လီဗာပူးကွင်းလယ်လူ၊ စပိန်ကစားသမားတီယာဂိုအယ်လ်ကန်ထရာဟာ မန်ချက်စတာယူနိုက်တက်အပြောင်းအရွှေ့စီစဉ်ပေးဖို့ သူ့ဆီကိုဖုန်းဆက်ခဲ့ဖူးတယ်လို့ ရီယိုဖာဒီနန်ကဖွင့်ဟခဲ့ပါတယ်။ ၂၀၁၃ခုနှစ်မှာ ပက်ဂွာဒီယိုလာရှိနေတဲ့ဘိုင်ယန်မြူးနစ်ကိုမသွားခင် ၂၄နာရီအတွင်း ဆုံးဖြတ်ချက်ချဖို့ဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့၈နှစ်တုန်းက တီယားဂိုးဟာ အိုးထရက်ဖို့ဒ်အပြောင်းအရွှေ့နဲ့ အကြီးအကျယ်ချိတ်ဆက်ခဲ့ဖူးတာဖြစ်ပါတယ်။ အထူးသဖြင့် အီတလီတို့နဲ့ ယူ၂၁ ဥရောပချန်ပီယံရှစ်ဖိုင်နယ်ပွဲက အကောင်းဆုံးကစားသမားဆုရခြေစွမ်းပြပြီးနောက်ဖြစ်ပါတယ်။

အဲဒီပွဲမှာ တီယာဂိုဟက်ထရစ်သွင်းလို့ရတဲ့ ပွဲဘောလုံးပေါ် မန်ယူဂိုးသမား၊ စပိန်ကစားသမားဒါဗစ်ဒဟေးယားက ‘မန်ချက်စတာမှာဆုံကြမယ်။’ လို့ရေးခဲ့တဲ့နောက် ဒီသတင်းက ပိုကြီးသွားခဲ့တာပါ။ အဲဒီရာသီဟာ ဖာဂူဆန်ရဲ့နောက်ဆုံးရာသီဖြစ်ပြီး ဖလား၂၀ရလူစာရင်းကို သွေးသစ်လောင်းဖို့ကြံစည်နေချိန်လည်းဖြစ်ပါတယ်။ ၂၀၁၁၊ မန်ယူနဲ့ဘာဆီလိုနာ ရာသီကြိုခြေစမ်းပွဲကတည်းက တီယာဂိုကိုမျက်စိကျခဲ့ကြတာလို့ ဖာဒီနန်ကပြောပါတယ်။

နောက်၂နှစ်အကြာ၊ ၂၀၁၃မှာတော့ ဂိုးသမားဒဟေးယားက ကြားလူလုပ်ပြီး တီယာဂိုကို ဖာဒီနန်ရဲ့ဖုန်းနံပါတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း မန်ယူမန်နေဂျာသစ်မိုယက်စ်နဲ့အက်ဝုဒ်ဝါ့ဒ်တို့အပါအဝင် မန်ယူအကြီးအကဲတွေက တီယာဂိုကိုခေါ်ဖို့ဆန့်ကျင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ “တီယာဂို ဘာဆီလိုနာကနေမထွက်ခွာခင် ကျနော့်ကိုဖုန်းခေါ်ခဲ့ပါတယ်။ ရာသီကြိုအမေရိကန်ခရီးတုန်းက ကျေနာ်တို့ ဘာဆီလိုနာနဲ့ကစားခဲ့ပြီး သူကတကယ့်မယုံနိုင်စရာပါ။ သူကနံပါတ်၁၀အဖြစ်ကစားပြီး အပျံစားဂိုးတဂိုးသွင်းခဲ့တယ်။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် သူ့အကြောင်းကို ကျနော်တို့သိပြီးသားပေါ့၊ နှစ်အနည်းငယ်အကြာမှာတော့ မိုယက်စ်က မန်နေဂျာဖြစ်လာခဲ့ပါတယ်။”

“ကျနော် တီယာဂိုနဲ့စကားမပြောဖူးပါဘူး၊ သူနဲ့မသိပါဘူး၊ ဒါပေမဲ့ ဒါဗစ်ဒဟေးယားက သူ့ကို ကျနော့်ဖုန်းနံပါတ်ပေးခဲ့တာပါ။ သူ ကျနော့်ကိုဖုန်းခေါ်ပြီးတော့ ရီယိုရေ၊ မန်ချက်စတာယူနိုက်တက်ကို ငါလာချင်တယ်။ ငါစကားပြောလို့ရမယ့်သူတယောက်ယောက်များ ရှိနိုင်မလား၊ ဒါမှမဟုတ် စိတ်ဝင်စားမှုရှိမရှိသိရရုံ ငါ့အတွက် မင်းပြောပေးနိုင်မလား။ ” လို့ သူကပြောခဲ့ပါတယ်။

“ဒါ့ကြောင့် ကလပ်ကလူတွေနဲ့ ကျနော်စကားပြောခဲ့ပါတယ်၊ မိုယက်စ်နဲ့ဝုဒ်ဝေါ့ဒ်တို့ပေါ့။ ကျနော်ဒါကိုထည့်ပြောခဲ့ပါတယ်။ သူတို့က နိုးပါတဲ့။ ကျနော်တို့က အခြားခေါ်ယူမှုအချို့ကို စီစဉ်ပြီးဖြစ်နေပြီပေါ့။ ဒါကအဆင်ပြေပါတယ်။ ” လို့ ဖာဒီနန်ကပြောပါတယ်။ ဒါပေမဲ့ တီယာဂိုက ဘိုင်ယန်မြူးနစ်ကိုမပြောင်းရွှေ့ခင် သူ့ကို တရက်တည်းအချိန်ပေးခဲ့တာလို့လည်း ဖာဒီနန်ကဆိုပါတယ်။

“တီယာဂိုက ဆုံးဖြတ်ချက်ချဖို့ အချိန်၂၄နာရီတည်းရခဲ့တာဗျ။ နောက်တနေ့မနက်ကျတော့ သူကျနော့်ကို နောက်တခါဖုန်းထပ်ဆက်ပြန်ရော။ ငါတညလုံးစဉ်းစားနေရတာ၊ မန်ယူနိုက်တက်နဲ့ပတ်သတ်ပြီး မင်းငါ့ကိုပြောပြနိုင်မလား၊ ဘာတွေဖြစ်နေပြီလဲ။ လို့ သူကပြောပါတယ်။ ” လို့ဖာဒီနန်ကဆိုပါတယ်။ ဆက်လက်ပြီး “နောက်ပြီး ဆုံးဖြတ်ချက်ချဖို့ ၂၄နာရီတည်းအချိန်ရထားတာ၊ မဟုတ်ရင် ပက်က ငါ့ကို ဘိုင်ယန်မြူးနစ်ဆီ ခေါ်မှာမဟုတ်ဘူး။ လို့ သူကထပ်ပြောပါတယ်။ သူ ဘိုင်ယန်ကိုသွားခဲ့တယ်၊ ကျန်တာကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။”

လို့ ဖာဒီနန်ကဆက်ပြောပြပါတယ်။ တီယာဂိုဟာ ဘိုင်ယန်မှာ ၂၃၅ပွဲကစားခဲ့ပြီး ဘွန်းဒက်စ်လီဂါချန်ပီယံ ၇ကွိမျ၊ ချန်ပီယံလိဂ်ဖလား ၁ကြိမ်ရခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာတော့ မန်ယူတို့ရဲ့ခါးသီးပြိုင်ဘက်၊ ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ မန်ယူတို့ရဲ့ ၂၀၁၃အပြောင်းအရွှေ့ကတော့ ပြောစမှတ်ဖြစ်ခဲ့ပြီး အဲဗာတန်က ဖယ်လိုင်နီတယောက်တည်းကိုတောင် ဈေးကွက်နောက်ဆုံးနေ့မှ ခေါ်နိုင်ခဲ့ပါတယ်။

ZAWGYI: လီဗာပူးကွင်းလယ်လူ၊ စပိန်ကစားသမားတီယာဂိုအယ်လ်ကန်ထရာဟာ မန်ချက်စတာယူနိုက်တက်အပြောင်းအရွှေ့စီစဉ်ပေးဖို့ သူ့ဆီကိုဖုန်းဆက်ခဲ့ဖူးတယ်လို့ ရီယိုဖာဒီနန်ကဖွင့်ဟခဲ့ပါတယ်။ ၂၀၁၃ခုနှစ်မှာ ပက်ဂွာဒီယိုလာရှိနေတဲ့ဘိုင်ယန်မြူးနစ်ကိုမသွားခင် ၂၄နာရီအတွင်း ဆုံးဖြတ်ချက်ချဖို့ဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့၈နှစ်တုန်းက တီယားဂိုးဟာ အိုးထရက်ဖို့ဒ်အပြောင်းအရွှေ့နဲ့ အကြီးအကျယ်ချိတ်ဆက်ခဲ့ဖူးတာဖြစ်ပါတယ်။ အထူးသဖြင့် အီတလီတို့နဲ့ ယူ၂၁ ဥရောပချန်ပီယံရှစ်ဖိုင်နယ်ပွဲက အကောင်းဆုံးကစားသမားဆုရခြေစွမ်းပြပြီးနောက်ဖြစ်ပါတယ်။

အဲဒီပွဲမှာ တီယာဂိုဟက်ထရစ်သွင်းလို့ရတဲ့ ပွဲဘောလုံးပေါ် မန်ယူဂိုးသမား၊ စပိန်ကစားသမားဒါဗစ်ဒဟေးယားက မန်ချက်စတာမှာဆုံကြမယ်။ လို့ရေးခဲ့တဲ့နောက် ဒီသတင်းက ပိုကြီးသွားခဲ့တာပါ။ အဲဒီရာသီဟာ ဖာဂူဆန်ရဲ့နောက်ဆုံးရာသီဖြစ်ပြီး ဖလား၂၀ရလူစာရင်းကို သွေးသစ်လောင်းဖို့ကြံစည်နေချိန်လည်းဖြစ်ပါတယ်။ ၂၀၁၁၊ မန်ယူနဲ့ဘာဆီလိုနာ ရာသီကြိုခြေစမ်းပွဲကတည်းက တီယာဂိုကိုမျက်စိကျခဲ့ကြတာလို့ ဖာဒီနန်ကပြောပါတယ်။

နောက်၂နှစ်အကြာ၊ ၂၀၁၃မှာတော့ ဂိုးသမားဒဟေးယားက ကြားလူလုပ်ပြီး တီယာဂိုကို ဖာဒီနန်ရဲ့ဖုန်းနံပါတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း မန်ယူမန်နေဂျာသစ်မိုယက်စ်နဲ့အက်ဝုဒ်ဝါ့ဒ်တို့အပါအဝင် မန်ယူအကြီးအကဲတွေက တီယာဂိုကိုခေါ်ဖို့ဆန့်ကျင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တီယာဂို ဘာဆီလိုနာကနေမထွက်ခွာခင် ကျနော့်ကိုဖုန်းခေါ်ခဲ့ပါတယ်။ ရာသီကြိုအမေရိကန်ခရီးတုန်းက ကျေနာ်တို့ ဘာဆီလိုနာနဲ့ကစားခဲ့ပြီး သူကတကယ့်မယုံနိုင်စရာပါ။ သူကနံပါတ်၁၀အဖြစ်ကစားပြီး အပျံစားဂိုးတဂိုးသွင်းခဲ့တယ်။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် သူ့အကြောင်းကို ကျနော်တို့သိပြီးသားပေါ့၊ နှစ်အနည်းငယ်အကြာမှာတော့ မိုယက်စ်က မန်နေဂျာဖြစ်လာခဲ့ပါတယ်။

ကျနော် တီယာဂိုနဲ့စကားမပြောဖူးပါဘူး၊ သူနဲ့မသိပါဘူး၊ ဒါပေမဲ့ ဒါဗစ်ဒဟေးယားက သူ့ကို ကျနော့်ဖုန်းနံပါတ်ပေးခဲ့တာပါ။ သူ ကျနော့်ကိုဖုန်းခေါ်ပြီးတော့ ရီယိုရေ၊ မန်ချက်စတာယူနိုက်တက်ကို ငါလာချင်တယ်။ ငါစကားပြောလို့ရမယ့်သူတယောက်ယောက်များ ရှိနိုင်မလား၊ ဒါမှမဟုတ် စိတ်ဝင်စားမှုရှိမရှိသိရရုံ ငါ့အတွက် မင်းပြောပေးနိုင်မလား။ လို့ သူကပြောခဲ့ပါတယ်။

ဒါ့ကြောင့် ကလပ်ကလူတွေနဲ့ ကျနော်စကားပြောခဲ့ပါတယ်၊ မိုယက်စ်နဲ့ဝုဒ်ဝေါ့ဒ်တို့ပေါ့။ ကျနော်ဒါကိုထည့်ပြောခဲ့ပါတယ်။ သူတို့က နိုးပါတဲ့။ ကျနော်တို့က အခြားခေါ်ယူမှုအချို့ကို စီစဉ်ပြီးဖြစ်နေပြီပေါ့။ ဒါကအဆင်ပြေပါတယ်။ လို့ ဖာဒီနန်ကပြောပါတယ်။ ဒါပေမဲ့ တီယာဂိုက ဘိုင်ယန်မြူးနစ်ကိုမပြောင်းရွှေ့ခင် သူ့ကို တရက်တည်းအချိန်ပေးခဲ့တာလို့လည်း ဖာဒီနန်ကဆိုပါတယ်။

တီယာဂိုက ဆုံးဖြတ်ချက်ချဖို့ အချိန်၂၄နာရီတည်းရခဲ့တာဗျ။ နောက်တနေ့မနက်ကျတော့ သူကျနော့်ကို နောက်တခါဖုန်းထပ်ဆက်ပြန်ရော။ ငါတညလုံးစဉ်းစားနေရတာ၊ မန်ယူနိုက်တက်နဲ့ပတ်သတ်ပြီး မင်းငါ့ကိုပြောပြနိုင်မလား၊ ဘာတွေဖြစ်နေပြီလဲ။ လို့ သူကပြောပါတယ်။ လို့ဖာဒီနန်ကဆိုပါတယ်။ ဆက်လက်ပြီး နောက်ပြီး ဆုံးဖြတ်ချက်ချဖို့ ၂၄နာရီတည်းအချိန်ရထားတာ၊ မဟုတ်ရင် ပက်က ငါ့ကို ဘိုင်ယန်မြူးနစ်ဆီ ခေါ်မှာမဟုတ်ဘူး။ လို့ သူကထပ်ပြောပါတယ်။ သူ ဘိုင်ယန်ကိုသွားခဲ့တယ်၊ ကျန်တာကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။

လို့ ဖာဒီနန်ကဆက်ပြောပြပါတယ်။ တီယာဂိုဟာ ဘိုင်ယန်မှာ ၂၃၅ပွဲကစားခဲ့ပြီး ဘွန်းဒက်စ်လီဂါချန်ပီယံ ၇ကွိမျ၊ ချန်ပီယံလိဂ်ဖလား ၁ကြိမ်ရခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာတော့ မန်ယူတို့ရဲ့ခါးသီးပြိုင်ဘက်၊ ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ မန်ယူတို့ရဲ့ ၂၀၁၃အပြောင်းအရွှေ့ကတော့ ပြောစမှတ်ဖြစ်ခဲ့ပြီး အဲဗာတန်က ဖယ်လိုင်နီတယောက်တည်းကိုတောင် ဈေးကွက်နောက်ဆုံးနေ့မှ ခေါ်နိုင်ခဲ့ပါတယ်။