အယ်လ်ဗာရို ဖာနန်ဒက်ဇ်ဟာ ပြီးခဲ့သည့်ရာသီက ပထမအသင်းနှင့်အတူ လေ့ကျင့်သင်ကြားခွင့်ရခဲ့ပြီး လူငယ်အသင်းမှာလည်း Fa ဖလားဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ အယ်လ်ဗာရိုဖာနန်ဒက်ဇ်သည် လာမည့်ရာသီအတွက် သူ့ရဲ့အ​ကောင်းဆုံးပုံစံကို ပြသနိုင်ရန် စိတ်အားထန်နေကြောင်း မန်ချက်စတာယူနိုက်တက်ပရိသတ်များနှင့် အဲရစ်ဆယ်ဟက်ဂ်ထံသို့ အသိပေးလာခဲ့ပါတယ်။

စပိန်ဆယ်ကျော်သက်ကစားသမားသည် ပြီးခဲ့သည့်ရာသီက ပထမဆုံးအသင်းတွင် ပွဲထွက်မပါဝင်ခဲ့သော်လည်း ခရစ္စတီယာနိုရော်နယ်ဒိုနှင့် အခြားသော မန်ယူစီနီယာ ကစားသမားများရဲ့ လေ့ကျင့်မှုအောက်မှာ များစွာတိုးတက်လာခဲ့ပါတယ်။ ဖာနန်ဒက်ဇ်ဟာ မန်ယူအသင်း၏ ပရီးမီးယားလိဂ်နောက်ဆုံး အပိတ်လေးပွဲတွင် မှာ အသုံးမပြုရသေးတဲ့ လူစားထိုးအဖြစ်လည်း ပါဝင်ခဲ့ပါတယ်။

သူဟာ ရန်းနစ်ဂ်ရဲ့ ရာသီပိတ်ပွဲစဥ်တွေအတွက် လူငယ်အသင်းမှ Hannibal Mejbri နှင့် Alejandro Garnacho တို့နှင့်အတူရွေးချယ်ခြင်းခံထားရသူဖြစ်ပါတယ်။ Hannibal နဲ့ Garnacho တို့ဟာ ပြီးခဲ့တဲ့ရာသီရဲ့ အပိတ်ပွဲစဥ်တွေမှာ မိနစ်အနည်းငယ်ခန့် ပါဝင်ကစားထားခဲ့ပါတယ်။

ယူနိုက်တက်မန်နေဂျာ တန်ဟဂ် အတွက်တော့ သူ့ရဲ့သူ့ရဲ့အသင်းမှာ ရွေးချယ်စရာ အများပြားရှိနေခြင်းက သူ့အတွက် ဝမ်းသာစရာသတင်းကောင်းပဲဖြစ်မှာပါ။ အိုးထရက်ဖို့ဒ်မှာ နွေရာသီအဝင်အထွက် ခပ်ကြမ်းကြမ်းဖြစ်လာဖို့ ရှိနေခဲ့ပြီး ဖာနန်ဒက်စ် အပြင် အခြားသောနိုင်ငံတကာပွဲစဥ်တွေမှာ မပါဝင်တဲ့ သရဲနီတွေဟာ ဇွန်လ ၁၇ ရက်နေ့မှာစတင်မယ့် တန်ဟဂ်ရဲ့ရာသီကြိုလေ့ကျင့်ရေးမှာ အခွင့်ရေးရလာနိုင်မှာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်တို့လို လူငယ်မျိုးဆက်သစ်တွေအနေနဲ့ ဘန်ကောက်မှာ ကစားမယ့် လီဗာပူးလ်အသင်းနှင့် ပွဲစဥ်မှာ ပါဝင်လာနိုင်ဖို့ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။ ဖာနန်ဒက်ဇ်ဟာ လာမည့်ရာသီအတွက် သူ့ရဲ့အ​ကောင်းဆုံးပုံစံကို ပြသနိုင်ရန် စိတ်အားထန်နေကြောင်း မန်ချက်စတာယူနိုက်တက်ပရိသတ်များထံ အသိပေးလာခဲ့ပါတယ်။

သူ့ရဲ့ Instagram တွင် စပိန်ဘာသာဖြင့် မူရင်းတင်ထားသည့် မက်ဆေ့ချ်မှာ ဖာနန်ဒက်ဇ်က “အံသြဖွယ်ကောင်းလှအောင် ထူးခြားခမ်းနားတဲ့ ရာသီတစ်ခုပြီးဆုံးသွားခဲ့ပါပြီ။ ကျွန်တော့်ဘဝမှာ မေ့မရတဲ့ အခိုက်တံ့အချို့ကိုလည်း ပိုင်ဆိုင်ထားခဲ့ပါပြီ။ အခုအခါမှာတော့ လာမယ့်ရာသီအတွက် အကောင်းဆုံး ကြိုးစားအားထုတ်ချိန်ရောက်ပြီ “လို့ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

ZAWGYI: အယ်လ်ဗာရို ဖာနန်ဒက်ဇ်ဟာ ပြီးခဲ့သည့်ရာသီက ပထမအသင်းနှင့်အတူ လေ့ကျင့်သင်ကြားခွင့်ရခဲ့ပြီး လူငယ်အသင်းမှာလည်း Fa ဖလားဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ အယ်လ်ဗာရိုဖာနန်ဒက်ဇ်သည် လာမည့်ရာသီအတွက် သူ့ရဲ့အ​ကောင်းဆုံးပုံစံကို ပြသနိုင်ရန် စိတ်အားထန်နေကြောင်း မန်ချက်စတာယူနိုက်တက်ပရိသတ်များနှင့် အဲရစ်ဆယ်ဟက်ဂ်ထံသို့ အသိပေးလာခဲ့ပါတယ်။