ယူနိုက်တက် နည်းပြဟောင်း ဗန်ဟားလ်ဟာ လက်ရှိ ယူနိုက်တက်အသင်းမှာ အဓိက ဦးဆောင်သူအပြောင်းအလဲ ကြောင့် နည်းပြသစ် တန်ဟတ် အနေနဲ့ ယူနိုက်တက်ကို အောင်မြင်အောင် ပြုလုပ်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်တယ်လို့ ဆိုလိုက်ပါတယ်။ အသက် ၇၀ အရွယ်ရှိပြီ ဖြစ်တဲ့ ဗန်ဟားဟာ ယူနိုက်တက်အသင်းကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုအချိန်က ယူနိုက်တက်အမှုဆောင်ချုပ်အဖြစ် အက်ဝုဒ်ဝက်က တာဝန်ယူနေခဲ့တာပါ။

ထိုစဉ်က အတွေ့အကြုံအရ ယူနိုက်တက်ဟာ စီးပွားရှာတဲ့ အသင်းရယ်လို့ အားလုံးက ဖော်ပြခဲ့ကြပြီး ဗန်ဟားလ်ကလဲ တန်ဟတ်ကို သတိပေးစကားဆိုလိုက်ပါတယ်။ သို့သော် ဗန်ဟားလ် ဟာ တန်ဟတ်ရဲ့ ရပ်တည်ချက် ဆုံးဖြတ်ချက်တွေ အပေါ် မေးခွန်းထုတ်စရာမလိုတဲ့ နည်းပြဖြစ်တယ်လို့ သူ့ရဲ့ အမြင်ကိုလဲ ဆိုပါတယ်။

Sky Sport မှာ”အခုတော့ အသင်းကို ဦးဆောင် စီမံတဲ့သူ ပြောင်းသွားပါပြီ။ ကျွန်တော်ရှိတုန်းကတော့ အက်ဝပ် စီမံနေခဲ့တာပါ။ အခုတော့ ရစ်ချက်အာနိုးဖြစ်သွားလို့ မတူညီတာတွေ ဖြစ်လာမှာပါ။ ဒါကြောင့် ကျွန်တော်တို့ စောင့် ကြည့်ရပါမယ်” “သူ (တန်ဟတ်)က ယုံကြည်မှု အများကြီးရှိသူပါ။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော်က ပြောရလောက်တဲ့ လူလဲ မဟုတ်ပါဘူး”လို့ ဗန်ဟားက ဆိုပါတယ်။

လူးဝစ်ဗန်ဟားလ်ဟာ ယူနိုက်တက်အသင်းကို တာဝန်ယူခဲ့စဉ်က အသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ နယ်သာလန်သား နည်းပြဟာ ယူနိုက်တက်ကို ၂၀၁၆ FA မှာ အောင်မြင်မှုမရခဲ့လို့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး သူ့အနေနဲ့ ထိုစဉ်က ထိုဆုံးဖြတ်ချက်ကို အလွန်စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။

အသင်းရဲ့စီမံခန့်ခွဲသူအသစ်အဖြစ် ရော်နယ်အာနိုးလက်ထက်မှာ တန်ဟတ်ဖြစ်ချင်တဲ့ အိုင်ဒီယာတွေအကုန် ပြည့်စုံစွာ အကောင်အထည်ဖော်နိုင်မယ့် အခြေအနေမှာရှိပါတယ်။ ယူနိုက်တက်ရဲ့ နွေရာသီ အပြောင်းအရွေ့အတွက် ကစားသမား ခေါ်ယူမှုကိုလဲ တန်ဟတ်က ပါဝင်ဆောင်ရွက်နေပါပြီ။ ဘာစီလိုနာ ကစားသမား ဖရန်ကီဒီဂျောင်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေပါတယ်။ အေဂျက်နောက်ခံကစားသမား ဂျာရီရန်တင်ဘာကိုလဲ ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

ဗန်ဟားလ်ကတော့ သူရဲ့ နယ်သာလန်သား နောက်တန်းကစားသမားနဲ့ ပတ်သက်လို့”ကစားသမားရဲ့ အရည်အသွေးနဲ့ ပရီးမီးယားလိဂ်မှာ ကစားလို့ရပါတယ်။ ဘာပြဿနာမှ မရှိပါဘူး။ အကယ်၍ သူဒီအဆင့်ကို တက်လှမ်းမလားဆိုတာကိုပဲ မေးခွန်းထုတ်ရမှာပါ။ သူသွားမကစားဘူးဆိုရင်တော့ သူဟာ မပါးနပ်တာပါပဲ။ သူသွားကစားရမှာပါ”လို့ ဗန်ဟားလ်က ဆိုခဲ့ပါတယ်။

ZAWGYI: ယူနိုက်တက် နည်းပြဟောင်း ဗန်ဟားလ်ဟာ လက်ရှိ ယူနိုက်တက်အသင်းမှာ အဓိက ဦးဆောင်သူအပြောင်းအလဲ ကြောင့် နည်းပြသစ် တန်ဟတ် အနေနဲ့ ယူနိုက်တက်ကို အောင်မြင်အောင် ပြုလုပ်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်တယ်လို့ ဆိုလိုက်ပါတယ်။ အသက် ၇၀ အရွယ်ရှိပြီ ဖြစ်တဲ့ ဗန်ဟားဟာ ယူနိုက်တက်အသင်းကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုအချိန်က ယူနိုက်တက်အမှုဆောင်ချုပ်အဖြစ် အက်ဝုဒ်ဝက်က တာဝန်ယူနေခဲ့တာပါ။