါ်ယူနိုင်တော့မှာဖြစ်ပေမယ့် ခံစစ်အားသန် ကွင်းလယ်လူတစ်ဦးကိုလည်း ခေါ်ယူဖို့ စီစဉ်လျက်ရှိပါတယ်။

တိုင်လေမန်းကတော့ ၂၀၁၉ ဇန်နဝါရီမှာ မိုနာကိုကနေ အငှားနဲ့ ရောက်ရှိလာခဲ့ပြီးနောက် လက်စတာမှာ ၃ နှစ်ခွဲခန့် ကစားခဲ့ပြီးပြီ ဖြစ်ပါတယ်။ နည်းပြဘရန်ဒန်ရော်ဂျာရဲ့အသင်းမှာ ပွဲပေါင်း ၁၅၇ ပွဲကစားခဲ့ပြီး ၂၀၂၁ FA ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် အနိုင်ဂိုးသွင်းကာ အသင်းကိုလည်း ဦးဆောင် ကစားခဲ့ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းမှာလည်း ၅၂ ပွဲကစားထားပြီး ဒီနှစ်ကမ္ဘာ့ဖလားအတွက် အဓိက ကစားသမား တစ်ယောက်ဖြစ်လာဖို့ ရှိနေပါတယ်။

တစ်ဖက်မှာလည်း မန်ချက်စတာယူနိုက်တက်ဟာ ဖီယင်နုခံစစ်မှူး တိုင်ရယ်မာလာစီယာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက်မှာ လီဆန်ဒရိုမာတီနက်ဇ်ဘက်ကို အာရုံစိုက်လာခဲ့ပါတယ်။ နည်းပြအဲရစ်တန်ဟတ်အနေနဲ့ ယူနိုက်တက်နည်းပြဘ၀ ပထမဆုံးကစားသမား ခေါ်ယူမှုဖြစ်လာဖွယ်ရှိတဲ့ မာလာစီယာကို ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်း+ အပိုဆုကြေး ပေါင် ၁.၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဖင်ယင်နုအားကစားဒါရိုက်တာ ဖရန့်အာနီဆန်က

“(ယူနိုက်တက်နဲ့) သဘောတူညီမှု ရပြီးသွားပါပြီ။ တိုင်ရယ်ကိုပဲ စောင့်ရမှာပါ၊ သူသာ yes လို့ပြောရင် မန်ချက်စတာယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ဖြစ်ပါပြီ”လို့ ပြောခဲ့ပါတယ်။ ဘယ်နောက်ခံလူကို လိုင်ယွန်ကလည်း ကမ်းလှမ်းခဲ့ပေမယ့် မာလာစီယာကိုယ်တိုင်က ယူနိုက်တက်ကိုပဲ ရွေးချယ်လိုက်ပြီဖြစ်ကြောင်း လီဂူးဝမ်းကလပ်ကို အသိပေးခဲ့တယ်လို့လို့ L’Equipe က ဖော်ပြသွားခဲ့ပါတယ်။ နောက်ထပ်အပြောင်းအရွှေ့အဖြစ်နဲ့တော့ ယူနိုက်တက်ဟာ အေဂျက်ခံစစ်မှူးမာတီနက်ဇ်ဘက်ကို မြားဦးလှည့်လာတယ်လို့ သိရပါတယ်။

အာဆင်နယ်ကတော့ အာဂျင်တီးနားလက်ရွေးစင်ကို ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းထားပြီဖြစ်ပေမယ့် နယ်သာလန်ကလပ်ဘက်ကတော့ ပေါင် ၄၅ သန်းဝန်းကျင်လိုချင်နေပါတယ်။ ယူနိုက်တက်က မာတီနက်ဇ်ရဲ့ အခြေအနေကို အမြဲတမ်းအသိပေးဖို့ အကြောင်းကြားထားပြီး နည်းပြတန်ဟတ်ကိုယ်တိုင်က တပည့်ဟောင်းကို ယူနိုက်တက်မှာ မြင်တွေ့လိုနေတာ ဖြစ်ပါတယ်။

မာတီနက်ဇ်ရဲ့ တွဲဖက်ခံစစ်မှူး ဂျူရီယန်တင်ဘာကလည်း ယူနိုက်တက်ရဲ့ပစ်မှတ်စာရင်းထဲမှာ ရှိနေပေမယ့် ၂၁ နှစ်အရွယ် ခံစစ်မှူးဟာ လာမယ့်ဆောင်းရာသီမှာ ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်လက်ရွေးစင် အသင်းမှာ အရွေးခံရဖို့အတွက် အေဂျက်စ်မှာ အနည်းဆုံးနောက်ထပ် တစ်နှစ်လောက်ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ဆက်လက် ဆွေးနွေးနေဆဲဖြစ်ပြီး ဒီတစ်ပတ်ထဲမှာတင် အပြီးသတ်ဖွယ် ရှိပါတယ်။ ပရီးမီးယားလိဂ်ကလပ်ဟာ ပေါင် ၅၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး အပိုဆုကြေးတွေနဲ့ပါဆိုရင် ပြောင်းရွှေ့ကြေးက ပေါင် ၇၄ သန်းလောက်ထိ ဖြစ်သွားနိုင်ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ လက်စတာကွင်းလယ်လူ ယူရီတိုင်လေမန်းကို ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီအပြောင်းအရွှေ့ကာလမှာ ကစားသမားတစ်ယောက်မှ မခေါ်ယူနိုင်သေးပေမယ့် ဒီဂျောင်နဲ့ မာလာစီယာတို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။