လီဗာပူးတို့ရဲ့ရာသီအဖွင့်ပွဲဖြစ်တဲ့ စနေနေ့လယ်ခင်း၊ ကရာဗန်ကော့တေ့ချ်အဝေးကွင်းပွဲမှာ အလက်ဇန်းဒါးမီထရိုဗစ်ရဲ့ဂိုးနဲ့ ပထမပိုင်းမှာ နောက်ကောက်ကျခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လူစားလဲဝင်ထားတဲ့ ဒါဝင်နူညက်စ်က ချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မီထရိုဗစ်ကပဲ ပင်နယ်တီနဲ့ ဒုတိယဂိုးသွင်းပြီး အိမ်ရှင်တွေဦးဆောင်မှုပြန်ရသွားပြန်ပါတယ်။ ပွဲပြီးဖို့ဆယ်မိနစ်အလိုမှာ မိုဆာလာက ထပ်မံချေပဂိုးသွင်းနိုင်တာကြောင့် လီဗာပူးတို့အဖွင့်တမှတ်တော့ရလိုက်ပါတယ်။

အဖွင့်ပွဲမှာ အမှတ်ပြည့်မရရုံသာမက လီဗာပူးတို့အတွက်သတင်းဆိုးတခုကတော့ တီယာဂိုအယ်လ်ကန်တာရာဒဏ်ရာရသွားတာဖြစ်ပြီး သူ့ရဲ့ဒဏ်ရာအခြေအနေအတိမ်အနက်ကိုသိရဖို့ စောင့်ဆိုင်းနေကြရပါတယ်။ ဖူလ်ဟမ်နဲ့ပွဲဒုတိယပိုင်းမှာ ပြဿနာတခုရှိနေတာကြောင့် ကွင်းလယ်ကစားသမားကို ကွင်းထဲကနေ မဖြစ်မနေထုတ်ခဲ့ရပြီး အခုတော့ ဒဏ်ရာရဲ့အနေအထားကိုသိရဖို့ နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ ဆက်လုပ်မှာဖြစ်ပါတယ်။ ကရာဗန်ကော့တော့ချ်ပွဲပြီးအင်တာဗျူးအတွင်း တီယာဂိုရဲ့ဒဏ်ရာနဲ့ သူ့ရဲ့ကွင်းလယ်ရွေးချယ်စရာအပိုင်းမှာ ဒီကိစ္စရဲ့သက်ရောက်နိုင်မှုတွေ ယာဂင်ကလော့ကို မေးခွန်းများအမေးခံရတဲ့အခါ ကလော့က

“အခု ဘာတွေလာတော့မယ်ဆိုတာ ကျနော်သိပါတယ်။ ကွင်းလယ်ကစားသမားတယောက် ကျနော်တို့မလိုအပ်ဘူးလို့ ကျနော်ပြောခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာအလုံအလောက်ရှိတာကြောင့်ပါ၊ ပြီးတော့ တကယ်လည်း အလုံအလောက်ရှိပါတယ်၊ ဒါပေမဲ့ အခုပြဿနာကတော့ တကယ်တမ်း ကိုယ့်တာဝန်မဟုတ်တဲ့တစုံတရာအတွက် ကျနော်တို့နှိပ်ကွပ်ခံရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးကိစ္စတွေက ဖြစ်တတ်တာကိုး။ ကာတစ်ဂျုံးစ်မှာဖြစ်တဲ့ကိစ္စမျိုး သူ့မှာဖြစ်ပါမယ်လို့ ဘယ်သူမှမတွေးမိနိုင်ဘူး၊ ဒါက ဘာမှကြီးကြီးမားမားတော့မဟုတ်ဘူး၊”

” ဒါပေမဲ့ သူက ငယ်ရွယ်သူတယောက်ဖြစ်ပြီး ဒါက stress reaction လိုမျိုးတခုပါ။ ခန္ဒာကိုယ်တွေက ဒီလိုမျိုးဖြစ်တတ်ပါတယ်။ နာဘီကေးတာက ဖျားပဲဖျားတာဖြစ်ပြီး အခုတော့ နောက်တပတ်ဆိုရင် သူသေချာပေါက်ပြန်လာမှာပါ။ အောက်စလိတ်ဒ်ကတော့ စောစောစီးစီးဖြစ်ထားပြီး အခုတော့ တီယာဂိုဖြစ်တယ်၊ ဒါမျိုးပေါ့၊ ဒါပေ့ါ၊ ဒါက မကောင်းပါဘူး၊ ကျနော်တို့သိရမှာပါ။ ဒီမှာဗျာ၊ အခုတော့ အပြောင်းအရွှေ့တခုက လုံးဝအဓိပ်ပါယျရှိသှားပွီပေါ့၊ ဒါပေမဲ့ ရေရှည်မှာကျတော့၊ ကျနော်တို့မှာ ကွင်းလယ်ကစားသမားတွေရှိနေတယ်၊ ”

” ကျနော်တို့မှာ ကွင်းလယ်ကစားသမားတွေ အလုံအလောက်ရှိနေဆဲဖြစ်ပါတယ်။ ကျနော်တို့မှာ ကွင်းလယ်ကစားသမားတွေ ပြတ်လပ်နေတာမျိုးမဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါက သူတို့တွေထဲကအချို့ ဒဏ်ရာရနေရုံပါ။ ဒါက ကောင်းမွန်တဲ့အခြေအနေတရပ်မဟုတ်ပါဘူး၊ ဒါကို ကျနော်လည်းလုံးဝမကြိုက်ပါဘူး။ ဒါပေမဲ့ ဒီ့အပေါ်မှာ ကျနော်တို့ဘယ်လိုတုံ့ပြန်ကြမယ်ဆိုတာကို ကြည့်ကြရဦးမှာပါ၊ ဒါပေမဲ့ သေချာတာကတော့ တုန်လှုပ်ပျာယာမနေကြဘူးဆိုတာပါပဲ။ “လို့ ပြန်ဖြေခဲ့ပါတယ်။

ZAWGYI: လီဗာပူးတို့ရဲ့ရာသီအဖွင့်ပွဲဖြစ်တဲ့ စနေနေ့လယ်ခင်း၊ ကရာဗန်ကော့တေ့ချ်အဝေးကွင်းပွဲမှာ အလက်ဇန်းဒါးမီထရိုဗစ်ရဲ့ဂိုးနဲ့ ပထမပိုင်းမှာ နောက်ကောက်ကျခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လူစားလဲဝင်ထားတဲ့ ဒါဝင်နူညက်စ်က ချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မီထရိုဗစ်ကပဲ ပင်နယ်တီနဲ့ ဒုတိယဂိုးသွင်းပြီး အိမ်ရှင်တွေဦးဆောင်မှုပြန်ရသွားပြန်ပါတယ်။ ပွဲပြီးဖို့ဆယ်မိနစ်အလိုမှာ မိုဆာလာက ထပ်မံချေပဂိုးသွင်းနိုင်တာကြောင့် လီဗာပူးတို့အဖွင့်တမှတ်တော့ရလိုက်ပါတယ်။

အဖွင့်ပွဲမှာ အမှတ်ပြည့်မရရုံသာမက လီဗာပူးတို့အတွက်သတင်းဆိုးတခုကတော့ တီယာဂိုအယ်လ်ကန်တာရာဒဏ်ရာရသွားတာဖြစ်ပြီး သူ့ရဲ့ဒဏ်ရာအခြေအနေအတိမ်အနက်ကိုသိရဖို့ စောင့်ဆိုင်းနေကြရပါတယ်။ ဖူလ်ဟမ်နဲ့ပွဲဒုတိယပိုင်းမှာ ပြဿနာတခုရှိနေတာကြောင့် ကွင်းလယ်ကစားသမားကို ကွင်းထဲကနေ မဖြစ်မနေထုတ်ခဲ့ရပြီး အခုတော့ ဒဏ်ရာရဲ့အနေအထားကိုသိရဖို့ နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ ဆက်လုပ်မှာဖြစ်ပါတယ်။ ကရာဗန်ကော့တော့ချ်ပွဲပြီးအင်တာဗျူးအတွင်း တီယာဂိုရဲ့ဒဏ်ရာနဲ့ သူ့ရဲ့ကွင်းလယ်ရွေးချယ်စရာအပိုင်းမှာ ဒီကိစ္စရဲ့သက်ရောက်နိုင်မှုတွေ ယာဂင်ကလော့ကို မေးခွန်းများအမေးခံရတဲ့အခါ ကလော့က

အခု ဘာတွေလာတော့မယ်ဆိုတာ ကျနော်သိပါတယ်။ ကွင်းလယ်ကစားသမားတယောက် ကျနော်တို့မလိုအပ်ဘူးလို့ ကျနော်ပြောခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာအလုံအလောက်ရှိတာကြောင့်ပါ၊ ပြီးတော့ တကယ်လည်း အလုံအလောက်ရှိပါတယ်၊ ဒါပေမဲ့ အခုပြဿနာကတော့ တကယ်တမ်း ကိုယ့်တာဝန်မဟုတ်တဲ့တစုံတရာအတွက် ကျနော်တို့နှိပ်ကွပ်ခံရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးကိစ္စတွေက ဖြစ်တတ်တာကိုး။ ကာတစ်ဂျုံးစ်မှာဖြစ်တဲ့ကိစ္စမျိုး သူ့မှာဖြစ်ပါမယ်လို့ ဘယ်သူမှမတွေးမိနိုင်ဘူး၊ ဒါက ဘာမှကြီးကြီးမားမားတော့မဟုတ်ဘူး၊”

” ဒါပေမဲ့ သူက ငယ်ရွယ်သူတယောက်ဖြစ်ပြီး ဒါက stress reaction လိုမျိုးတခုပါ။ ခန္ဒာကိုယ်တွေက ဒီလိုမျိုးဖြစ်တတ်ပါတယ်။ နာဘီကေးတာက ဖျားပဲဖျားတာဖြစ်ပြီး အခုတော့ နောက်တပတ်ဆိုရင် သူသေချာပေါက်ပြန်လာမှာပါ။ အောက်စလိတ်ဒ်ကတော့ စောစောစီးစီးဖြစ်ထားပြီး အခုတော့ တီယာဂိုဖြစ်တယ်၊ ဒါမျိုးပေါ့၊ ဒါပေ့ါ၊ ဒါက မကောင်းပါဘူး၊ ကျနော်တို့သိရမှာပါ။ ဒီမှာဗျာ၊ အခုတော့ အပြောင်းအရွှေ့တခုက လုံးဝအဓိပ်ပါယျရှိသှားပွီပေါ့၊ ဒါပေမဲ့ ရေရှည်မှာကျတော့၊ ကျနော်တို့မှာ ကွင်းလယ်ကစားသမားတွေရှိနေတယ်၊ ”

” ကျနော်တို့မှာ ကွင်းလယ်ကစားသမားတွေ အလုံအလောက်ရှိနေဆဲဖြစ်ပါတယ်။ ကျနော်တို့မှာ ကွင်းလယ်ကစားသမားတွေ ပြတ်လပ်နေတာမျိုးမဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါက သူတို့တွေထဲကအချို့ ဒဏ်ရာရနေရုံပါ။ ဒါက ကောင်းမွန်တဲ့အခြေအနေတရပ်မဟုတ်ပါဘူး၊ ဒါကို ကျနော်လည်းလုံးဝမကြိုက်ပါဘူး။ ဒါပေမဲ့ ဒီ့အပေါ်မှာ ကျနော်တို့ဘယ်လိုတုံ့ပြန်ကြမယ်ဆိုတာကို ကြည့်ကြရဦးမှာပါ၊ ဒါပေမဲ့ သေချာတာကတော့ တုန်လှုပ်ပျာယာမနေကြဘူးဆိုတာပါပဲ။ လို့ ပြန်ဖြေခဲ့ပါတယ်။