ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ဆာဟာကတော့ လက်စတာ စီးတီး ကွင်းလယ်ကြယ်ပွင့် တိုင်လီမန်းအနေနဲ့ လက်စတာ စီးတီးကနေ ထွက်ခွာရင် အာဆင်နယ်ထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ ကစားသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။ အသက် ၂၅နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ တိုင်လီမန်းက လက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယခု နွေဈေးကွက် အတွင်းမှာ လက်စတာ စီးတီးကို စွန့်ခွာပြီး အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ချင်နေတဲ့ ကစားသမား တဦး ဖြစ်ကာ တိုင်လီမန်းဟာ လက်စတာ စီးတီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ငြင်းဆန် ပယ်ချထားပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းစလုံးက တိုင်လီမန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးရဲ့ တာဝန်ရှိသူတွေက တိုင်လီမန်းရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် ညှိနှိုင်းမှုတွေလည်း စတင် ပြုလုပ်ထားပါတယ်။ လက်စတာ စီးတီးကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို စာချုပ်သစ် ချုပ်ဖို့လည်း ငြင်းဆန်ထားတဲ့ တိုင်လီမန်းကို ယခု နွေဈေးကွက် အတွင်းမှာပဲ ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဆာဟာက တိုင်လီမန်းကို မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အကြံပေးသွားခဲ့ပါတယ်။

ဆာဟာက – “ကျွန်တော်ကတော့ တိုင်လီမန်းကို အကြံပေးရရင် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ပဲ အကြံပေးချင်ပါတယ်။ တိုင်လီမန်းက မန်ချက်စတာ ယူနိုက်တက်နဲ့ အမြဲတမ်း အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ကစားသမားကောင်း တဦးပါ။ အခုမှ မဟုတ်ပါဘူး။ သူ အန်ဒါလက်ချ်မှာ ကစားနေထဲက မန်ချက်စတာ ယူနိုက်တက်နဲ့ သူ့ရဲ့ ကြားမှာ အဆက်အသွယ်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က သူ့ကို အာဆင်နယ်ကို ငြင်းပြီး မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ပဲ အကြံပေးပါ့မယ်” ဆိုပြီး ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ကတော့ သူနဲ့ နိုင်ငံတူ အသင်းဖော် တဦး ဖြစ်တဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂျူဗင်တပ်ကနေ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

ရိုနယ်ဒိုက ကစားသမားဘဝ နောက်ဆုံးအချိန် အခိုက်အတန့်တွေကို ရောက်ရှိနေပေမယ့် ယခုချိန်အထိ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်တွေကို ပိုင်ဆိုင်ထားဆဲ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ တသင်းလုံးနီးပါး ပုံမှန်ခြေစွမ်း မပြနိုင်မှု ၊ နည်းပြအပြောင်းအလဲ များပြားမှုတို့ကြောင့်ပဲ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ ကစားသမားဘဝ တလျှောက်လုံး ချန်ပီယံလိဂ်ပြိုင်ပွဲသာ ကစားခဲ့တဲ့ ရိုနယ်ဒိုက ယခု နွေဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာနိုင်ကြောင်း ကောလဟာလ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး

ရိုနယ်ဒိုရဲ့ နိုင်ငံအသင်းဖော်လည်းဖြစ် ၊ ကလပ်အသင်းဖော်လည်း ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်ကတော့ ရိုနယ်ဒိုဟာ သူတို့အသင်းမှာပဲ ဆက်နေဖို့ မျှော်လင့်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ ဖာနန်ဒက်က – “ကျွန်တော်ကတော့ လာမယ့် တနင်္လာနေ့မှာ ရိုနယ်ဒိုနဲ့အတူ လေ့ကျင့်ခန်း ဆင်းခွင့် ရဖို့ မျှော်လင့်ထားပါတယ်။ သူက နိုင်ငံတကာပွဲတွေကြောင့် ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ နောက်ကျနေရုံပါ။ ကျွန်တော် သိထားသလောက် ရိုနယ်ဒိုရဲ့ အနာဂတ်က ဘာမှ အပြောင်းအလဲ မရှိပါဘူး။ အသင်းကလည်း ရိုနယ်ဒိုလိုမျိုး အဓိက ဂိုးသွင်းစက် တလုံးကို အဆုံးရှုံးခံမယ် မထင်ပါဘူးဗျာ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI: ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ဆာဟာကတော့ လက်စတာ စီးတီး ကွင်းလယ်ကြယ်ပွင့် တိုင်လီမန်းအနေနဲ့ လက်စတာ စီးတီးကနေ ထွက်ခွာရင် အာဆင်နယ်ထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ ကစားသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။ အသက် ၂၅နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ တိုင်လီမန်းက လက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယခု နွေဈေးကွက် အတွင်းမှာ လက်စတာ စီးတီးကို စွန့်ခွာပြီး အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ချင်နေတဲ့ ကစားသမား တဦး ဖြစ်ကာ တိုင်လီမန်းဟာ လက်စတာ စီးတီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ငြင်းဆန် ပယ်ချထားပါတယ်။