အဲရစ် တန်ဟဂ်ဟာ အေဂျက်စ်အသင်းက တပည့်ဟောင်းဖြစ်သူ ဂျူရီယန်တင်ဘာနှင့် အိုးထရက်ဖို့ဒ်မှာ ပြန်လည်ဆုံစည်းလိုနေပြီး နယ်သာလန် နောက်ခံလူရဲ့ အေးဂျင့်ဖြစ်သူကို မန်ချက်စတာ ယူနိုက်တက် အသင်း၏ လန်ဒန်ရုံးချုပ်တွင် တွေ့ဆုံခဲ့ကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းများအရ သိရှိရပါတယ်။

Ten Hag ဟာ အေဂျက်စ်မှ စောလျင်စွာ ထွက်ခွာလာခဲ့ပြီး စွမ်းဆောင်ရည်နိမ့်ကျသောအသင်းကို ပြန်လည် တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။ ယင်းရုံးချူပ်သည် နိုင်ငံတစ်ကာဆိုင်ရာ Unitedရုံးချူပ်ဖြစ်ပြီးကစားသမား အပြောင်းအရွှေ့ကြီးများကို ပြုလုပ်ရာ နေရာလည်းဖြစ်ပါတယ်။

အပြောင်းအရွှေ့များဟာ Ten Hag ၏ တော်လှန်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ပြီး ၎င်း၏ အတွေးအခေါ်နှင့် နည်းဗျူဟာများကို အောင်မြင်စွာကျင့်သုံးနိုင်ခဲ့တဲ့ De Telegraaf ၏ အဆိုအရ အေဂျက်စ်နှင့်ဘဘောတူညီမှုများအနက် Talent of the Year ဆုရှင် Timber အပြောင်းအရွှေ့သည် အလားလာရှိဆုံး အပွောငျးအရှှေ့တဈုဖွဈကွောငျး သိရှိရပါတယ်။

Timber ဟာ Ten Hag ၏ အကြိုက်ဆုံး ကစားသမားဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်အားထန်နေကြောင်းသိရှိပါတယ်။ ယခုအခါ အသင်းအနေဖြင့် အသက် ၂၀ အရွယ် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကို ခေါ်ယူတွေ့ဆုံပြီး အပြောင်းအရွှေ့ကိုအမြန်ဆုံးဖြစ်လာဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။

Ajax အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စောင့်ကြည့်ခြင်းခံနေရတဲ့ စွယ်စုံရ ဗဟိုနောက်ခံလူအတွက် ပေါင် ၃၅ သန်းအထိ လိုချင်နေသည်ဟု သိရှိရပါတယ်။ ယခုလအစောပိုင်းက Timber ရဲ့ တိုးတက်မှုအကြောင်းကို ပြောရာတွင် Ten Hag က “ဥရောပရှိ ထိပ်တန်းကလပ်အားလုံးရဲ့ ပစ်မှတ်ထဲမှာ တင်ဘာရှိနေမယ် လို့ ကျွန်တော်ထင်ပါတယ် ” လို့ ချီးကျူးထားခဲ့တာဖြစ်ပါတယ်။

Timber ကတော့ ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး ပြောကြားရာတွင် “ကျွန်တော်က Ajax မှာ ကောင်းမွန်တဲ့ အခိုက်တံ့တစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်မှာ ကစားခွင့်ရခဲ့ပြီး အများကြီး သင်ယူချင်ပါသေးတယ်။ Ten Hag က ယူနိုက်တက်အသင်း မန်နေဂျာအဖြစ် ထိုက်တန်ပါတယ်။ ”

“Ten Hag က ကျွန်တော့်ဘဝ အတွက် အလွန်အရေးပါတဲ့ လူတစ်ဦးပါ။ သူ့ရဲ့လက်ထဲမှာ ကျွန်တော်ဟာ ဘောလုံးသမားဖြစ်လာခဲ့ရတာပါ။ ဒီနေ့တော့ ကျွန်တော်ဟာ ကစားသမား တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သူကျွန်တော့်ကို အများကြီး ပြောပြပေးခဲ့ပါတယ်။ သူက အပြုသဘောဆောင်နည်းနဲ့ ဝေဖန်မှုတွေပေးပါတယ်။ ဒါကို ကျွန်တော် ဘယ်တော့မှ မေ့လို့ရမှာမဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ZAWGYI: အဲရစ် တန်ဟဂ်ဟာ အေဂျက်စ်အသင်းက တပည့်ဟောင်းဖြစ်သူ ဂျူရီယန်တင်ဘာနှင့် အိုးထရက်ဖို့ဒ်မှာ ပြန်လည်ဆုံစည်းလိုနေပြီး နယ်သာလန် နောက်ခံလူရဲ့ အေးဂျင့်ဖြစ်သူကို မန်ချက်စတာ ယူနိုက်တက် အသင်း၏ လန်ဒန်ရုံးချုပ်တွင် တွေ့ဆုံခဲ့ကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းများအရ သိရှိရပါတယ်။

Ten Hag ဟာ အေဂျက်စ်မှ စောလျင်စွာ ထွက်ခွာလာခဲ့ပြီး စွမ်းဆောင်ရည်နိမ့်ကျသောအသင်းကို ပြန်လည် တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။ ယင်းရုံးချူပ်သည် နိုင်ငံတစ်ကာဆိုင်ရာ Unitedရုံးချူပ်ဖြစ်ပြီးကစားသမား အပြောင်းအရွှေ့ကြီးများကို ပြုလုပ်ရာ နေရာလည်းဖြစ်ပါတယ်။

အပြောင်းအရွှေ့များသည် Ten Hag ၏ တော်လှန်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ပြီး ၎င်း၏ အတွေးအခေါ်နှင့် နည်းဗျူဟာများကို အောင်မြင်စွာကျင့်သုံးနိုင်ခဲ့တဲ့ De Telegraaf ၏ အဆိုအရ အေဂျက်စ်နှင့်ဘဘောတူညီမှုများအနက် Talent of the Year ဆုရှင် Timber အပြောင်းအရွှေ့သည် အလားလာရှိဆုံး အပွောငျးအရှှေ့တဈုဖွဈကွောငျး သိရှိရပါတယ်။