မန်ချက်စတာယူနိုက်တက်ဟာ ဖရန်ကီဒီဂျောင်ရဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရင် အသင့်ဖြစ်နေဖို့အတွက် အရန်ပစ်မှတ်တွေကိုလည်း ကြိုတင်ဆွေးနွေးထားတယ်လို့လည်း သိရပါတယ်။ နည်းပြသစ်အဲရစ်တန်ဟတ်ဟာ အေဂျက်စ်ကြယ်ပွင့်ဟောင်း ဒီဂျောင်ကို ဒီနွေရာသီရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။

ဒါပေမယ့် ဘာစီလိုနာဘက်က လွန်ခဲ့တဲ့ ၃ နှစ်ကျော်က အေဂျက်စ်ကိုပေးခဲ့ရတဲ့ ဒီဂျောင်ရဲ့ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ ရဲ့ အောက်ကိုတော့ လက်ခံစဉ်းစားမှာ မဟုတ်ပါဘူး။ ယူနိုက်တက်ကလည်း ၂၅ နှစ်အရွယ် ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အဲ့လောက်ထိပေးဖို့ မပြင်ဆင်ထားပဲ ပေါင်သန်း ၆၀ ဝန်းကျင်သာ ပေးချေလိုတာကြောင့် အချိန်မရွေး အပြောင်းအရွှေ့ ပျက်ပြယ်သွားနိုင်တဲ့ အနေအထားလည်း ရှိနေပါတယ်။

မန်ချက်စတာညနေခင်းသတင်းရဲ့အဆိုအရ ယူနိုက်တက်ဟာ ဒီဂျောင်အတွက် ပြောင်းရွှေ့ကြေးအများအပြား မပေးဖို့ စီစဉ်ထားပြီး ဘာကာဘက်ကလည်း ဒီဂျောင်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၈၅ သန်းထိတောင် တောင်းဆိုခဲ့တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ယူနိုက်တက်အားကစားဒါရိုက်တာ ဂျွန်မားတော့ဂျ်ကတော့ ဘာစီလိုနာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေဲဖြစ်ပေမယ့် သဘောတူညီမှု မရသေးပဲ ယူနိုက်တက်ဘက်က စပိန်ကလပ်ကို ဈေးဆစ်လျက်ရှိပါတယ်။

ဒါပေမယ့် တန်ဟတ်ရဲ့အလိုရှိစာရင်းမှာ ကွင်းလယ်အင်အားဖြည့်တင်းဖို့က အဓိကဖြစ်တာကြောင့် ဒီဂျောင်ရဲ့အပြောင်းအရွှေ့ ပျက်ခဲ့ရင် အခြားပစ်မှတ်တွေကို ပြောင်းဖို့အသင့်ပြင်နေပါတယ်။ အရန်ပစ်မှတ်တွေအတွက်ကိုလည်း လမ်းဖွင့်ထားပြီး နည်းပြတန်ဟတ်က အသင်းရဲ့ကိုယ်စားလှယ်တွေကို ပလန်ဘီပြင်ဆင်ထားဖို့ ပြောထားပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အခြားကွင်းလယ်ပစ်မှတ်တွေကလည်း ဒီဂျောင်ထက်တောင် ခေါ်ရပိုခက်နိုင်ပါတယ်။

ဘာစီလိုနာက ဒီဂျောင်ရဲ့ပြောင်းရွှေ့ကြေးကို တင်းခံနေသလို၊ လိဒ်စ်ယူနိုက်တက်က ကယ်ဗင်ဖီးလစ်ကလည်း အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းဖို့ဆန္ဒမရှိပါဘူး။ ဝက်စ်ဟမ်းအသင်းကလည်း သူတို့ရဲ့အဓိကကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ပရီးမီးယားလိဂ်စံချိန်တင် ပြောင်းရွှေ့ကြေးရမှသာ လက်လွှတ်ဖို့များပါတယ်။ ယူနိုက်တက်ဟာ အေဂျက်စ်စတား ရိုင်ယန်ဂရာဗန်ဘက်ကိုလည်း စိတ်ဝင်စားခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်က လက်ဦးမှုရယူကာ ခေါ်ယူသွားခဲ့ပါတယ်။

နယ်သာလန်နည်းပြကြီး အနေနဲ့တော့ ကွင်းလယ်ကစားသမား ၂ ယောက်လောက်ထိ ခေါ်ယူဖို့ရှိပြီး ဖန်တီးမှုကောင်းပြီး တိုက်စစ်အားသန်ကွင်းလယ်လူနဲ့ ခံစစ်အားသန်ပြီး ဘောလုံးယှဉ်လုမှု အားကောင်းတဲ့ ကွင်းလယ်လူ တစ်ယောက်တို့ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ကွင်းလယ်ပိုင်းကို အားဖြည့်ပြီးရင်တော့ နည်းပြတန်ဟတ်ရဲ့ ပစ်မှတ်ထဲမှာ အထောင်တိုက်စစ်မှူးတစ်ဦး၊ ညာတောင်ပံ၊ ညာနောက်ခံအစွန်နဲ့ ဗဟိုခံစစ်မှူးတစ်ဦးတို့စီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်ဟာ ဖရန်ကီဒီဂျောင်ရဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရင် အသင့်ဖြစ်နေဖို့အတွက် အရန်ပစ်မှတ်တွေကိုလည်း ကြိုတင်ဆွေးနွေးထားတယ်လို့လည်း သိရပါတယ်။ နည်းပြသစ်အဲရစ်တန်ဟတ်ဟာ အေဂျက်စ်ကြယ်ပွင့်ဟောင်း ဒီဂျောင်ကို ဒီနွေရာသီရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။