ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ အကြောင်းကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ ဒါပေမဲ့ ဂျော့မန်ဒက်စ်နဲ့ တွေ့ဆုံခဲ့ရာမှာ အပြောင်းအရွှေ့ ဈေးကွက် အကြောင်းတွေကိုသာ ပြောကြားခဲ့တာ ဖြစ်ပြီး စီရော်နယ်ဒိုကို ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး မည်သည့်အကြောင်းကိုမှ ဖွင့်ဟပြောဆိုခဲ့ခြင်း မရှိဘူးလို့ ပြောကြားသွားခဲ့ ပါတယ်။

စီရော်နယ်ဒို အနေနဲ့ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ အသင်းတာဝန်ရှိသူတွေထံ တောင်းဆိုထားခဲ့တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး၊ နာမည်ကြီး အသင်းများစွာနဲ့ ပါ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူနိုက်တက်ဘက်ကတော့ စီရော်နယ်ဒိုကို ရောင်းချဖို့ အလိုမရှိပဲ လာမယ့်(၂၀၂၃)ခုနှစ် ဇွန်လမှာ ကုန်ဆုံးမယ့် စာချုပ်သက်တမ်း ပြည့်တဲ့ အထိ မန်ယူနိုက်တက်မှာပဲ ဆက်ထိန်းထားဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ လက်ရှိ အချိန်အထိ ပြန်လည်စတင်နေပြီဖြစ်တဲ့ မန်ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်တွေကို မိသားစု ကိစ္စရပ်တွေ ရှိနေတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီနေ့ အချိန်အထိ လာရောက်ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ ပေါ်တူဂီနိုင်ငံမှာတော့ စီရော်နယ်ဒို အနေနဲ့ တစ်ဦးထဲ လေ့ကျင့်ခန်းတွေ ပြုလုပ်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဘာစီလိုနာ အနေနဲ့ ဈေးကွက်ထဲမှာ တိုက်စစ်ကစားသမား ရှာဖွေလျက် ရှိနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ မန်ယူနိုက်တက်ကနေ ထွက်ခွာချင်နေတဲ့ စီရော်နယ်ဒိုဟာ ဘာစီလိုနာနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး စီရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ လာပေါ်တာတို့ တွေ့ခဲ့ပြီးချိန်မှာတော့ သတင်းတွေက ပိုပြီးတော့ ကျယ်လောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လာပေါ်တာကတော့ စီရော်နယ်ဒိုနဲ့ ဘာစီလိုနာတို့ကြား ထွက်ပေါ်လျက် ရှိနေတဲ့ အပြောင်းအရွှေ့ သတင်းတွေအပေါ်မှာ အခုလိုပဲ ပြတ်ပြတ်သားသာ ငြင်းဆိုသွားခဲ့ပါတယ်။

လာပေါ်တာက ” ကျွန်တော့် တနင်္လာနေ့တုန်းက ဂျော့မန်ဒက်စ်နဲ့ ညစာ စားခဲ့ကြပါတယ်၊ ပြီးတော့ ကျွန်တော်တို့ အပြောင်းအရွှေ့ ဈေးကွက် အကြောင်း ပြောခဲ့ကြပါတယ်၊ ကျွန်တော်တို့ တွေ့ဆုံမှုမှာ ဘယ်ကစားသမား အကြောင်းကိုမှ မပြောခဲ့ကြပါဘူး၊ အချို့ ကစားသမားတွေရဲ့ နာမည်တွေက ဈေးကွက်ထဲမှာ ဘယ်လို ရှိနေတယ်ဆိုတာကို သိရဖို့တော့ အမြဲစိတ်ဝင်စားပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီက မန်ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၃၈) ပွဲ အထိ ပါဝင်ကစားပေးခဲ့ပြီးတော့ သွင်းဂိုးပေါင်း(၂၄)ဂိုး အထိ သွင်းယူကာ အသင်းရဲ့ ဂိုး သွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ အဆိုပါ သွင်းဂိုး (၂၄)ဂိုးမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၁၇)ဂိုး အထိ ရှိခဲ့ပြီး ဆာလာနဲ့ ဆွန်ဟောင်မင်တို့နောက် တတိယမြောက် ဂိုး သွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ဟာ ဈေးကွက်ထဲမှာ အလှုပ်ခတ်ဆုံး ဖြစ်နေပြီး ဘယ်အသင်းကို ရောက်ရှိ သွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလျက် ရှိနေတာပဲ ဖြစ်ပါတယ်။

ZAWGYI: ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ အကြောင်းကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ ဒါပေမဲ့ ဂျော့မန်ဒက်စ်နဲ့ တွေ့ဆုံခဲ့ရာမှာ အပြောင်းအရွှေ့ ဈေးကွက် အကြောင်းတွေကိုသာ ပြောကြားခဲ့တာ ဖြစ်ပြီး စီရော်နယ်ဒိုကို ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး မည်သည့်အကြောင်းကိုမှ ဖွင့်ဟပြောဆိုခဲ့ခြင်း မရှိဘူးလို့ ပြောကြားသွားခဲ့ ပါတယ်။