ရီရဲမက်ဒရစ်ကနေ ယခုလကုန်မှာအလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာတော့မဲ့ ဝေးလ်စတားဂရတ်သ်ဘေးလ်ဟာ သူ့ရဲ့မွေးရပ်မြေကလပ်ဖြစ်တဲ့ ကာဒစ်ဖ်စီးတီးတို့နဲ့အသံတွေကျယ်လောင်ခဲ့ပြီးတဲ့နောက် အခုတော့ နောက်ထပ်သွားမဲ့ကလပ်ကိုတရားဝင်အသိပေးလိုက်ပြီဖြစ်ပါတယ်။ ၃၂နှစ်သာရှိသေးတဲ့ဘေးလ်က သူ့အနေနဲ့ ငွေကြေးကိုကြည့်သွားမှာမဟုတ်ပဲ ကမ္ဘာ့ဖလားမှာကြံ့ခိုင်မှုပြည့်နေစေဖို့အတွက် ပုံမှန်ပွဲထွက်ကစားခွင့်ရမဲ့ကလပ်ကိုသာ ရွေးချယ်သွားမှာဖြစ်တယ်လို့ဆိုထားခဲ့တာကြောင့် ကာဒစ်ဖ်တို့က မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။

အခုတော့ ဘေးလ်က သူ့ရဲ့တရားဝင်လူမှုကွန်ယက်ပေါ်ကနေ “မကြာခင်တွေ့ကြမယ် လော့အိန်ဂျလိန်းရေ” လို့ရေးသားပြီး မေဂျာလိဂ်ကလပ်LAFCအမှတ်တံဆိပ်ပါ ဦးထုပ်နဲ့ ဂျာစီကိုဝတ်ဆင်ပြီး တရားဝင်အသိပေးကြေငြာလိုက်တာကြောင့် ဝေးလ်ကလပ်ပရိတ်သတ်တွေကြေကွဲခဲ့ကြရပါတယ်။ သယ်အက်သလန်တစ်ပါသတင်းအရ ဘေးလ်နဲ့ LAFCတို့ဟာ ကနဦးတရာသီသာစာချုပ်သွားမှာဖြစ်ပြီး နောက်ထပ်၁၈လအထိ အခြေအနေပေါ်လိုက်လို့သက်တမ်းတိုးသွားဖို့ကိုလဲ သဘောတူထားခဲ့ကြတယ်လို့ သိရပါတယ်။

ဘေးလ်ဟာ ခရစ်စတီယာနိုမရှိတော့တဲ့နောက် ရီရဲမက်ဒရစ်မှာ လုပ်ခလစာအများဆုံးကစားသမားဖြစ်ခဲ့ပြီး LAFCမှာလဲ လော့ဘလန်ကို့စ်တုန်းကလစာထက်မနည်းတဲ့ နှုန်းထားတခုကိုရရှိသွားဖို့ရှိနေပါတယ်။ LAFCတို့ဟာ မကြာသေးမီကတင် ဂျူဗင်တပ်နောက်ခံလူ ချီလီနီကိုခေါ်ယူထားပြီး သူတို့ရဲ့ရာသီသစ်အတွက် အင်အားဖြည့်တင်းထားပါတယ်။ ဒါ့အပြင် ဒီအသင်းမှာ အာဆင်နယ်တိုက်စစ်မှူးဟောင်း ကားလို့စ်ဗီလာလဲရှိနေပြီး သူက ကလပ်ရဲ့အဓိကဂိုးသွင်းသူအဖြစ်ရပ်တည်နေတာပါ။

ဘေးလ်ဟာ ဒီအပြောင်းအရွှေ့မတိုင်မီက သူ့ရဲ့အပြောင်းအရွှေ့ဟာ ကမ္ဘာ့ဖလားအတွက်ဆိုတဲ့ရည်ရွယ်ချက်သာရှိပြီး မည်သည့်ကလပ်ကိုမဆိုစဉ်းစားမှာဖြစ်တယ်လို့ အခုလိုပြောထားခဲ့တာဖြစ်ပါတယ်။ “ကမ္ဘာ့ဖလားက ကျနော့်အပြောင်းအရွှေ့ပေါ်မှာ လွှမ်းမိုးနေပါတယ်။ ကမ္ဘာ့ဖလားမှာကစားဖို့ဆိုတဲ့ အမြင်တခုပဲရှိနေကြမှာဖြစ်ပြီး ဒါကဘာလို့လဲဆိုတော့ ဘောလုံးလောကရဲ့အဓိကအကျဆုံးပြိုင်ပွဲကြီးတခုမို့လို့ပါပဲ။ ဒီမှာ ကစားသမားတိုင်းပါဝင်ကစားချင်ကြပြီး သူတို့ကိုသူတို့စမ်းသပ်ချင်နေကြပါတယ်။”

“ကျနော်လဲ ကမ္ဘာ့ဖလားမှာသွားကစားနိုင်ဖို့အတွက် ကျနော်တတ်နိုင်သမျှ ကြံံ့ခိုင်မှုရှိနေချင်ပါတယ်။ ကျနေ်ာသာပုံမှန်ဘောလုံးကစားနေရမယ်ဆိုရင် ကျနော့်ရဲ့ဘော်ဒီက ပိုပြီးတော့ဒူပေနာပေခံလာမှာဖြစ်ပြီး ပိုပြီးကြံ့ခိုင်ကောင်းမွန်လာမှာပါ။ ခင်ဗျားအနေနဲ့ အသင်းတသင်းမှာပါလိုက်မပါလိုက်ဖြစ်နေတာက အရမ်းကို ရင်ဆိုင်ရခက်ခဲတဲ့အနေအထားမျိုးပါပဲ။ ကျနော်ပွဲတွေကစားဖို့လိုနေပြီး ဒါဆိုရင် ကျနော်အဲ့ဒီကိုသွားဖို့အတွက် အဆင်သင့်ဖြစ်နေမှာပါ။”

“ကျနော်ပိုက်ဆံအတွက် ဘောလုံးကစားနေတာမဟုတ်ဖူးဆိုတာအထင်အရှားပါပဲ။ ကျနော်ရောက်နေမဲ့ကလပ်ကိုကူညီရင်းနဲ့ ကျနော်ဘောလုံးအမြဲတမ်းကစားချင်ပြီး ဒါမှလဲ ပြိုင်ပွဲအတွက် ကျနော်ကြံ့ခိုင်မှုရရှိမှာဖြစ်ပါတယ်။ ကျနော်သွားမဲ့ဘယ်ကလပ်မဆို ဒါက သူလဲအဆင်ပြေ ကိုယ်လဲအဆင်ပြေ ဝင်းဝင်း ဖြစ်လာမှာပါ ဘာလို့လဲဆိုတော့ ကျနော်က ကစားနေရမယ်။ ကောင်းကောင်းကစားနိုင်မယ်လို့မျှော်လင့်ပါတယ်။ ကျနော့်ကိုယ်ကျနော်လဲ ကမ္ဘာ့ဖလားကစားဖို့အတွက် အဆင်သင့်ဖြစ်လာစေမယ်လေ။”

“ကျနော်ဘယ်သူနဲ့မှမပြောထားရသေးပါဘူး။ ကျနော်ဒါကို အများကြီးလဲတွေးမထားရသေးဘူး ဘာလို့လဲဆိုတော့ ကျနော်တို့ခြေစစ်ပွဲအောင်ပြီးတာ လေးငါးခြောက်ရက်လောက်ပဲရှိသေးတာမို့လို့လေ။ ကျနော့်မှာ နွေရာသီအားလပ်ရက်ရှိသေးတယ်။ ကျနော့်မိန်းမ၊မိသားစု၊အေးဂျင့်တို့နဲ့စကားပြောဖို့အချိန်တွေအများကြီးရှိနေပါသေးတယ်။”

“ဒီလိုမျိုး စကားပြောဆိုဆွေးနွေးမှုတွေဟာ နိုင်ငံတကာပွဲကာလပြီးဆုံးသွားတာနဲ့ရှိလာမှာဖြစ်ပြီး ဘယ်ကိုကျနော်သွားချင်သလဲဆိုတာကို ဆုံးဖြတ်သွားမှာပါ။ ဒါက ၆လလား၊တနှစ်လား၊၂နှစ်လား ဘာစာချုပ်ဖြစ်မလဲဆိုတာအတွက် ကျနော့်မှာ အိုင်ဒီယာမရှိသေးဘူး။ ကျနော့် စားပွဲမှာထိုင်ပြီးတော့ ဘယ်အရာက ကျနော့်ကိုစိတ်လှုပ်ရှားမှုအပေးနိုင်ဆုံးလဲဆိုတာကို ကြည့်ပြီး ကျနော်ဘာလုပ်ချင်သလဲဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။” လို့ပြောကြားထားခဲ့ပါတယ်။

ZAWGYI: ရီရဲမက်ဒရစ်ကနေ ယခုလကုန်မှာအလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာတော့မဲ့ ဝေးလ်စတားဂရတ်သ်ဘေးလ်ဟာ သူ့ရဲ့မွေးရပ်မြေကလပ်ဖြစ်တဲ့ ကာဒစ်ဖ်စီးတီးတို့နဲ့အသံတွေကျယ်လောင်ခဲ့ပြီးတဲ့နောက် အခုတော့ နောက်ထပ်သွားမဲ့ကလပ်ကိုတရားဝင်အသိပေးလိုက်ပြီဖြစ်ပါတယ်။ ၃၂နှစ်သာရှိသေးတဲ့ဘေးလ်က သူ့အနေနဲ့ ငွေကြေးကိုကြည့်သွားမှာမဟုတ်ပဲ ကမ္ဘာ့ဖလားမှာကြံ့ခိုင်မှုပြည့်နေစေဖို့အတွက် ပုံမှန်ပွဲထွက်ကစားခွင့်ရမဲ့ကလပ်ကိုသာ ရွေးချယ်သွားမှာဖြစ်တယ်လို့ဆိုထားခဲ့တာကြောင့် ကာဒစ်ဖ်တို့က မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။