လီဗာပူးလီဗာပူး အသင်းရဲ့ တိုက်စစ်မှုးသစ် ဒါဝင် နူနက် ကတော့ ရာသီသစ် စတင်ဖို့ နီးကပ်လာတာနဲ့ အမျှ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို အမှန်ကန် ချပြလာနေပြီ ဖြစ်ပါတယ်။ အစောပိုင်းမှာ သူ့ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ကျယ်လောင်ခဲ့လွန်းလို့ ၊ သူကိုယ်တိုင် Twitter ပေါ်မှာ စတေးတပ် ရေးကာ တုန့်ပြန်ခဲ့ဖူးပါတယ်။ မနေ့ညက မန်စီးတီး ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာတော့ နူနက် ဟာ သူ့အပေါ် ဝေဖန်သူတွေ အားလုံးကို နှုတ်ဆိတ်စေခဲ့တဲ့ အပြင် ၊ ပါးစပ် အဟောင်းသား ဖြစ်သွားအောင်လဲ စွမ်းဆောင်ပြသွားခဲ့ ပါတယ်။

နည်းပြကြီး ယာဂန် ကလော့ပ် ကတော့ သူ့ရဲ့ တိုက်စစ်မှုးသစ် နဲ့ ပတ်သက်လို့ အခုလို ချီးကျူးခန်း ဖွင့်သွားခဲ့ ပါတယ်။ “ သူ လူစားလဲ ဝင်လာပြီးနောက် ၊ အလှည့်အပြောင်းတွေ ဖြစ်သွားတာက တကယ်ကောင်းပါတယ်။ အချိန်တွေ ကြာလာတာနဲ့ အမျှ ဒီထက်ပိုကောင်းလာဦးမယ် ဆိုတာလဲ ထင်ရှားနေပါပြီ။ ကျနော်တို့ က ပထမဆုံး မြင်ရတဲ့ အခိုက်အတန့်လေး တစ်ခုကိုပဲ ကြည့်ရင်း ဆုံးဖြတ်ချက် ချလိုက်ကြတဲ့ ကမ္ဘာကြီးမှာ နေထိုင်နေကြတာပါ။ ဒါမျိုး ဝေဖန်ပြောဆိုမှုတွေက ဘယ်သူ့ကိုမှ အထောက်အပံ့ ဖြစ်မှာ မဟုတ်ပါဘူး ၊ ဒါပေမယ့်လဲ အမြဲတမ်းကြီးကို ဖြစ်နေတာပါ။”

“မနေ့ညက ဆိုရင် ကျနော်တို့ နှစ်သင်းစလုံးဟာ ရုပ်ပိုင်း ဆိုင်ရာ အရ 100% အကောင်းဆုံး ပုံစံမှာ မရှိခဲ့ပါဘူး။ ရာသီ အကြို ခြေစမ်းပွဲ အနည်းငယ် ကစားပြီးပြီ ဖြစ်ပေမယ့် ၊ ကျနော်တို့ ရဲ့ ကြံ့ခိုင်မှု Level က ပုံမှန် အဆင့်မျိုး နဲ့တောင် နီးစပ်မှု မရှိသေးပါဘူး။ ဒါပေမယ့် နူနက် ဝင်လာပြီး နောက်ပိုင်းမှာတော့ ကျနော်တို့ဟာ သူ့ဆီကို ဘောလုံးရောက်ဖို့ အားပြုပါတယ်။ လူတိုင်းက သူ့ရဲ့ First Touch က မကောင်းဘူး ဆိုတဲ့ ပုံစံမျိုးတွေ ပြောပြီး ဆုံးဖြတ်ချက် ပေးနေကြတာလေ။ တကယ်ကို ဟာသဆန်လွန်းတဲ့ စကားလုံးတွေပါ။ ကျနော်တို့ အတွေးထဲမှာတော့ အဲဒီ အကြောင်းတွေ မရှိပါဘူး။”

“နူနက် ကိုယ်တိုင်လဲ ဒီအခြေအနေကို အကောင်းဆုံး ရင်ဆိုင်ခဲ့သလို ၊ ကျနော်တို့ဘက်ကလဲ စိတ်ရှည်ရှည်ထားပြီးသားပါ။ သူဟာ စွမ်းဆောင်ရည်ကောင်းတွေကို လုပ်ပြနိုင်ပါတယ်။ ဒီပွဲမှာ ဆိုရင် ပွဲအပြောင်းအလဲ ဖြစ်အောင် ယူဆောင်လာတဲ့ ခြေစွမ်းတွေကို သဘောကျမိပါတယ်။ ပြောရရင် ကွန်မြူနတီဒိုင်း ပွဲစဉ်ရဲ့ လူပြော အများဆုံးဖြစ်စေမယ့် အကြောင်းအရာမျိုးပေါ့ဗျာ။ အရံထိုင်ခုံတန်းက ဝင်လာပြီး ၊ ဒီလို စွမ်းဆောင်ပြတာက လုံးဝကို နှိုင်းစရာ မရှိပါဘူး။ လူစားလဲ ဝင်ကစားပြီး အသင်းရဲ့ ခြေစွမ်းကို မြှင့်တင်နိုင်တဲ့ ကစားသမားတိုင်းက အားကိုးရတဲ့ သူတွေချည်းပါပဲ။”

“ကျနော်တို့ အတွက်တော့ ကောင်းတဲ့ လက္ခဏာ တစ်ခုပေါ့။ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့သလို ၊ ရာသီစတင်ဖို့ အကောင်းဆုံး အခြေနေ တစ်ခုကိုလဲ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မန်စီးတီး က တစ်ချို့ အခိုက်အတန့်တွေ ပြန်ပြီး ထိန်းချုပ်သွားတော့ ၊ ကျနော်တို့လဲ ပင်ပန်းပါတယ် ဘာလို့လဲဆိုတော့ ခံစစ် ကစားဖို့ အများကြီး ပြေးလွှားလိုက်ရတယ်လေ။ နောက်ပိုင်းမှာ ကိုယ့် ကစားပုံ ပြန်ကောင်းလာတော့လဲ မန်စီးတီး က အများကြီး ပြေးလွှားရတာပါပဲ။ အဲဒီ အချိန်မျိုးမှာ အဆုံးသတ်ဂိုးတွေ သွင်းနိုင်လိုက်တာပါ။ ကျနော့် အမြင်မှာတော့ ကြည့်ရတာ မျက်စိ ပသာဒရှိတဲ့ ဂိုးမျိုးတွေ ထင်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး အတွက် အနိုင်ဂိုးတွေကို နူနက် ရဲ့ ခေါင်းတိုက်ချက် လက်ထိတာကနေ တဆင့် ရတဲ့ ပင်နယ်တီကို မိုဆာလာ က အမှားအယွင်းမရှိ အဆုံးသတ် ကန်သွင်းပြရင်း ရယူပြခဲ့သလို ၊ ပွဲသိမ်း ဂိုးကိုတော့ ရော်ဘတ်ဆန် ရဲ့ ခေါင်းတိုက်ချပေးမှုကနေ တဆင့် နူနက် ကပဲ အနီးကပ် ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲရလာဒ်ကြောင့် နည်းပြကြီး ကလော့ပ်ဟာ အင်္ဂလန်မှာ ဖလားမျိုးစုံ ဆွတ်ခူးနိုင်တဲ့ တစ်ဦးတည်းသော ပရီးမီးယားလိဂ် နည်းပြ အဖြစ် ရပ်တည်သွားခဲ့ပါတယ်။ သူဟာ လီဗာပူး ကို ကိုင်တွယ်ရင်း ချန်ပီယံလိဂ် ဖလား ၊ ဥရောပ စူပါ ဖလား ၊ ကမ္ဘာ့ ကလပ် ချန်ပီယံ ဖလား ၊ ပရီးမီးယားလိဂ် ဖလား ၊ အက်ဖ်အေ လား ၊ ကာရာဘောင် ဖလား နဲ့ ကွန်မြူနတီ ဒိုင်းတွေကို ဆွတ်ခူး ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI: လီဗာပူးလီဗာပူး အသင်းရဲ့ တိုက်စစ်မှုးသစ် ဒါဝင် နူနက် ကတော့ ရာသီသစ် စတင်ဖို့ နီးကပ်လာတာနဲ့ အမျှ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို အမှန်ကန် ချပြလာနေပြီ ဖြစ်ပါတယ်။ အစောပိုင်းမှာ သူ့ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ကျယ်လောင်ခဲ့လွန်းလို့ ၊ သူကိုယ်တိုင် Twitter ပေါ်မှာ စတေးတပ် ရေးကာ တုန့်ပြန်ခဲ့ဖူးပါတယ်။ မနေ့ညက မန်စီးတီး ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာတော့ နူနက် ဟာ သူ့အပေါ် ဝေဖန်သူတွေ အားလုံးကို နှုတ်ဆိတ်စေခဲ့တဲ့ အပြင် ၊ ပါးစပ် အဟောင်းသား ဖြစ်သွားအောင်လဲ စွမ်းဆောင်ပြသွားခဲ့ ပါတယ်။