မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ်ဦးစားပေး ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က နွေရာသီ ပွဲကြို ကာလ အတွင်းမှာ နည်းပြသစ် အဲရစ် တန်ဟတ်ရဲ့ လက်အောက်် သူဟာ ခမ်းနားတဲ့ အရာအချို့ကို မြင်တွေ့နေခဲ့ရကြောင်််း ထုတ်ပြော သွားခဲ့လိုက် ပါတယ် ။ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ အဲရစ် တန်ဟတ် ဟာ ဒီနွေရဲ့ ပထမဦးဆုံးသော ရာသီကြို ပွဲစဥ် အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဘန်ကောက်မှာ လီဗာပူး အသင်းနဲ့ ရင်ဆိုင််ခဲ့ရပြီး 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ်နိုင်ပွဲ ရယူကာ အဖွင့်လှသွားခဲ့ရပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ ယူနိုက်တက် အတွက် ဆန်ချို ၊ ဖရက်ဒ် ၊ မာရှယ်နဲ့ ပယ်လီစထရီတို့က ဂိုးတွေ သွင်းယူပေးခဲ့ကြပါတယ် ။ အခုတော့ ယူနိုက်တက် တို့ဟာ ဒုတိယပွဲစဥ် အဖြစ် မဲလ်ဘုန်း ဗစ်ထရီ အသင်း နဲ့ ကစားရဖို့ ရှိနေပါတယ် ။ အခုတော့ ယူနိုက်တက် တို့ရဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က နည်းပြသစ် ဖြစ်သူဟာ ဘာကို လိုချင််သလဲဆိုတာ 100% သိသူ ဖြစ်ကြောင်း ၊ အခုတော့ အသင််း တစ်သင်းလုံးဟာ အလုပ်တွေ ကြိုးစားနေကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” သူ ဘာလိုချင်သလဲဆိုတာကို မန်နေဂျာ က 100 % ပြည့် သိပါတယ် ။ သူ ဘယ်လို ကစားစေချင်သလဲ ဆိုတာကိုလည်း သူကောင်းကောင်းသိပါတယ် ။ သူဟာ အသင်းကိုလည်း information တွေ အများကြီး ပေးဆောင်နေခဲ့သူ တစ်ဦးပါ။ သူဟာ အသင်းသားတွေကို အသေးစိတ် အချက်အလက််တွေ ပေးဆောင်နေခဲ့ပြီး ကွင်းအတွင်း၊ ကွင်းပြင်ပတွေမှာ စည်းမျဥ်းတွေလည်း သတ်မှတ်ပေးထားခဲ့ ပါတယ် ။ အဲ့တာက ကျွန်တော်တို့ လိုနေခဲ့တဲ့ အရာပါပဲ ။ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ သိဖို့လိုသလို အသင်းတစ်သင်းလိုလည်း ကစားဖို့ လိုနေခဲ့ပါတယ် ”

” အခုတော့ အသင်းတစ်သင်းလုံး အလုပ်တွေ ကြိုးစားနေပြီလို့ ကျွန်တော်တွေးပါတယ် ။ လေ့ကျင့်ရေး အစီအစဥ်တွေကလည်း ပြင်းထန်နေခဲ့တယ်လေ ။ သူဟာ အသင်းဆီကနေ ဘာလိုချင်လဲဆိုတာ ကောင်းကောင်းသိသူလေ ။ အစပိုင်းထဲက သူပေးခဲ့တဲ့ information အများကြီး ရှိခဲ့ရပါတယ်။ အခု ကွင်းထဲရောက်တော့ မှန်ကန်တဲ့ မက်ဆေ့တွေကို ဆက်လက် ရရှိနေပါပြီ ။ ဒါဟာ ခမ်းနားလှပါတယ် ။ သူ့ရဲ့ လက်အောက်မှာ လေ့ကျင့်ရေးတွေ ပြင်းထန်နေခဲ့ပြီး အားလုံး ဘောလုံးအပေါ် ပိုပြီး အာရုံစိုက်နေခဲ့ကြပါတယ် ။ ဒီအတောအတွင်း ခမ်းနားတဲ့ အရာတွေ အများကြီး မြင်ခဲ့ရတယ်လို့ ခံစားနေရပါတယ် ” လို့ ဒီဂီယာက ပြောလိုက်တာပဲ ဖြစ်ပါတယ် ။

တစ်ဖက်မှာလည်း မန်ချက်စတာယူနိုက်တက် အသင်းဟာ ဖရန်ကီဒီဂျောင်း အတွက် ဘာစီလိုနာ အသင်းကို ကနဦး ပြောင်းရွေ့ကြေး ယူရို ၇၅ သန်း ပေးချေသွားရန် သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက် အနေနဲ့ အပိုဆုကြေး (add-ons) အဖြစ် နောက်ထပ် ယူရို ၁၀ သန်းကိုလည်း ထပ်မံပေးချေသွားရဖို့ ရှိနေပါတယ်။ ဒီဂျောင်းဟာ ဒီနွေရာသီမှာ နည်းပြ အဲရစ်တန်းဟတ်ရဲ့ ဦးစားပေး ခေါ်ယူမယ့် ကစားသမား ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်ဟာ ဒီဂျောင်းကို အိုးထရပ်ဖို့ဒ်ထံ ပြောင်းရွေ့လာအောင် စည်းရုံးသွားရမှာ ဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကို ရရှိခဲ့မယ် ဆိုရင်တော့ အပြောင်းအရွေ့ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒီဂျောင်းဟာ ဘာစီလိုနာ ထံကနေ ယူရို ၁၇ သန်း တန်ကြေးရှိတဲ့ လစာကို ရသွားဖို့ ရှိနေပြီး ဒ့ါကြောင့်လည်း ဒီအပြောင်းအရွေ့ဟာ ကြန့်ကြနေခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီဂျောင်းရဲ့ အပြောင်းအရွေ့ အတွက် ဆွေးနွေးရန် ဘာစီလိုနာကို ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ပြီး

လက်ရှိမှာတော့ ကတ်တလန် ကလပ်နဲ့ ပြောင်းရွေ့ကြေး သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဂျောင်းကို အိုင်ယက်ကနေ ပေါင် ၈၆ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး နယ်သာလန် လက်ရွေးစင်ဟာ စပိန်ကလပ်အတွက် လိဂ်ပွဲပေါင်း ၁၀၀ ကျော် ကစားပေးထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ဖီယင်နော့က မာလာစီးယား တစ်ဦးတည်းကိုသာ ခေါ်ယူထားခဲ့ပြီး မကြာမီမှာ အဲရစ်ဆင် နဲ့ အိုင်ယက်ရဲ့ လီဆန်ဒရိုမာတီနက် တို့လည်း ရောက်လာဖို့ ရှိနေပါတယ်။

ZAWGYI: မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ်ဦးစားပေး ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က နွေရာသီ ပွဲကြို ကာလ အတွင်းမှာ နည်းပြသစ် အဲရစ် တန်ဟတ်ရဲ့ လက်အောက်် သူဟာ ခမ်းနားတဲ့ အရာအချို့ကို မြင်တွေ့နေခဲ့ရကြောင်််း ထုတ်ပြော သွားခဲ့လိုက် ပါတယ် ။ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ အဲရစ် တန်ဟတ် ဟာ ဒီနွေရဲ့ ပထမဦးဆုံးသော ရာသီကြို ပွဲစဥ် အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဘန်ကောက်မှာ လီဗာပူး အသင်းနဲ့ ရင်ဆိုင််ခဲ့ရပြီး 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ်နိုင်ပွဲ ရယူကာ အဖွင့်လှသွားခဲ့ရပါတယ် ။