မန်ယူနိုက်တက်တို့ဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဂျောင်ကိုခေါ်ယူနိုင်ဖို့ တော်တော်လေး နီးစပ်လာခဲ့ပြီ ဖြစ်တယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာခဲ့ကြပါတယ်။ မန်ယူနိုက်တက်တို့ဟာ ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ယူရို (၆၉)သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် ဘာစီလိုနာနဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်လာခဲ့တာ ဖြစ်ပြီး ယခုလအတွင်း အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ရည်ရွယ်ထားတယ်လို့ သတင်းတွေ သိရပါတယ်။

ဒီဂျောင်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိဖို့က ပြဿနာမရှိပဲ ဒီဂျောင် အနေနဲ့ မန်ယူနိုက်တက်မှာ ဆရာဟောင်း တန်ဟတ်နဲ့ အတူ ပြန်လည်လက်တွဲ သွားဖို့ လိုလိုလားလား ရှိနေတယ်လို့ လည်း သိရပါတယ်။ သတင်းတွေအရ မန်ယူနိုက်တက်တို့ဟာ ဒီဂျောင်ကို (၅)နှစ် သက်တမ်းရှိတဲ့ စာချုပ်နဲ့ ခေါ်ယူ သွားမှာ ဖြစ်ပြီး၊ (၁)နှစ်သက်တမ်းတိုးခွင့် ပါရှိမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဂျောင် အနေနဲ့ မန်ယူနိုက်တက်မှာ တပတ်လုပ်ခပေါင် (၄)သိန်းနီးပါး ရရှိသွားမယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒါ့ကြောင့်မလို့ လာမယ့်ရက်ပိုင်းအတွင်း ဒီဂျောင်နဲ့မန်ယူနိုက်တက်တို့ရဲ့ ပြောင်းရွှေ့ကြေး အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ တိကျရှင်းလင်းတဲ့ အဖြေတစ်ခု ထွက်ပေါ်လာဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီဂျောင်ဟာ (၂၀၁၉-၂၀)ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းထံ အေဂျက် အသင်းကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး၊ ဘာစီလိုနာနဲ့ (၅)နှစ် သက်တမ်းရှိတဲ့ စာချုပ် တစ်ခုကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ (၂၀၁၉-၂၀)ဘောလုံးရာသီစကပြီး အဓိက ကစားသမား အဖြစ် (၃)ရာသီ ကြာပွဲထွက် ကစားခဲ့ပြီး အရေးပါတဲ့ ကစားသမား တစ်ယောက် အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာနဲ့ (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၄၀) ပွဲ အထိ ပါဝင်ကစားပေးခဲ့ပြီးတော့ သွင်းဂိုး (၁၃)ဂိုး အထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမား တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒီဂျောင် အနေနဲ့ အစပိုင်းမှာ မန်ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အလိုမရှိခဲ့ပေမဲ့ ဘာစီလိုနာနဲ့ ကြေးမြီပြဿနာတွေကြောင့် ငွေလိုအပ်နေတဲ့ အခြေအနေတွေရယ်နဲ့ တန်ဟတ်ရဲ့ စည်းရုံး ပြောဆိုမှုတွေကြောင့် မန်ယူနိုက်တက်ထံ ပြောင်းလဲဖို့ စိတ်ပါလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီရက်ပိုင်းအတွင်းမှာပဲ ဒီဂျောင်နဲ့ မန်ယူနိုက်တက်တို့ရဲ့ အပြီးသတ် အပြောင်းအရွှေ့ သတင်းတွေကိုကြားရဖို့ ရှိနေပါတယ်။ ဒီဂျောင်ကို ခေါ်ယူပြီးရင် မန်ယူနိုက်တက်ရဲ့ နောက်ထပ် ခေါ်ယူဖို့ စီစဉ်ထားတဲ့ ကစားသမားကတော့ အေဂျက် အသင်းကတောင်ပံတိုက်စစ် ကစားသမား အန်တိုနီ ဖြစ်ပြီး၊ မန်ယူနိုက်တက်တို့က ပေါင်သန်း (၄၀)ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ ယုံကြည်လျက် ရှိနေပါတယ်။

နာမည်ကြီး သတင်းစာတစ်ခုရဲ့ အဆိုအရ မန်ယူနိုက်တက်တို့ဟာ ဒီနွေဈေးကွက်ထဲမှာ အပြောင်းအရွှေ့ အသုံးစရိတ်အဖြစ် ပေါင်သန်း (၁၀၀)သာ သက်မှတ်ထားတာ ဖြစ်ပြီး၊ ဒီဂျောင် အတွက် ပေါင်(၆၉)သန်းလောက် အသုံးပြုခဲ့ရပြီး ဖြစ်တဲ့ အတွက် အပြောင်းအရွှေ့ စရိတ်က (၃၁)သန်းသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ထပ် ကစားသမား သစ်တွေ ခေါ်ယူဖို့ အတွက် အသင်းမှာ ရှိပြီးသား ကစားသမားတွေကို ထပ်မံ ရောင်းချဖို့ လိုအပ်နေတာ ဖြစ်ပြီး၊ ဒီကစားသမားတွေကို ရောင်းချလို့ရတဲ့ ပြောင်းရွှေ့ကြေးတွေကို လူခေါ်ယူမှုတွေ ပြုလုပ်ဖို့ အသုံးပြုသွားရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက်တို့ဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဂျောင်ကိုခေါ်ယူနိုင်ဖို့ တော်တော်လေး နီးစပ်လာခဲ့ပြီ ဖြစ်တယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာခဲ့ကြပါတယ်။ မန်ယူနိုက်တက်တို့ဟာ ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ယူရို (၆၉)သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် ဘာစီလိုနာနဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်လာခဲ့တာ ဖြစ်ပြီး ယခုလအတွင်း အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ရည်ရွယ်ထားတယ်လို့ သတင်းတွေ သိရပါတယ်။