စပါးအသင်းရဲ့ တောင်ကိုရီးယား တိုက်စစ်မှူးလေး ဆွန်ဟောင်မင်ဟာ ကလပ်အသင်းနဲ့ အတူ ဘောလုံးရာသီ ပြီးဆုံးလို့ တောင်ကိုရီးယားကို ပြန်ရောက်နေချိန်မှာ ဘရာဇီးနဲ့ ကစားမယ့် ခြေစမ်းပွဲ မတိုင်မီဆုတစ်ခုကို လက်ခံ ရရှိခဲ့ပါတယ်။ ဒီဆုဟာ တောင်ကိုရီးယား နိုင်ငံမှာတော့ အားကစားဆိုင်ရာ ဆုတံဆိပ်တွေထဲမှာ အမြင့်ဆုံး ဆုတံဆိပ်လည်းပဲ ဖြစ်ပါတယ်။ Cheongnyong လို့ အမည်ရတဲ့ ဆုတံဆိပ်ကို ဘရာဇီးနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲ မတိုင်မီ တောင်ကိုရီးယား သမ္မတ ကိုယ်တိုင်က ဆွန်ဟောင်မင်ကို Seoul World Cup Stadium ကွင်းကြီးထဲမှာ အခမ်းအနားနဲ့ တကွချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတဟာ ဆွန်ဟောင်မင်ကို ဆုချီးမြှင့်ချိန်မှာ ဂုဏ်ပြုစကား အချို့ကိုလည်း ပြောကြားခဲ့ပါသေးတယ်။ ” ဒီဆုဟာ မင်းရဲ့ အသင်းအတွက် အဆုံးမရှိ အလုပ်တွေ လုပ်ခဲ့ပြီး၊ မင်းကိုယ်တိုင် စိတ်နှစ်ပေးဆပ်ခဲ့ပြီးတဲ့နောက် မင်းရဲ့ စိတ်အားထက်သန်မှုရဲ့ ရလဒ်တစ်ခု ဖြစ်မယ်လို့ ငါယုံကြည်ပါတယ်၊ ဒီဆုဟာ မင်းအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဂုဏ်ပြုမှုတစ်ခုတင်မဟုတ်ပဲ အာရှ ဘောလုံး အဖွဲ့အစည်းကြီးတစ်ခုလုံးအတွက် အောင်ပွဲခံရမယ့် ဝမ်းမြောက်စရာ အချိန်အခါ တစ်ခုပဲ ဖြစ်ပါတယ် ” လို့ တောင်ကိုရီးယား သမ္မတက ပြောကြားသွားခဲ့ပါတယ်။

Cheongnyongဆုကို ပုံမှန်ဆိုရင် အားကစားဝန်ကြီးက သာပေးအပ်လေ့ရှိတဲ့ ဆုတံဆိပ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဆွန်ဟောင်မင်ကိုတော့ သမ္မတကိုယ်တိုင်က သေသေချချာ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဆုပေးအပ်ချိန်မှာလည်း တောင်ကိုရီးယားရဲ့ Seoul World Cup Stadium ကွင်းကြီးထဲမှာ ပရိသတ်တွေက ” ငါတို့ဟာ ကမ္ဘာ့အဆင့် ကစားသမား ဆွန်ဟောင်မင်ရဲ့ ခေတ်မှာ နေထိုင်ကြပါတယ် ” ဆိုတဲ့ စာသားတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အကျော်ကြားဆုံးနဲ့ နာမည်အကြီးဆုံး ပုဂ္ဂိုလ်တွေဟာ ကေပေါ့ အဆိုတော်တွေ သာ ဖြစ်လေ့ရှိပေမဲ့ ဆွန်ဟောင်မင်ကတော့ ဒီလို ကေပေါ့ အဆိုတော်တွေနဲ့ ရင်ဘောင်တန်းပြီး တောင်ကိုရီးယားမှာ နာမည်အကြီးဆုံး အားကစားသမားတစ်ယောက် အဖြစ် ရပ်တည်နေနိုင်နေတာ ဖြစ်ပါတယ်။ ဆွန်ဟောင်မင်ရဲ့ အောင်မြင်မှုကြောင့်ပဲ နောက်ပိုင်းနှစ်တွေမှာ တောင်ကိုရီးယားနိုင်ငံ အတွင်းဘောလုံးအားကစားကို ကြိုက်နှစ်သက်အားပေးလာသူ အများအပြားရှိလာနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ ဆွန်ဟောင်မင် ကစားလျက်ရှိနေတဲ့ စပါးအသင်းဟာ တောင်ကိုရီးယားနိုင်ငံမှာ လူကြိုက်အများဆုံး ဘောလုံး အသင်းတစ်သင်း အဖြစ် ရပ်တည်လျက်ရှိနေတယ်လို့ လည်း စစ်တမ်းကောက်ယူမှုတွေ အရ သိရပါတယ်။ လာမယ့် ဂျူလိုင်လထဲမှာဆိုရင် စပါးအသင်းဟာ တောင်ကိုရီးယားမှာ ရာသီ ကြိုခြေစမ်းပွဲ စဉ်တွေ ကစားဖို့ စီစဉ်ထားလျက် ရှိနေပြီး၊ လာလီဂါကလပ် ဆီဗီလာ အသင်း အပါအဝင်နဲ့ တောင်ကိုရီးယား အောစတား အသင်းနဲ့ ပါ ခြေစမ်း ပွဲကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဆွန်ဟာ မန်ယူနိုက်တက် ဂန္ဓဝင် ကစားသမားကြီး ပတ်ဂျီဆန်နောက်ပိုင်း ဥရောပမှာ အောင်မြင်မှု အရှိဆုံး ကစားသမား ဖြစ်လာခဲ့သလို တောင်ကိုရီးယားမှာလည်း ပတ်ဂျီဆန်နောက်ပိုင်း ပရိသတ် အားပေးမှု အများဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ စပါးအသင်းနဲ့ အတူ ထိပ်တန်း ခြေစွမ်းတွေ ပြသလျက်ရှိနေပြီး၊ ဘောလုံး သမိုင်းတစ်လျှောက်မှာ ဥရောပ ထိပ်တန်းလိဂ်မှာ ကစားပြီး ရွှေဖိနပ်ဆုကို ရယူနိုင်တဲ့ ပထမဆုံးသော အာရှသား တစ်ယောက် အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဆွန်ဟောင်မင်အတွက် တောင်ကိုရီးယား သမ္မတကိုယ်တိုင် ချီးမြှင့်ခဲ့တဲ့ Cheongnyong ဆုတံဆိပ်ဟာ ထိုက်တန်တယ်ဆိုတာ ထက်ကို ပိုတယ်လို့ ဆိုရမှာတော့မှာပဲ ဖြစ်ပါတယ်။

ZAWGYI: စပါးအသင်းရဲ့ တောင်ကိုရီးယား တိုက်စစ်မှူးလေး ဆွန်ဟောင်မင်ဟာ ကလပ်အသင်းနဲ့ အတူ ဘောလုံးရာသီ ပြီးဆုံးလို့ တောင်ကိုရီးယားကို ပြန်ရောက်နေချိန်မှာ ဘရာဇီးနဲ့ ကစားမယ့် ခြေစမ်းပွဲ မတိုင်မီဆုတစ်ခုကို လက်ခံ ရရှိခဲ့ပါတယ်။ ဒီဆုဟာ တောင်ကိုရီးယား နိုင်ငံမှာတော့ အားကစားဆိုင်ရာ ဆုတံဆိပ်တွေထဲမှာ အမြင့်ဆုံး ဆုတံဆိပ်လည်းပဲ ဖြစ်ပါတယ်။ Cheongnyong လို့ အမည်ရတဲ့ ဆုတံဆိပ်ကို ဘရာဇီးနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲ မတိုင်မီ တောင်ကိုရီးယား သမ္မတ ကိုယ်တိုင်က ဆွန်ဟောင်မင်ကို Seoul World Cup Stadium ကွင်းကြီးထဲမှာ အခမ်းအနားနဲ့ တကွချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။