လီဗာပူးလ် တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည် အတွက် ဝေဖန်ခံခဲ့ရပြီးနောက် နည်းပြ ဂျာဂန်ကလော့ပ်က စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဒီကစားသမားအပေါ် အပြည့်အဝ ယုံကြည်ကြောင်း ပြောလိုက်ပါတယ်။ နူနက်ဇ်ဟာ ပြီးခဲ့တဲ့လက ဘင်ဖီကာ အသင်းမှ ပေါင်၈၅သန်းအထိ (ယူရို၁၀၀.၅သန်း) တန်ကြေးရှိတဲ့ စာချုပ်တရပ်နဲ့ လီဗာပူးလ် အသင်းထံ ရောက်ရှိလာခဲ့ပြီး၊ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘန်ကောက်မှာ ယူနိုက်တက်ကို ၄-၀ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ပါဝင် ကစားခဲ့ပါတယ်။

ဒီဥရုဂွေးသားဟာ အဆိုပါပွဲရဲ့ ပွဲချိန် မိနစ်၆၀ကျော်မှာ လူစားဝင် ကစားခဲ့တာ ဖြစ်ပြီး၊ အသင်းအတွက် ချေပဂိုး ရယူနိုင်ဖို့ ကြီးမားတဲ့ အခွင့်အရေးတရပ် ရရှိခဲ့ပေမယ့်၊ သူ့ရဲ့ ကန်ချက်ဟာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ဂိုးပေါက်နဲ့ လွဲချော်ခဲ့သွားခဲ့ပါတယ်။ ဒါ့ကြောင့် ပြောင်းရွှေ့ကြေး အမြောက်အများ ပေးကာ ခေါ်ယူထားတဲ့ လီဗာပူးလ် တိုက်စစ်မှူးသစ်ရဲ့ အပြောင်းအရွှေ့ကို မေးခွန်း ထုတ်ခဲ့ကြပြီး၊ ဒီကစားသမားရဲ့ လွဲချော်ခဲ့တဲ့ ဂိုးပေါက် ကန်သွင်းမှုကို ဆိုရှယ် မီဒီယာတွေပေါ်မှာ မျှဝေကာ လှောင်ပြောင်ခဲ့ကြပါတယ်။

ဒါပေမယ့် လီဗာပူးလ် အသင်းနည်းပြ ဂျာဂန်ကလော့ပ်က ဘိုင်ယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့သွားတဲ့ ဆာဒီယို မာနေးရဲ့ နေရာအတွက် အစားထိုးဖို့ ခေါ်ယူထားတဲ့ ဒါဝင်နူနက်ဇ်ရဲ့ ခြေစွမ်းအပေါ် သံသယမရှိဘူးလို့ ဝေဖန်မှုတွေကို အခုလို တုံ့ပြန်သွားခဲ့ပါတယ်။ “နူနက်ဇ်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ကျွန်တော် လုံးဝ စိတ်မပူပါဘူး။ ကျွန်တော်ရဲ့ ကစားသမားကို လူတွေ ဘယ်လိုပဲ ဝေဖန်နေကြပါစေ၊ သူတို့ရဲ့ ဝေဖန် အကဲဖြတ်မှုတွေဟာ ကျွန်တော်တို့ အတွက် လုံးဝ စိတ်ဝင်စားစရာ မရှိပါဘူး။”

“အသင်းသစ်ကို ပြောင်းရွှေ့လာတဲ့ ကစားသမား တယောက်က ဒီလို ဖြစ်တတ်တာ သဘာဝပါပဲ။ အဲဒါကို ကျွန်တော်တို့ နားလည်ထားပြီးသားပါ။ ကစားသမား တယောက်ရဲ့ လွဲချော်မှုလေးတခုကို ရွေးထုတ်ပြီး လှောင်ပြောင်နေကြတာက ဟာသတခုပဲဗျ။ အဲဒါက အခြား ကလပ်အသင်းတွေရဲ့ ပရိတ်သတ်တွေ ပြုလုပ်နေကျ ကိစ္စတခုထက် မပိုပါဘူး။ ဘောလုံးလောကမှာ အဲဒါတွေက သိပ်မထူးဆန်းဘူးလေ။ ကျွန်တော်တို့ရဲ့ ပရိတ်သတ်တွေလည်း မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေရဲ့ အလွဲတွေကို အခုလို လှောင်ပြောင်တာမျိုး လုပ်လို့ ရတာပဲ။”

“ပွဲတပွဲမှာ ကစားသမား တယောက်ရဲ့ လွဲချော်မှုတွေကို လှောင်ပြောင်နေတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက်က ခေါင်းထဲထည့်နေစရာ မလိုပါဘူး။ ကျွန်တော်တို့ အတွက် အရေးကြီးတာက ဒီကစားသမားရဲ့ အခြေအနေကို ပိုကောင်းလာအောင် ဆုံးဖြတ်နိုင်ဖို့ပဲ လိုတာပါ။ ကျွန်တော့် အနေနဲ့ နူနက်ဇ်ရဲ့ ခြေစွမ်းကို ကြည့်ပြီး၊ စိတ်ပူနေတဲ့ စကားတွေ ပြောနေစရာ အကြောင်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ ကောင်းမွန်တဲ့ အလားအလာတွေ ရှိနေတယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်နေတယ်လေ။”

“တကယ်တမ်း ပြောရမယ်ဆိုရင် တကမ္ဘာလုံးက လီဗာပူးလ် အသင်းရဲ့ ပရိတ်သတ်တွေ အနေနဲ့လည်း အသင်းသစ် တသင်းကို ပြောင်းရွှေ့လာတဲ့ ကစားသမားတိုင်း အတွက် ခြေစွမ်းပြဖို့ အချိန်တခု လိုအပ်တယ် ဆိုတာကို သိထားသင့်ပါတယ်။ ဘင်ဖီကာ အသင်းမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ နူနက်ဇ်ရဲ့ စွမ်းဆောင်ရည်တွေက အဲဒီနေရာမှာ ရပ်သွားတာမျိုး မဟုတ်ပါဘူး။ ”

” အဲဒီအသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကို ကျွန်တော်တို့ အသင်းထိ ယူဆောင်လာပြီး တိုးတက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါဝင်နူနက်ဇ်ရဲ့ အလားအလာရှိတဲ့ ခြေစွမ်းတွေကို ထုတ်ဖော်နိုင်ဖို့က ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပြီး၊ အဲဒါအတွက် ကျွန်တော် လုံးဝ စိတ်မပူပါဘူး။ နောက်ပြီး ဘောလုံးဦးနှောက် နည်းနည်းရှိတဲ့သူဆိုရင် သူ့ရဲ့ ခြေစွမ်းနဲ့ အလားအလာတွေကို သံသယဖြစ်မိမှာ မဟုတ်ပါဘူး။” ဆိုပြီး နည်းပြ ကလော့ပ်က ပြန်လည် တုန့်ပြန် သွား ခဲ့ပါတယ်။

ZAWGYI: လီဗာပူးလ် တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည် အတွက် ဝေဖန်ခံခဲ့ရပြီးနောက် နည်းပြ ဂျာဂန်ကလော့ပ်က စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဒီကစားသမားအပေါ် အပြည့်အဝ ယုံကြည်ကြောင်း ပြောလိုက်ပါတယ်။ နူနက်ဇ်ဟာ ပြီးခဲ့တဲ့လက ဘင်ဖီကာ အသင်းမှ ပေါင်၈၅သန်းအထိ (ယူရို၁၀၀.၅သန်း) တန်ကြေးရှိတဲ့ စာချုပ်တရပ်နဲ့ လီဗာပူးလ် အသင်းထံ ရောက်ရှိလာခဲ့ပြီး၊ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘန်ကောက်မှာ ယူနိုက်တက်ကို ၄-၀ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ပါဝင် ကစားခဲ့ပါတယ်။