အဲရစ်တန်ဟဂ်လက်အောက်မှာ မန်ယူတို့ လူသစ်တယောက်မှ တရားဝင်မခေါ်ရသေးပေမဲ့ ဒတ်ချ်နည်းပြဟာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သတ်ပြီး မှတ်တမ်းကောင်းရှိသူဖြစ်ကာ အခုလည်း မန်ယူလူငယ်ကစားသမားတယောက်ကို မျက်စိကျနေပါတယ်။ ဇီဒန်းအစ်ခ်ဘယ်ကြောင့် တန်ဟဂ် အံ့သြမင်သက်ခဲ့ရပါတယ်။ ဒီကောင်လေးကို မန်ယူတို့အမှန်တကယ်သုံးသင့်တာရဲ့ တဝက်လောက်တောင် အသုံးမချခဲ့ကြဘူးလို့ သူကခံစားရတာဖြစ်ပါတယ်။

ဒတ်ချ်နည်းပြဟာ အိုင်းယက်စ်ကထွက်လာပြီး အိုးထရက်ဖို့ဒ်ကို မန်ယူမန်နေဂျာသစ်အဖြစ် ရောက်လာပြီးနောက် သူ့ရဲ့ပထမဆုံးရာသီကြို လေ့ကျင့်ရေးဆက်ရှင်များကို စတင်နေပြီဖြစ်ပါတယ်။ ပိုချက်တီနိုနဲ့အပြိုင်စဉ်းစားခဲ့ကြပေမဲ့ သူ့ကိုပဲမန်ယူတို့ရွေးခဲ့တဲ့အကြောင်းရင်းထဲမှာ လူငယ်ဖွံဖြိုးတိုးတက်ရေးနဲ့ပတ်သတ်ပြီး သူ့ရဲ့အထင်ကြီးစရာမှတ်တမ်းကောင်းက အဓိကတချက်ပါ။ အိုင်းယက်စ်မှာဆိုရင် သူ့ရဲ့အသင်းမှာ ထွန်းသစ်စကြယ်ပွင့်တွေနဲ့ ပြည့်နှက်နေခဲ့တာပါ။

အခုဆိုရင် မန်နေဂျာသစ်က မန်ချက်စတာကလူငယ်တွေကို သူမြင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်နေပြီဖြစ်ပြီး မန်ယူတို့ရဲ့အကယ်ဒမီကလည်း ကမ္ဘာမှာအကောင်းဆုံးအကယ်ဒမီတွေထဲက တခုအဖြစ်ကျော်ကြားပြီးသားဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပေါင်းများစွာအတွင်း ဂျော့ရှ်ဘက်စ်အစ ဒေးဗစ်ဘက်ခမ်း၊ ဂယ်ရီနဗီးအလယ် မားကပ်ရက်ရှ်ဖို့ဒ်၊ ပေါ့ဘာအဆုံး မျိုးဆက်တိုင်းမှာ ထိပ်တန်းကြယ်ပွင့်တွေ မွေးထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ရာသီကြိုရဲ့ အစောပိုင်းကာလအဆင့်အတွင်း တန်ဟဂ်က သေချာကြည့်ရှုခဲ့ပြီးနောက် အကယ်ဒမီရဲ့နောက်ဆုံးထုတ်ကုန်လေးတွေကလည်း ပထမအသင်းနဲ့မဝေးတော့တဲ့အနေအထားမှာ ရှိနေပါတယ်။

ချက်ချင်းအထင်အမြင်သက်ရောက်မှုကို ဖန်တီးနိုင်ခဲ့ကြတဲ့ ထိပ်တန်းကြယ်ပွင့်လူငယ်ကစားသမားများထဲမှာ အစ်ခ်ဘယ်က ထင်ပေါ်နေသူတဦးဖြစ်ပါတယ်။ ပထမအသင်းထဲမှာ အခုအသုံးပြုခဲ့တဲ့ပမာဏထက် အစ်ခ်ဘယ်ကို ဘာလို့ပိုမသုံးခဲ့ကြတာလဲဆိုတာကို တန်ဟဂ်က အံ့အားသင့်ခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်မှာ ဘာသက်ရောက်မှုမှမရှိတော့တဲ့ ယန်းဘွိုင်းစ်တို့နဲ့ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး သူ့ရဲ့စီနီယာပွဲဦးထွက်ကိုပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒါကမလုံလောက်ဘူးလို့ တန်ဟဂ်ကယူဆပါတယ်၊ ဒါ့အပြင် ဒီအတိုင်းဆက်လက်တိုးတက်နေမယ်ဆိုရင် အဆင့်တက်ဖို့အခွင့်အလန်းကို ဆယ်ကျော်သက်ကစားသမားရရှိဖို့ ကြီးမားတဲ့အခွင့်အရေးရှိနေတယ်လို့လည်း သူကယုံကြည်ပါတယ်။ ဒါပေမဲ့ တန်ဟဂ်မျက်စိကျတာက အီရတ်ကောင်လေးတဦးတည်းတော့မဟုတ်ပါဘူး။ ဟန်နီဘယ်မက်ဘရီနဲ့ အလက်ဇန်ဒရိုဂါနာချိုတို့ကလည်း အထင်ကြီးအောင်လုပ်ပြနိုင်ခဲ့ပါတယ်။ ဒီနှစ်ဦးကိုတော့ ပြီးခဲ့တဲ့ရာသီမှာ ရာ့ဖ်ရန်းဂ်နစ်က ပိုအသုံးပြုဖြစ်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ရာသီကုန်ခါနီးအချိန်မှာပါ။

တန်ဟဂ်က လူတိုင်းကို တူညီတဲ့အခွင့်အရေးလမ်းဖွင့်ထားတာဖြစ်လို့ နောက်နှစ်အတွက် လူစာရင်းနေရာတွေက ထိုက်တန်သူယူဖို့ အဆင့်သင့်ဖြစ်နေပါတယ်။ နည်းပြသစ်ဟာ ဘေးကန် နောက်ကန် ပေးပို့မှုများနဲ့ လက်သင့်မခံနိုင်စရာ ခန္ဒာဗေဒဘာသာစကားတွေကို လုံးဝသည်းခံမှာမဟုတ်ကြောင်း ရှင်းအောင်လုပ်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် အဝတ်လဲခန်းထဲက အုပ်စုဖွဲ့မှုအားလုံးကိုလည်း အပြီးတိုင်ဖျက်စီးပစ်ဖို့ အမိန့်ပေးထားပါတယ်။

ဒါကတော့ ကလပ်ကိုတိုးတက်အောင်လုပ်ဖို့ ကြိုးပမ်းမှုမှာ သူလုပ်ပြီးခဲ့တဲ့ ပထမခြေလှမ်းအချို့ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့်အပတ်တွေအတွင်း နောက်ထပ်ခေါ်ယူမှု အနည်းဆုံးနှစ်ခုလောက်လုပ်ဖို့ ယူနိုက်တက်တို့ပြင်ဆင်နေပါတယ်။ ဒတ်ချ်ဘယ်နောက်ခံကစားသမား တိုင်ရယ်မလာစီယာဟာ မန်ယူတို့ရဲ့ ဒီနွေရာသီ ပထမဆုံးခေါ်ယူမှုဖြစ်လာဖို့ရှိနေပြီး ဖေယန်နော့ဒ်ကနေ ပေါင် ၁၃ သန်းနဲ့ လက်မှတ်ထိုးမှာဖြစ်ပါတယ်။

ZAWGYI: အဲရစ်တန်ဟဂ်လက်အောက်မှာ မန်ယူတို့ လူသစ်တယောက်မှ တရားဝင်မခေါ်ရသေးပေမဲ့ ဒတ်ချ်နည်းပြဟာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သတ်ပြီး မှတ်တမ်းကောင်းရှိသူဖြစ်ကာ အခုလည်း မန်ယူလူငယ်ကစားသမားတယောက်ကို မျက်စိကျနေပါတယ်။ ဇီဒန်းအစ်ခ်ဘယ်ကြောင့် တန်ဟဂ် အံ့သြမင်သက်ခဲ့ရပါတယ်။ ဒီကောင်လေးကို မန်ယူတို့အမှန်တကယ်သုံးသင့်တာရဲ့ တဝက်လောက်တောင် အသုံးမချခဲ့ကြဘူးလို့ သူကခံစားရတာဖြစ်ပါတယ်။