ယူဗင်တပ်စ်အသင်းအနေနဲ့ ဒဏ်ရာရသွားခဲ့တဲ့ ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဂ်ဘာရဲ့နေရာကို အစားထိုးဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ လာဇီယိုကွင်းလယ်လူ ဆာ့ဂျ် မီလင်ကိုဗစ်ချ်-ဆားဗစ်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အီတာလျံသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ လာဇီယိုအသင်းကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့လည်း ဆယ်စုနှစ်တစ်စုနီးပါး ချိတ်ဆက်မှုရှိခဲ့တဲ့ ဆားဘီးယားသားအတွက် ပေါင်သန်း ၅၀ ဝန်းကျင်အလိုရှိနေပြီး ယူနိုက်တက်ကလည်း ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီ ဒီယွန်းကို မခေါ်ယူနိုင်ခဲ့ရင် မီလင်ကိုဗစ်ချ်-ဆားဗစ်ချ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။

ပေါ့ဂ်ဘာအနေနဲ့ ပြီးခဲ့တဲ့တစ်ပတ်တုန်းက လေ့ကျင့်ရေးအစီအစဉ်တစ်ခုမှာ ဒူးခေါင်းဒဏ်ရာရရှိခဲ့ပေမယ့် ယူဗင်တပ်စ်အသင်းကတော့ အခုအချိန်အထိ ဒဏ်ရာအတိမ်အနက်ကို ထုတ်ပြန်ကြေညာထားခြင်းမရှိသေးတာလည်း ဖြစ်ပါတယ်။ မီလင်ကိုဗစ်ချ်-ဆားဗစ်ချ်ကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက လာဇီယိုအသင်းအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲအတွင်း သွင်းဂိုး ၁၁ ဂိုးသွင်းယူခဲ့သလို ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ့ဂ်ဘာရဲ့ ဒဏ်ရာပြဿနာကြောင့် ဆားဘီးယားသားကို ခေါ်ယူချင်တယ်ဆိုပေမယ့်လည်း ယူဗင်တပ်စ်အသင်းအနေနဲ့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ဒဏ်ရာပြဿနာက ပြန်လာနိုင်ရင် သူတို့ ၂ ဦးတွဲဖက်ကာ အသင်းရဲ့ ကွင်းလယ်ကို ထိန်းကျောင်းသွားနိုင်ဖို့အတွက် ဆန္ဒရှိနေတာဖြစ်ပါတယ်။ ယူဗင်တပ်စ်အသင်းရဲ့မန်နေဂျာ မက်ဆီမီလျာနို အယ်လီဂရီအနေနဲ့ စီးရီးအေပြိုင်ဘက်အသင်းတွေဖြစ်တဲ့ ရိုးမား၊ အင်တာမီလန်နဲ့ နာပိုလီအသင်းအနေနဲ့ နေရာအသီးသီးမှာ အသင်းထက် တန်ခိုးထွားလာမှာကို စိုးရိမ်နေပြီး Corriere dello Sport သတင်းဌာနရဲ့အဆိုအရ ဒါကြောင့် မီလင်ကိုဗစ်ချ်-ဆားဗစ်ချ်ကို ခေါ်ယူချင်နေတာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ကွင်းလယ်ကစားသမားအနေနဲ့ စီးရီးအေမှာသာ ဆက်လက်ကစားဖို့အတွက် စိတ်အားထက်သန်နေပြီး သူ့ရဲ့ညီဖြစ်သူ တိုရီနိုအသင်းမှာ ကစားနေတဲ့ ဗန်ယာ မီလင်ကိုဗစ်ချ်-ဆားဗစ်ချ်နဲ့ တစ်မြို့တည်းနေဖို့ကို ပိုပြီးဦးစားပေးလာနိုင်တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဒီယွန်းကို ခေါ်ယူဖို့အတွက် ကြိုးပမ်းမှုတွေက အဆုံးသတ်သွားခဲ့မယ်ဆိုရင် ခေါ်ယူဖို့အတွက် မီလင်ကိုဗစ်ချ်-ဆားဗစ်ချ်နဲ့ လာဇီယိုအသင်းတို့ရဲ့ အခြေအနေကို စုံစမ်းနေတာဖြစ်ပြီး ၂၀၁၃ ခုနှစ်လောက်ကတည်းက အဆိုပါဆားဘီးယားကွင်းလယ်လူကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အခုအချိန်အထိ ရောက်မလာခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI: ယူဗင်တပ်စ်အသင်းအနေနဲ့ ဒဏ်ရာရသွားခဲ့တဲ့ ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဂ်ဘာရဲ့နေရာကို အစားထိုးဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ လာဇီယိုကွင်းလယ်လူ ဆာ့ဂျ် မီလင်ကိုဗစ်ချ်-ဆားဗစ်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အီတာလျံသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ လာဇီယိုအသင်းကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့လည်း ဆယ်စုနှစ်တစ်စုနီးပါး ချိတ်ဆက်မှုရှိခဲ့တဲ့ ဆားဘီးယားသားအတွက် ပေါင်သန်း ၅၀ ဝန်းကျင်အလိုရှိနေပြီး ယူနိုက်တက်ကလည်း ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီ ဒီယွန်းကို မခေါ်ယူနိုင်ခဲ့ရင် မီလင်ကိုဗစ်ချ်-ဆားဗစ်ချ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။