ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်ကစားသမား နေမာဟာ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ပီအက်စ်ဂျီနေ ထွက်ခွာဖွယ် ရှိနေတယ်ဆိုတဲ့ သတင်းတွေ လက်တလောရက်ပိုင်းအတွင်းမှာ ဆက်တိုက် ထွက်ပေါ်လာလျက်ရှိနေပါတယ်။ ပီအက်စ်ဂျီ အသင်းကိုယ်တိုင်က သူတို့ရဲ့ ကမ္ဘာ့စံချိန်တင် ဈေးအကြီးဆုံး ကစားသမား နေမာကို လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ဈေးချိုချိုနဲ့ အသင်းကနေ ထွက်ခွာခွင့် ပြုဖို့ စီစဉ်ထားလျက် ရှိနေတယ်လို့ ဆိုပါတယ်။

ဘယ်လို အခြေအနေတွေကြောင့် နေမာကို အသင်းကနေ ရောင်းထုတ်ဖို့ ပီအက်စ်ဂျီတို့ဘက်က စီစဉ်လျက် ရှိနေတာလဲဆိုတာကိုတော့ တိတိကျကျ သိရခြင်းမရှိသေးပါဘူး။ လက်ရှိမှာ နေမာနဲ့ သတင်းတွေ ထွက်နေတဲ့ ထိပ်တန်း ကလပ်တွေ အများအပြား ရှိနေပါတယ်။ ဒါပေမဲ့ နေမာကို ဈေးချိုချိုနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပေမဲ့ နေမာရဲ့ လုပ်ခလစာကိုတတ်နိုင်တဲ့ အသင်းကတော့ သတင်းထွက်လျက် ရှိနေတဲ့ အသင်းတွေလောက် များပြားခြင်း ရှိမနေပါဘူး။

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အောင်မြင်မှု မရတိုင်း ပီအက်စ်ဂျီ ပရိသတ်တွေဟာ အသင်းမှာ ဈေးကြီးကြီးနဲ့ ခေါ်ယူထားတဲ့ ကစားသမားတွေကို ပစ်မှတ်ထား လှောင်ပြောင်လေ့ ရှိနေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကဆိုရင် ချန်ပီယံလိဂ် (၁၆)သင်း အဆင့်က ထွက်ခွာခဲ့ရမှုကြောင့် နေမာနဲ့ မက်ဆီတို့ဟာ ပီအက်စ်ဂျီ အသင်းပရိသတ်တွေရဲ့ ပစ်မှတ်ထား လှောင်ပြောင်ခြင်းတွေကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့်ပဲ ပီအက်စ်ဂျီတို့ဟာ နေမာကို အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်လာခဲ့ တာမျိုး ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ နေမာဟာ လက်ရှိ ပီအက်စ်ဂျီမှာ လုပ်ခလစာ အမြင့်ဆုံး ရနေတဲ့ ကစားသမားတစ်ယောက် အဖြစ် ရှိနေတာပါ။ အသင်းဖော်တွေ ဖြစ်ကြတဲ့ အမ်ဘာပေနဲ့ မက်ဆီတို့ထက်တောင် နေမာရဲ့ လုပ်ခလစာက များပြားလျက် ရှိနေတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ပြီးခဲ့တဲ့ ဘောလုံးရာသီကဆိုရင် နေမာဟာတစ်လ လုပ်ခ လစာအဖြစ် ပေါင်(၃.၄)သန်း လောက် အထိ ရရှိနေတာဖြစ်ပါတယ်။

မက်ဆီကတော့ တစ်လ လုပ်ခလစာအဖြစ် ပေါင်(၂.၈)သန်း အထိ ရရှိနေတာဖြစ်ပြီး အမ်ဘာပေက ပေါင်(၁.၈)သန်းနဲ့ တတိယ လစာ အများဆုံး ကစားသမား အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဆိုတော့ နေမာကို ခေါ်ယူချင်တဲ့ အသင်းတွေ အများအပြားရှိပေမဲ့ နေမာကို လုပ်ခလစာကို တတ်နိုင်တဲ့ အသင်းကနေ တော့ အနည်းငယ် သာ ရှိပါတယ်။ ဒီထဲမှာ ပရီးမီးယားလိဂ် ကလပ် (၃)သင်းဖြစ်တဲ့ မန်ယူနိုက်တက်၊ နယူးကာဆယ်နဲ့ ချဲလ်ဆီးတို့ဟာ နေမာရဲ့ လုပ်ခလစာကို တတ်နိုင်တဲ့ အသင်းတွေ ဖြစ်ပြီး ခေါ်ယူနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်တို့ အနေနဲ့ လက်ရှိ နွေ ဈေးကွက်ထဲမှာ စီရော်နယ်ဒိုကို အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့မယ်ဆိုရင် ပီအက်စ်ဂျီက နေမာနဲ့ အလဲ အထပ်ပြုလုပ်လာဖွယ် ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ နယူးကာဆယ်ကလည်း ပိုင်ရှင်သစ် လက်ထက်မှာ အသင်းကို အကြီးအကျယ်ပြောင်းလဲနေတဲ့ အသင်း တစ်သင်းဖြစ်တာကြောင့် နေမာရဲ့ လုပ်ခလစာကို ပေးချေနိုင်စွမ်း ရှိနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးကလည်း ပိုင်ရှင်သစ် နေမာရဲ့ လုပ်ခလစာကို တတ်နိုင်တဲ့ အသင်းအဖြစ် သက်မှတ်ခံထားရပြီး၊ ခေါ်ယူနိုင်ခြေလည်း ရှိနေပါတယ်။

မန်စီးတီးနဲ့ လီဗာပူးလ်တို့ကတော့နေမာရဲ့ လုပ်ခလစာကို တတ်နိုင်ပေမယ့် လက်ရှိ နှစ်သင်းလုံးရဲ့ လူစာရင်း အင်အား အခြေအနေအရ နေမာဟာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ အတွက် လိုအပ်တဲ့ ကစားသမားတစ်ဦးမဟုတ်တာကြောင့် ခေါ်ယူဖို့ ရာခိုင်နှုန်း အလွန်နည်းပါး ပါတယ်။ တကယ်လို့ နေမာ အနေနဲ့ ပီအက်စ်ဂျီကနေ မထွက်ခွာပဲ စာချုပ်သစ် ချုပ်ဆိုခဲ့မယ်ရင် ပီအက်စ်ဂျီ အနေနဲ့ စာချုပ်သစ်မှာ နေမာရဲ့ လုပ်ခ လစာကို ထပ်မံ တိုးမြှင့်ပေးဖို့ အစီအစဉ်တွေတောင် ရှိနေတယ်လို့ ပြင်သစ်က လာတဲ့ သတင်းတွေ အရ သိရပါတယ်။

ZAWGYI: ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်ကစားသမား နေမာဟာ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ပီအက်စ်ဂျီနေ ထွက်ခွာဖွယ် ရှိနေတယ်ဆိုတဲ့ သတင်းတွေ လက်တလောရက်ပိုင်းအတွင်းမှာ ဆက်တိုက် ထွက်ပေါ်လာလျက်ရှိနေပါတယ်။ ပီအက်စ်ဂျီ အသင်းကိုယ်တိုင်က သူတို့ရဲ့ ကမ္ဘာ့စံချိန်တင် ဈေးအကြီးဆုံး ကစားသမား နေမာကို လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ဈေးချိုချိုနဲ့ အသင်းကနေ ထွက်ခွာခွင့် ပြုဖို့ စီစဉ်ထားလျက် ရှိနေတယ်လို့ ဆိုပါတယ်။