တော့တင်ဟမ် အသင်း တိုက်စစ်မှူးဟောင်း ဒါရင်းဘန့် ကတော့ လက်စတာ စီးတီး အသင်း ကွင်းလယ်လူ တိုင်လီမန်းစ် အနေနဲ့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကစား သင့်တယ်လို့ အကြံပေး လိုက်ပါတယ် ။ လက်စတာ စီးတီး အသင်း ကွင်းလယ်လူ တိုင်လီမန်းစ် ဟာ အာဆင်နယ် အသင်း ရဲ့ နွေရာသီ အဓိက ပစ်မှတ် ကစားသမား တစ်ဦးပါ ။ တိုင်လီမန်းစ် ဟာ လက်စတာ စီးတီး အသင်း နဲ့ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပါတယ် ။

အာဆင်နယ် နည်းပြ အာတေတာ ဟာ လာမယ့် နွေရာသီ မှာ တိုင်လီမန်းစ် ကို အရ ခေါ်ယူ ပေးဖို့ ဘုတ်အဖွဲ့ထံ တောင်းဆို ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီး ဘယ်ဂျီယံသားကို ခေါ်ယူနိုင်ဖို့ ပေါင် ၂၅ သန်း ဝန်းကျင် သုံးစွဲမယ်လို့ သိရပါတယ် ။ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တိုင်လီမန်းစ် ဟာ ၂၀၁၈ ခုနှစ်မှာ မိုနာကို အသင်းကနေ လက်စတာ စီးတီး အသင်းကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်း နဲ့ ရောက်ရှိလာသူ ဖြစ်ပါတယ် ။

ဒါရင်းဘန့် က TalkSport မှာ ” သူ(တိုင်လီမန်းစ်) သာ ထွက်ခွာ ဖြစ်မယ်ဆိုရင် ကျွန်တော်ကတော့ အာဆင်နယ် အသင်းကို လာစေချင်ပါတယ် ။ ကျွန်တော် သူ့ကို အမှန်တကယ် သဘောကျတာပါ ၊ သူက ကစားသမားကောင်း တစ်ဦးပါ ၊ နောက်ပြီး သူက ဘယ်ဂျီယံ အသင်းအတွက်လည်း ပွဲထွက် ကစားနေသူ ဖြစ်ပါတယ် ။ သူ့မှာ အရည်အသွေးကောင်းတွေ ရှိပါတယ် ၊ အာဆင်နယ် အသင်း နဲ့ အံဝင်ခွင်ကျ ဖြစ်နိုင်မယ့် ကစားသမား တစ်ဦးပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

လက်စတာ နည်းပြ ရော်ဂျာ ကတော့ တိုင်လီမန်းစ် ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားဖို့ ဆန္ဒ ပြင်းပြ နေပါတယ် ။ မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး အသင်းတို့ဟာလည်း တိုင်လီမန်းစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြဖူးပြီး အခု အခါမှာတော့ အာဆင်နယ် အသင်း က ရှေ့ဆုံးက ရေပန်းစား နေပါတယ် ။ တိုင်လီမန်းစ် ဘက်ကလည်း အရင်က ချန်ပီယံလိဂ် ကစားချင်ပေမယ့် အခု အခါမှာတော့ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ကစားရလည်း အဆင်ပြေကြောင်း မီးစိမ်းပြထားတယ်လို့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ် ။

အာဆင်နယ် အသင်းဟာ အီဂျစ် ကွင်းလယ်လူ အယ်နီနီ ကို တစ်နှစ် စာချုပ် သက်တမ်း တိုးထားခဲ့ပေမယ့် နည်းပြ အာတေတာ ဟာ ကွင်းလယ် အင်အား ထပ်မံ ဖြည့်တင်းဖို့ ဆန္ဒ ပြင်းပြနေပြီး box-to-box ကွင်းလယ်လူ တိုင်လီမန်းစ် ကို မျက်စိ ကျနေတာပါ ။ အာဆင်နယ် အသင်း အနေနဲ့ တိုင်လီမန်းစ် ကို ခေါ်ယူနိုင်ရေးမှာ မြို့ခံပြိုင်ဘက် တော့တင်ဟမ် အသင်း နဲ့ ယှဉ်ပြိုင် ရဖွယ် ရှိနေပါတယ် ။ တော့တင်ဟမ် အသင်းဟာ အာဆင်နယ် အသင်းရဲ့အဓိက ပစ်မှတ်တွေ ဖြစ်တဲ့ ဂျေးဇု နဲ့ တိုင်လီမန်းစ် နှစ်ဦးစလုံးကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ် ။

ZAWGYI: တော့တင်ဟမ် အသင်း တိုက်စစ်မှူးဟောင်း ဒါရင်းဘန့် ကတော့ လက်စတာ စီးတီး အသင်း ကွင်းလယ်လူ တိုင်လီမန်းစ် အနေနဲ့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကစား သင့်တယ်လို့ အကြံပေး လိုက်ပါတယ် ။ လက်စတာ စီးတီး အသင်း ကွင်းလယ်လူ တိုင်လီမန်းစ် ဟာ အာဆင်နယ် အသင်း ရဲ့ နွေရာသီ အဓိက ပစ်မှတ် ကစားသမား တစ်ဦးပါ ။ တိုင်လီမန်းစ် ဟာ လက်စတာ စီးတီး အသင်း နဲ့ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပါတယ် ။