ဝက်စ်ဟမ်းယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့တိုက်စစ်မှာ ရွေးချယ်စရာ ရှိဖို့အတွက်နဲ့ အင်အားဖြည့်တင်းလိုတာကြောင့် လက်ရှိဘောလုံးရာသီမှာ ဆောက်သမ်ပ်တန်အသင်းကို အငှါးနဲ့ သွားရောက်ကစားနေတဲ့ ချဲလ်ဆီးအသင်းတိုက်စစ်မှူး အာမန်ဒို ဘရိုဂျာကို ခေါ်ယူဖို့အတွက် စီစဉ်နေကြောင်း သိရပါတယ်။ ဟမ်းမားတို့အနေနဲ့ လက်ရှိဘောလုံးရာသီအတွင်း အထောင်တိုက်စစ်မှူးနေရာအတွက် ရွေးချယ်စရာမရှိတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပြီး အသင်းရဲ့ စီနီယာကစားသမားတွေထဲမှာဆိုရင် မီချေးလ် အန်တိုနီယိုတစ်ယောက်တည်းသာ အထောင်တိုက်စစ်မှူးဆိုလို့ ရွေးချယ်စရာရှိနေတာပါ။

တောင်ပံတိုက်စစ်ကစားသမား ဂျားရော့ဒ် ဘိုဝင်အနေနဲ့ လက်ရှိဘောလုံးရာသီအတွင်း ဝက်စ်ဟမ်းအသင်းရဲ့ ပြိုင်ပွဲစုံ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ၁၆ ဂိုးနဲ့ ရပ်တည်နေပြီး ဒုတိယနေရာမှာတော့ တိုက်စစ်မှူး အန်တိုနီယိုက ၁၁ ဂိုးနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ ဟမ်းမားတို့အနေနဲ့ ဆောက်သမ်ပ်တန်အသင်းမှာ အငှါးနဲ့ ကစားရတုန်းမှာ အထင်ကြီးစရာ ခြေစွမ်းတွေကို ပြသထားနိုင်ခဲ့တဲ့ ဘရိုဂျာကို ခေါ်ယူဖို့အတွက် အစီအစဉ်ချမှတ်နေကြောင်း သိရပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ကို စီးပွါးရေးပိတ်ဆို့မှုတွေ ပြုလုပ်ထားတာကြောင့် အသင်းအနေနဲ့ ပိုင်ရှင်သစ်က ဝယ်ယူဖို့အတွက် အပြီးမသတ်နိုင်မချင်း အပြောင်းအရွှေ့ကိစ္စရပ်တွေ ပြုလုပ်ခွင့်ရှိဦးမှာမဟုတ်ပါဘူး။ ဆောက်သမ်ပ်တန်အသင်းကလည်း ဘရိုဂျာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် စိတ်ဝင်စားနေပြီး လက်ရှိဘောလုံးရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၉ ဂိုး သွင်းယူထားခဲ့ပြီးသား တိုက်စစ်မှူးအနေနဲ့ ကွင်းတွင်းစွမ်းဆောင်ရည်မှာလည်း အားရစရာစွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့ပါတယ်။

အဆိုပါဖော်ပြချက်အရ ဆောက်သမ်ပ်တန်အသင်းအနေနဲ့ ဘရိုဂျာကို အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် ခပ်သွက်သွက် လှုပ်ရှားလာနိုင်ပြီး အသက် ၂၀ နှစ်အရွယ်တိုက်စစ်မှူးရဲ့ လုပ်ခလစာကို လက်ရှိ အသင်းရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ ချေအဒမ်စ်နဲ့ အဒမ် အမ်းစထရောင်းတို့ကို ပေးတဲ့ လုပ်ခလစာမျိုးကို ပေးချေသွားနိုင်တာပါ။ ဒါပေမယ့် ဝက်စ်ဟမ်းအသင်းကလည်း ဆောက်သမ်ပ်တန်အသင်းနဲ့အပြိုင် အဲလ်ဘေးနီးယားလက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် အဆင်သင့်ဖြစ်နေပြီး ဥရောပအဆင့်ပြိုင်ပွဲကို လာမယ့်ရာသီမှာ ကစားရမယ့်အချက်နဲ့ မက်လုံးပေးသွားဖွယ်ရှိနေကြောင်း သိရပါတယ်၊။

ဒေးဗစ်မွိုက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ခဲ့တာကြောင့် မျှော်မှန်းတာထက် ပိုမိုလုပ်နိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပေမယ့် ဗိုလ်လုပွဲအထိတော့မရောက်ခဲ့ဘဲ ဖရန့်ဖွတ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးနဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။ အရှေ့လန်ဒန်ကလပ်အနေနဲ့ လက်ရှိဘောလုံးရာသီကို ပရီးမီးယားလိဂ်မှာ ဥရောပပြိုင်ပွဲဝင်ခွင့်ရမယ့် အဆင့်တစ်ခုနဲ့ အမြန်ပိတ်သိမ်းချင်လိုနေပြီး လက်ရှိဘောလုံးရာသီလိုမျိုး နောက်နှစ်မှာ လုပ်ပြနိုင်ဖို့ အားခဲနေလောက်မှာပါ။

လက်ရှိမှာတော့ အဆင့် ၇ နေရာမှာသာ ရပ်တည်ခဲ့တဲ့ ဝက်စ်ဟမ်းအနေနဲ့ တကယ်လို့များ ရာသီကုန်ရင်လည်း အဆင့် ၇ နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ရင် လာမယ့်ဘောလုံးရာသီကို ယူရိုပါကွန်းဖရန့်စ်လိဂ်မှာ ဝင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အဆင့် ၅ သို့မဟုတ် ၆ နဲ့ ရာသီသိမ်းနိုင်ခဲ့ရင်တော့ လာမယ့်ဘောလုံးရာသီကို ယူရိုပါလိဂ်ဝင်ပြိုင်ခွင့်ရမှာဖြစ်ပြီး လက်ရှိ အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၁ ပွဲလျော့ ၆ မှတ်အကွာ အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။

ZAWGYI: ဝက်စ်ဟမ်းယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့တိုက်စစ်မှာ ရွေးချယ်စရာ ရှိဖို့အတွက်နဲ့ အင်အားဖြည့်တင်းလိုတာကြောင့် လက်ရှိဘောလုံးရာသီမှာ ဆောက်သမ်ပ်တန်အသင်းကို အငှါးနဲ့ သွားရောက်ကစားနေတဲ့ ချဲလ်ဆီးအသင်းတိုက်စစ်မှူး အာမန်ဒို ဘရိုဂျာကို ခေါ်ယူဖို့အတွက် စီစဉ်နေကြောင်း သိရပါတယ်။ ဟမ်းမားတို့အနေနဲ့ လက်ရှိဘောလုံးရာသီအတွင်း အထောင်တိုက်စစ်မှူးနေရာအတွက် ရွေးချယ်စရာမရှိတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပြီး အသင်းရဲ့ စီနီယာကစားသမားတွေထဲမှာဆိုရင် မီချေးလ် အန်တိုနီယိုတစ်ယောက်တည်းသာ အထောင်တိုက်စစ်မှူးဆိုလို့ ရွေးချယ်စရာရှိနေတာပါ။