အာဆင်နယ်အသင်းရဲ့ ခံစစ်မှူး ဘန်ဂျမင် ဝှိုက်အနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လာမယ့်နေးရှင်းလိဂ်ပွဲစဉ်တွေမှာ ပါဝင်နိုင်ခြင်းမရှိတော့ဘဲ ဒဏ်ရာပြဿနာကြောင့် အာဆင်နယ်အသင်းကို ပြန်သွားပြီဖြစ်ကြောင်း သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းဘက်ကနေ ဝှိုက်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ဘာဒဏ်ရာလဲဆိုတာကို ထုတ်ဖော်ပြောကြားထားခြင်းမရှိဘဲ ဝှိုက်အနေနဲ့ သူ့အသင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခံစစ်မှူးအနေနဲ့ ပရီးမီးယားလိဂ်ရာသီကုန်မှာ တံကောက်ကြောဒဏ်ရာကြောင့် ရုန်းကန်နေရပြီး ဒီပြဿနာကို ပိုဆိုးသွားမှာစိုးရိမ်တာကြောင့် စွန့်စားမှုတွေ ပြုလုပ်သွားမှာမဟုတ်ကြောင်းလည်း သိရပါတယ်။ အာဆင်နယ်အသင်းရဲ့ ခံစစ်မှူးအနေနဲ့ မနေ့ကမှ အသင်းနဲ့ ပူးပေါင်းခဲ့တာဖြစ်ပေမယ့် အသင်းရဲ့လူစာရင်းကနေ နှုတ်ထွက်သွားခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး သူ့ထွက်ခွါမှုကြောင့် အခြားကစားသမားတစ်ဦးဦးကို အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ရွေးချယ်သွားရတော့မှာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံထားရတဲ့ ကစားသမားတွေထဲ အပါအဝင်ဖြစ်ကြတဲ့ ရာဟီးမ် စတာလင်း၊ ကီရန် ထရစ်ပီယာ၊ ဂျိမ်းစ် ဝါ့ဒ်-ပရောက်စ်နဲ့ ထရန့်ထ် အလက်ဇန္ဒား-အာနိုးလ်ဒ်တို့အနေနဲ့ မနက်ဖြန်မှာ နိုင်ငံလက်ရွေးစင်အသင်းဖော်တွေနဲ့အတူ ပူးပေါင်းပါဝင်လာမှာလည်း ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းကြီးရဲ့ နည်းပြချုပ် ဂါရက်သ် ဆောက်ဂိတ်အနေနဲ့ ဝှိုက်အတွက် အစားထိုးစရာ ကစားသမားကို မခေါ်ယူရသေးဘဲ အသင်းအတွက် ရွေးချယ်ထားတဲ့ ကစားသမား ၂၆ ယောက်စလုံးရဲ့ အခြေအနေကို အရင်စောင့်ကြည့်နေသလို ခံစစ်မှူးနေရာအတွက် ခေါင်းခေါက်ရွေးချယ်လို့ရတဲ့အထိ များပြားနေတာပါ။

ခံစစ်မှူးနေရာအတွက် ဟာရီ မက်ဂွိုင်းယား၊ ဂျွန် စတုန်းစ်၊ မာ့ခ် ဂွယ်ဟီ၊ ကော်နာ ကိုအာဒီနဲ့ ဖီကာယို တိုမိုရီတို့အနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကြီးရဲ့ လာမယ့် ၄ ပွဲအတွက် လူရွေးချယ်မှုထဲမှာ ပါဝင်နေတာကြောင့်လည်း ဝှိုက်ရဲ့ ပြဿနာက ဆောက်ဂိတ်အတွက်တော့ ပြဿနာတစ်ရပ်ရယ်တော့ မဟုတ်နေတာဖြစ်ပါတယ်။ ကလပ်အသင်းတွေရဲ့ ဘောလုံးရာသီကုန်ဆုံးသွားတဲ့နောက်မှာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက်တော့ ပွဲဆက်တွေများနေပြီး နေးရှင်းလိဂ်ပွဲစဉ် ၄ ပွဲကို ကာလတိုအတွင်း ကစားရမှာဖြစ်ပါတယ်။

ဆောက်ဂိတ်ရဲ့အသင်းကတော့ လာမယ့်ဇွန်လ ၄ ရက်နဲ့ ၇ ရက်နေ့တို့မှာ ဟန်ဂေရီနဲ့ ဂျာမနီအသင်းတို့နဲ့ အဝေးကွင်းပွဲစဉ်အဖြစ် အသီးသီးရင်ဆိုင်ကစားရမှာဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၄ ရက်နေ့တို့မှာ အီတလီနဲ့ ဟန်ဂေရီအသင်းတို့ကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။ နေးရှင်းလိဂ်ရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကတော့ အင်္ဂလန်အသင်းအတွက် ခက်ခဲဦးမှာဖြစ်ပြီး နေးရှင်းလိဂ်အုပ်စုပွဲစဉ်တွေမှာ အထက်ပါ ၄ ပွဲကစားပြီးရင်တော့ လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့မှာ အီတလီအသင်းနဲ့ အဝေးကွင်းပွဲစဉ်နဲ့ ၂၇ ရက်နေ့မှာ ဂျာမနီအသင်းနဲ့ အိမ်ကွင်းပွဲစဉ်တွေက စောင့်ကြိုနေတာပါ။

ZAWGYI: အာဆင်နယ်အသင်းရဲ့ ခံစစ်မှူး ဘန်ဂျမင် ဝှိုက်အနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လာမယ့်နေးရှင်းလိဂ်ပွဲစဉ်တွေမှာ ပါဝင်နိုင်ခြင်းမရှိတော့ဘဲ ဒဏ်ရာပြဿနာကြောင့် အာဆင်နယ်အသင်းကို ပြန်သွားပြီဖြစ်ကြောင်း သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းဘက်ကနေ ဝှိုက်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ဘာဒဏ်ရာလဲဆိုတာကို ထုတ်ဖော်ပြောကြားထားခြင်းမရှိဘဲ ဝှိုက်အနေနဲ့ သူ့အသင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။