ဘာစီလိုနာ ဥက္ကဌ ဂျိုအန်လာပေါ်တာက ချဲလ်ဆီး အသင်းထံ ဖရန်ကီဒီဂျောင်ကို ခေါ်ချင်ရင်ခေါ်လို့ရကြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။ CBS Sports ရဲ့အဆိုအရ ချဲလ်ဆီးကလည်း ဒီဂျောင်ကခေါ်ယူလို့ရမယ့် ကစားသမား တစ်ဦးဆိုတာကို သိရှိထားပါတယ်။ ဘာကာဥက္ကဌရဲ့ ရည်ရွယ်ချက်ကတော့ လန်ဒန်ကလပ်သာ အပြိုင် ကမ်းလှမ်း လာမယ်ဆိုရင် ယူနိုက်တက်ကလည်း အေဂျက်စ် ကြယ်ပွင့်ဟောင်းကို ဈေးပိုပေးလာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ချဲလ်ဆီကလည်း ဒီဂျောင်ကို စိတ်ဝင်စားနေတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် ကွင်းလယ် ကစားသမား လိုအပ်ချက် ပိုများနေတဲ့ မန်ချက်စတာယူနိုက်တက်ကတော့ ဒီဂျောင်ကို အလေးအနက် ထားခေါ်ယူဖို့ လုပ်နေပါတယ်။ ဒါပေမယ့် ယူနိုက်တက်အတွက် ပြဿနာကတော့ ၂၅ နှစ်အရွယ်ကစားသမားဟာ ဘာစီလိုနာကနေ ထွက်ခွာလိုခြင်းမရှိသလို၊ တကယ်လို့ ထွက်ရမယ်ဆိုရင်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ ချဲလ်ဆီးကိုပဲသွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ယူနိုက်တက်ဟာ ဒီဂျောင်အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၅ သန်းနဲ့ သဘောတူ ထားပြီး ဖြစ်ပေမယ့် ယူနိုက်တက်က ကစားသမားနဲ့တော့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု မရသေးပါဘူး။ ဒီသတင်းသာ မှန်ကန်ခဲ့ရင်တော့ ယူနိုက်တက်အတွက် စိတ်ပျက်စရာပါပဲ။ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပေမယ့် အခုလို အပြိုင် ကမ်းလှမ်းမှု ထပ်လုပ်ရမယ်ဆိုရင်တော့ ယူနိုက်တက်မှာ အကြီးမားဆုံး အားနည်းချက်အဖြစ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မရှိပါဘူး။ တစ်ဖက်က ချဲလ်ဆီးကတော့ ချန်ပီယံလိဂ် ကစားရဖို့ ရှိနေတာကတော့ နှစ်သင်းကြားက အဓိက ကွာခြားချက်တစ်ခု ဖြစ်နေပါတယ်။

တစ်ဖက်မှာလည်း မန်ချက်စတာယူနိုက်တက်ကတော့ နောက်ထပ် အေဂျက်စ် ကစားသမား တစ်ဦးဖြစ်တဲ့ ဘရာဇီး တောင်ပံ ကစားသမား အန်တိုနီအတွက် လှုပ်ရှားမှုတွေ စတင်နေပုံရပါတယ်။ The Times သတင်းအရ ဘရာဇီးသားရဲ့ ကိုယ်စားလှယ်တွေထဲက တစ်ယောက်ဟာ ဒီတစ်ပတ်ထဲမှာပဲ အင်္ဂလန်ကို ရောက်ရှိလာခဲ့တယ်လို့ သိရပြီး ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

သတင်းတွေက “ အေဂျက်စ်တောင့် ကစားသမား အန်တိုနီရဲ့ ကိုယ်စားလှယ်တွေထဲက တစ်ယောက်ဟာ ဒီတစ်ပတ်ထဲမှာပဲ မန်ချက်စတာကို ရောက်ရှိလာပါတယ် ” လို့ ဖော်ပြခဲ့ပါတယ်။ DailyMail ကလည်း “ အန်တိုနီရဲ့ ကိုယ်စားလှယ် တစ်ယောက်ဖြစ်တဲ့ ဂျူနီယာပီဒရိုဆိုက ကြာသပတေးနေ့ကပဲ မန်ချက်စတာမှာ ဆွေးနွေးမှုလုပ်ဖို့ ရောက်ရှိနေ ” ဆိုပြီး ဖော်ပြသွားပါတယ်။ အေဂျက်စ်ဟာ ဒီနွေရာသီမှာ အဓိက ကစားသမား အားလုံး နီးပါး ဆုံးရှုံးခဲ့တာကြောင့် နောက်ထပ် အဓိက ကစားသမား တစ်ယောက်မှ ထွက်ခွင့် မပေးတော့ဘူးဆိုပြီး သတင်းတွေထွက်နေပေမယ့် မန်ချက်စတာယူနိုက်တက်ကသာ ကမ်းလှမ်း လာရင်တော့ လက်မခံပဲနေမှာ မဟုတ်ဘူးလို့လည်း သတင်းတွေက ပြောပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ အေဂျက်စ်ဟာ အန်တိုနီရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၃၈ သန်းထိ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။ နယ်သာလန် ကလပ်ဟာ အန်တိုနီနဲ့ ကစားပုံရော၊ ကစားတဲ့နေရာပါတဲ့ ကစားသမားဖြစ်တဲ့ ဖရန်စစ္စကိုကွန်ဆီကာအိုကို ပေါ်တိုကနေ ခေါ်ယူထားပြီး အသင်းဘက်ကကို အန်တိုနီရဲ့ နေရာကို အကောင်းဆုံး ဆက်ခံနိုင်မယ့်သူလို့ ထင်ကြေး ပေးခဲ့ပါတယ်။ အေဂျက်စ် နည်းစနစ် မန်နေဂျာ ဂယ်ရီဟမ်စထရာကလည်း “ ကွန်ဆီကာအိုက နောက်ထပ် ကြယ်တစ်ပွင့်ပါ၊ အန်တိုနီလိုမျိုးပဲ ရွေးချယ်ချင်စရာ ကစားသမားဖြစ်ပါတယ်။

ဒီထက်ပိုပြီး ဘယ် ကစားသမားမှ ထွက်ဖို့မရှိပါဘူး။ လက်ရှိအချိန်ထိ ကျွန်တော်သိလာတာကတော့ စကားဆိုတာ အကုန်ပြောလို့တော့ မရဘူး ” လို့ ပြောခဲ့ပါတယ်။ အဲရစ်တန်ဟတ်ဟာ အန်တိုနီကို အေဂျက်စ်မှာတုန်းက ခေါ်ခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်က နည်းပြသာ ကမ်းလှမ်းရင် အိုးလ်ထရက်ဖို့ဒ်မှာ လာရောက်ပူးပေါင်းမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ အေဂျက်စ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို မကြာသေးမီကမှ ခေါ်ယူခဲ့ပြီး တန်ဟတ်ကိုယ်တိုင်က နောက်ထပ်တိုက်စစ်ကစားသမား တစ်ဦးလိုအပ်သေးကြောင်း ပြောထားပါတယ်။

ZAWGYI: ဘာစီလိုနာ ဥက္ကဌ ဂျိုအန်လာပေါ်တာက ချဲလ်ဆီး အသင်းထံ ဖရန်ကီဒီဂျောင်ကို ခေါ်ချင်ရင်ခေါ်လို့ရကြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။ CBS Sports ရဲ့အဆိုအရ ချဲလ်ဆီးကလည်း ဒီဂျောင်ကခေါ်ယူလို့ရမယ့် ကစားသမား တစ်ဦးဆိုတာကို သိရှိထားပါတယ်။ ဘာကာဥက္ကဌရဲ့ ရည်ရွယ်ချက်ကတော့ လန်ဒန်ကလပ်သာ အပြိုင် ကမ်းလှမ်း လာမယ်ဆိုရင် ယူနိုက်တက်ကလည်း အေဂျက်စ် ကြယ်ပွင့်ဟောင်းကို ဈေးပိုပေးလာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။