ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ၉၀ ရာခိုင်နှုန်းကျော် သေချာသွားခဲ့ပြီလို့ သတင်းရရှိပါတယ်။

ဒီသတင်းကိုတော့ ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက်ဖြစ်သူ ဂျာရတ်ရိုမဲရိုး ကတော့ ယူနိုက်တက်ဟာ ဒီဂျောင်ကို ခေါ်ယူဖို့အတွက် ၉၅% ပြီးမြောက်သွားခဲ့ပြီလို့ ဆိုလိုက်တာပါ။

စပိန်လူမျိုး နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးက ဘာစီလိုနာရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက် တဦး ဖြစ်ပြီး ဘာစီလိုနာက ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်မယ် ဆိုတဲ့ သတင်း ၊ ဘာစီလိုနာက ဖာရန်း တောရက်စ်နဲ့ အဲလ်ဗက်တို့ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဆိုတဲ့ သတင်းတွေကို ပထမဦးဆုံး ဖော်ပြခဲ့တဲ့ သတင်းထောက် တဦးပါ။

မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်အတွက် ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ၈၀သန်းကြား ပေးချေရဖို့ ရှိနေကြောင်းနဲ့ ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ရန် ဒီဂျောင်ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဖော်ပြသွားခဲ့တာပဲ ဖြစ်ပါတယ်။

တန်ဟက်ဂျ်ရဲ့ စိတ်ကြိုက်ကစားသမားတဦးဖြစ်တဲ့ ဒီဂျောင်က အေဂျက်ဇ်မှာ တောက်ပခဲ့တဲ့နောက် ဘာကာကိုပြောင်းရွှေ့ခဲ့တာပါ။ အခုအခါမှာ ဘာကာက ဒီရာသီ ဒီဂျောင်ရဲ့ ခြေစွမ်းမပြနိုင်မှုကို စိုးရိမ်နေပြီး နောက်နှစ်မှာလည်း ဒီတိုင်းဆက်ဖြစ်နေမယ်ဆို တန်ဖိုးကျဆင်းမှာကို ပူပန်နေပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ နေရာအတွက် ဒီဂျောင်ကို ခေါ်ယူဖို့ ဆုံးဖြတ်ထားတာပါ။

တကယ်လို့သာ ဒီဂျောင်က ယူနိုက်တက်ကိုရောက်လာခဲ့မယ်ဆိုရင် အိုးထရက်ဖို့ဒ်မှာ ဗန်ဒီဘိခ်၊ ဒီဂျောင်နဲ့ တန်ဟက်ဂျ်တို့ ပြန်လည်ဆုံဆည်းတော့မှာလည်းဖြစ်ပါတယ်။

ZAWGYI: ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ၉၀ ရာခိုင်နှုန်းကျော် သေချာသွားခဲ့ပြီလို့ သတင်းရရှိပါတယ်။