မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ ဒီနွေရာသီမှာ စကော့မက်တွန်မီနေးအတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ စကော့တလန်သား ကွင်းလယ်လူဟာ လက်ရှိအပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ကို အဓိကပြင်ဆင်ဖို့ ကြိုးစားနေတဲ့ နည်းပြတန်ဟတ်ရဲ့ လက်အောက်မှာ ကစားခွင့်ရဖို့ မသေမချာဖြစ်နေပါတယ်။

ယူနိုက်တက်ဟာ ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ၂၅ နှစ်အရွယ် ကွင်းလယ်လူအနေနဲ့ နေရာရဖို့ ပိုခက်သွားပါတယ်။ The Times သတင်းအရ နယူးကာဆယ်ဟာ တွန်မီနေးကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့သတင်းတွေကလည်း နည်းပြတန်ဟတ်ဟာ မက်တွန်မီနေးကို အဓိကကစားသမား တစ်ယောက်အဖြစ် ရှုမြင်ထားပြီး ဘယ်ကမ်းလှမ်းမှုကိုမှ လက်မခံချင်ဘူးဆိုပြီးတော့လည်း ဖော်ပြကြပါတယ်။

တစ်ဖက်မှာတော့ ဒေါ့မွန်ဟာ အိုးလ်ထရက်ဖို့ဒ်ကိုရောက်ဖို့ နီးစပ်ခဲ့ဖူးတဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဂန်အတွက် ပြောင်းရွှေ့ကြေးတစ်ခု သတ်မှတ်ခဲ့ပေမယ့် လက်ရှိအပြောင်းအရွှေ့မှာတော့ ထွက်ခွာခွင့်ပေးဦးမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ယူနိုက်တက်အနေနဲ့ လာမယ့်အပြောင်းအရွှေ့တွေမှာတော့ ဘယ်လင်ဂန်လုပွဲထဲမှာ ပါဝင်လာဖို့ရှိနေတယ်လို့ ဂျာမနီသတင်းတွေက ဖော်ပြကြပါတယ်။ ဘယ်လင်ဂန်ဟာ ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ၃ နှစ်တောင် ကျန်သေးတာကြောင့် ပြောင်းရွှေ့ကြေးက ယူရိုသန်း ၁၂၀ ဝန်းကျင်လောက်ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် နွေရာသီ အားလပ်ရက်အပန်းဖြေနေတဲ့အချိန်မှာ ယူနိုက်တက်စတား လင်ဒီလော့ဖ်ကတော့ သူ့ရဲ့တက်တူးအသစ်ကို ပြသခဲ့တာဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံသားဟာ ကွင်းအတွင်း ယူနိုက်တက်ရဲ့ဂျာစီကို ဝတ်ဆင်ကစားစဉ်မှာ သူ့ရဲ့လက်မောင်းရှိ တက်တူးများကို ပြသခဲ့သူဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့တက်တူး Collection မှာ နောက်ထပ် အသစ်ကို ထပ်မံထိုးလိုက်တာဖြစ်ပါတယ်။

လင်ဒီလော့ဖ်ရဲ့ နောက်ကျောရှိတက်တူးက ရောမခေတ်က ရုပ်တုပုံစံများကို ရေးထိုးထားတာဖြစ်ပါတယ်။ ဘယ်ဘက်ပုခုံးမှာ အာရှ၊ အာဖရိကနှင့် သမုဒ္ဓရာပုံများကို ရေးဆွဲထားပါတယ်။ ညာဘက်ပုခုံးမှာတော့ မြောက်နှင့် တောင် ပစိဖိတ်ပင်လယ်နှင့် မြောက်နှင့် တောင် အမေရိကတိုက်ပုံစံများကို ရေးထိုးထားတာပါ။ လင်ဒီလော့ဖ်ဟာ နောက်ထပ် ဆာဂျီယိုရာမို့စ်ဖြစ်ပြီး စပိန်သားကတော့ ခေါင်းကနေ ခြေထောက်အထိ တက်တူးများ ထိုးထားသူဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “ရာမို့စ်ကတော့ လုပ်နေပြီ” လို့ရေးထားပါတယ်။ နောက်တစ်ဦးကလည်း “ဝိုး … အရမ်းကိုလှပတဲ့ ပုံစံပါပဲ။ နောက်ပိုင်းဘာတွေဖြစ်မလဲဆိုတာ ကြည့်ရအုံးမှာပါ” လို့ရေးသားထားပါတယ်။ မြင်ဖူးသမျှတက်တူးထဲမှ အလှပဆုံးဖြစ်ပါတယ်လို့ အခြားတစ်ဦးကလည်း ပြောထားပါတယ်။ သူ့ရဲ့နာမည်ပြောင်ကို ရည်ညွှန်းကာ ယူနိုက်တက် ပရိသတ်တစ်ဦးက ” အရမ်းကိုမိုက်တယ်ဗျာ၊ Iceman လိုပဲ” လို့ ပြောပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ ဒီနွေရာသီမှာ စကော့မက်တွန်မီနေးအတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ စကော့တလန်သား ကွင်းလယ်လူဟာ လက်ရှိအပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ကို အဓိကပြင်ဆင်ဖို့ ကြိုးစားနေတဲ့ နည်းပြတန်ဟတ်ရဲ့ လက်အောက်မှာ ကစားခွင့်ရဖို့ မသေမချာဖြစ်နေပါတယ်။