မန်ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ်စ်ရက်ဖို့ဒ်ကတော့ နွေရာသီ အားလပ်ရက်ရှည်မှာ အချိန်ဖြုန်း အပန်းဖြေနေတာမျိုးတွေ ပြုလုပ်နေခြင်းမျိုးမရှိပဲ ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။ လက်ရှိအချိန်မှာ ရက်ဖို့ဒ်မှာ အမေရိကန် နိုင်ငံကို ရောက်ရှိလျက်ရှိနေပြီးတော့ နွေရာသီအားလပ်ရက်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို​့ ရှိနေခဲ့တာ ဖြစ်ပါတယ်။ နည်းပြသစ် တန်ဟတ်ဆီက အထင်ကြီးလေးစားမှုတွေ ရရှိဖို့အတွက် ရက်ဖို့ဒ်အနေနဲ့ ကြိုးစားအားထုတ်လာခဲ့တာ ဖြစ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ ရက်ဖို့ဒ်ဟာ လာမယ့်ရာသီသစ်မှာ အရင်လိုခြေစွမ်းမျိုးတွေ ပြန်ရဖို့ မျှော်လင့်နေတာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီဟာ ရက်ဖို့ဒ်ရဲ့ ကစားသမားဘဝ အဆိုးရွားဆုံး ရာသီတွေထဲက တစ်ခု ဖြစ်ခဲ့ ပြီး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာပါ။ ဒါ့အပြင် ပါဝင်ကစားခဲ့တဲ့ ပွဲစဥ်တွေမှာလည်း ခြေစွမ်းပြနိုင်ဖို့ရုန်းကန်နေခဲ့ရတာကြောင့် နောက်ပိုင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့ခြင်း မရှိတော့ပဲ အရန်ကစားသမားအဖြစ်နဲ့သာ ပွဲချိန်အနည်းငယ်ကို ဝင်ရောက်ကစားခဲ့ရတာ ဖြစ်ပါတယ်။

မန်ယူနိုက်အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြိုင်ပွဲစုံ ၃၂ ပွဲပါဝင်ကစားပေးခဲ့ပြီး၊ သွင်းဂိုးကလည်း ၅ ဂိုးသာလျှင် သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဂိုးသွင်းနှုန်းဟာ မန်ယူနိုက်တက် ကစားသမားဘဝ အနည်းဆုံးဂိုးသွင်းနှုန်းလည်း ဖြစ်ခဲ့ပါတယ်။ မန်ယူနိုက်တက် အသင်းကြီးအတွက် စတင်ပွဲထွက် ကစားခဲ့တဲ့ ၂၀၁၅-၁၆ ဘောလုံးရာသီကထက်တောင် ​ပြီးခဲ့တဲ့ဘောလုံးရာသီက စုစုပေါင်း သွင်းဂိုးက ၃ ဂိုး အထိ နည်းပါးနေခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ မန်ယူနိုက်တက်ရဲ့ နည်းပြသစ်အဖြစ် တန်ဟတ်ကို တရားဝင်ခန့်အပ်ခဲ့ ပြီးတဲ့နောက် နည်းပြသစ်ရဲ့ အထင်ကြီး လေးစားမှုတွေ ရဖို့ အသင်းရဲ့ ရာသီ ကြိုလေ့ကျင့်ခန်းတွေ ပြန်မစခင် ရက်ဖို့ဒ်အနေနဲ့ အမေရိကန်နိုင်ငံမှာ တကိုယ်တော် လေ့ကျင့်ခန်းတွေ ပြုလုပ်လျက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ ရက်ဖို့ဒ်အနေနဲ့ အခုလို တကိုယ်တော် လေ့ကျင့်ခန်းတွေကို အမေရိကန်မှာ ၁၀ ရက်တာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီက ရက်ဖို့ရဲ့ ခြေစွမ်းပိုင်းကျဆင်းမှုတွေ ကြောင့် နိုင်ငံ အသင်းမှာတောင် ၂၀၂၂ ခုနှစ်အတွင်း အဂ်လန် အသင်းအတွက် တပွဲမှ ကစားထားရခြင်းတောင်မရှိခဲ့ပါဘူး။ ဒီလထဲမှာ ကစားခဲ့တဲ့ နေရှင်လိဂ်ပွဲစဥ်တွေကိုလည်း ရက်ဖို့ဒ်တယောက် လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

ဆိုတော့ လာမယ့် ဘောလုံးရာသီဟာ ရက်ဖို့ဒ်အတွက် အလွန်ကို အရေးပါနေတာဖြစ်ပါတယ်။ မန်ယူနိုက်တက်နဲ့အတူ ကောင်းမွန်တဲ့ ခြေစွမ်းမျိုးတွေ ပြန်ရနိုင်ဖို့ လိုအပ်နေပြီး ဒီလို ပြန်ရနိုင်မှသာ လာမယ့် ကာတာ ကမ္ဘာ့ဖလားမှာ အဂ်လန်အသင်း လူစာရင်းမှာ ပြန်လည် ရွေးချယ်ခံသွားရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။ လက်ရှိ မန်ယူနိုက်တက်ရဲ့ တောင်ပံနေရာမှာ ဆန်ချို၊ အီလန်ဂါနဲ့ ရက်ဖို့တို့သာ ရှိနေတာကြောင့် ရက်ဖို့ဒ်အနေနဲ့ လာမယ့်ရာသီမှာ ပွဲထွက်ခွင့်တွေ ပြန်လည် ရရှိနိုင်ဖို့ မျှော်လင့်လို့ရနေတာ ဖြစ်ပြီး ခြေစွမ်းကောင်းတွေ ပြန်ပြနိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေမှာ ဖြစ်ပါတယ်။

ရက်ဖို့ဒ်ကိုယ်တိုင်က မန်ယူနိုက်တက် အတွက်သာ ကစားပေးလိုနေပြီး အသင်းပြောင်းလိုစိတ်မရှိတာကြောင့် အသက်းတာဝန်ရှိသူတွေဘက်ကလည်း ရက်ဖို့ဒ်ကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ အတိအလင်း ပြောကြား ထားခဲ့ ပြီး ဖြစ်ပါတယ်။ ဆိုတော့ လာမယ့် ဘောလုံးရာသီဟာ ရက်ဖို့ဒ်အတွက် ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ အကောင်းဆုံး အကျိုးပြုနိုင်ဖို့ လိုအပ်နေတဲ့ နှစ်တစ်နှစ်လို့ဆိုရမှာ ဖြစ်ပါတယ်။ မြန်နှုန်းမြင့်ကစားဟန်ကို ဦးစားပေးလေ့ရှိတဲ့ တန်ဟတ်လက်ထက်မှာ ရက်ဖို့ဒ်တယောက် ပုံမှန်ပွဲထွက်ခွင့်ရဖို့နဲ့ ခြေစွမ်းပြနိုင်ဖို့ဆိုရင် ကြံ့ခိုင်မှုကလည်း ရာခိုင်နှုန်းပြည့်ကောင်းမွန်ဖို့ လိုအပ်နေတာကြောင့် ရာသီသစ်ဟာ ရက်ဖို့ဒ်အတွက် စိန်ခေါ်မှုတွေ ပြည့်နှက်နေတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ်စ်ရက်ဖို့ဒ်ကတော့ နွေရာသီ အားလပ်ရက်ရှည်မှာ အချိန်ဖြုန်း အပန်းဖြေနေတာမျိုးတွေ ပြုလုပ်နေခြင်းမျိုးမရှိပဲ ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။ လက်ရှိအချိန်မှာ ရက်ဖို့ဒ်မှာ အမေရိကန် နိုင်ငံကို ရောက်ရှိလျက်ရှိနေပြီးတော့ နွေရာသီအားလပ်ရက်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို​့ ရှိနေခဲ့တာ ဖြစ်ပါတယ်။ နည်းပြသစ် တန်ဟတ်ဆီက အထင်ကြီးလေးစားမှုတွေ ရရှိဖို့အတွက် ရက်ဖို့ဒ်အနေနဲ့ ကြိုးစားအားထုတ်လာခဲ့တာ ဖြစ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။