မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ်တန်းဟဂ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကြီးမြတ်တဲ့ ကစားသမား တဦးဖြစ်ကြောင်း ချီးကျူးလိုက်ပြီး၊ သူ့ရဲ့ ယူနိုက်တက် နည်းပြသစ် ပထမဆုံး တာဝန်ဟာ အဆိုပါ ဘလွန်းဒီအော် ၅ဆုရှင်နဲ့ တွေ့ဆုံဖို့ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီက မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြန်လည်ရောက်ရှိ လာခဲ့သူဖြစ်ပြီး၊ သူဟာ အိုးလ်ထရက်ဖို့ဒ်ကို ၂နှစ်စာချုပ် အပါအဝင် ၁နှစ်သက်တမ်းတိုးခွင့် သဘောတူညီမှုနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးခဲ့တဲ့ အသင်း ဖြစ်တာကြောင့်၊ ရော်နယ်လ်ဒိုနဲ့ သရဲနီတို့ရဲ့ အနာဂတ်ဟာ မသေချာ မရေရာမှုတွေ ရှိနေလိမ့်မယ်လို့ ထင်ကြေးပေး နေကြပါတယ်။ အသက် ၃၇နှစ်အရွယ် တိုက်စစ်မှူးကြီးဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် သွင်းဂိုး၁၈ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၂၄ဂိုးအထိ သွင်းယူ ပေးထားနိုင်ပြီး၊ သူ.ပါဝင် ကစားချိန် အများစုမှာ အသင်းကို သွင်းဂိုးတွေနဲ့ ကယ်တင်နိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါ့ကြောင့် ယူနိုက်တက် နည်းပြသစ် အဲရစ်တန်းဟဂ်က အိုးလ်ထရက်ဖို့ဒ်မှာ ရော်နယ်လ်ဒို ဆက်ရှိနေဖို့ မျှော်လင့်ကြောင်းနဲ့ ရည်မှန်းချက် ကြီးမားတဲ့ ဒီကစားသမားနဲ့ အလုပ်တွဲလုပ်ဖို့ မျှော်လင့်ထားကြောင်း အခုလို ပြောလိုက်ပါတယ်။ “ကျွန်တော် ရော်နယ်လ်ဒိုနဲ့ လက်တွဲပြီး အလုပ်လုပ်ဖို့ မျှော်လင့်နေပါတယ်။ ရော်နယ်လ်ဒိုက ဘောလုံးလောကရဲ့ အရှိန်အဝါကြီးတဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး၊ သူ့ရဲ့ အစွမ်းအစတွေကို ပြသထားခဲ့ပြီးသားပါ။”

“နောက်ပြီး သူက လက်ရှိအချိန်ထိ ရည်မှန်းချက် ကြီးမားနေဆဲ ကစားသမား ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။ ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး ကျွန်တော် အသေအချာ ပြောနိုင်တာ တစ်ခုကတော့ သူ့ကို အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ရှိစေချင်ပါတယ်။ သူက ဒီနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဘယ်လောက်ထိ အရေးပါတဲ့ ကစားသမား ဖြစ်လဲဆိုတာကို သူ.စွမ်းဆောင်ထားတဲ့ အချက်အလက်တွေက သက်သေပြနေပါတယ်။”

ရော်နယ်လ်ဒိုဟာ နည်းပြသစ် အဲရစ်တန်းဟဂ်ရဲ့ နည်းဗျူဟာတွေနဲ့ အံဝင်နိုင်ခြင်း ရှိ.မရှိ ငြင်းခုံမှုတွေ ရှိထားခဲ့ပေမယ့်၊ နယ်သာလန်သား နည်းပြရဲ့ ယခု မှတ်ချက်ပေးမှုက ဒီငြင်းခုံမှုတွေကို အဆုံးသတ် သွားစေခဲ့တယ်လို့ ပြောရမှာပါ။ အဲရစ်တန်းဟဂ်ဟာ လာမယ့် တနင်္လာနေ့ မနက်မှာ မန်ချက်စတာမြို့ကို ရောက်ရှိလာလိမ့်မယ်လို့ သိရပြီး၊ ဒီအတွက် အေဂျက်စ် အသင်းရဲ့ ရာသီကုန် အပန်းဖြေခရီးကို လွဲချော်မှာ ဖြစ်တယ်လို့ နည်းပြ ကိုယ်တိုင်က အတည်ပြုထားပါတယ်။

ဒီနယ်သာလန်သား နည်းပြဟာ အေဂျက်စ် အသင်းနဲ့ သူ့ရဲ့ စာချုပ်သက်တမ်းကို အနည်းငယ်စောကာ အဆုံးသတ်ခဲ့ပြီး၊ အသင်းဟောင်းက ထွက်ခွာလာတာနဲ့ တပြိုင်နက် ယူနိုက်တက်မှာ အလုပ်လုပ်ဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေတွေ အရတော့ ယာယီနည်းပြ ရာ့ဖ်ရန်းဂနစ်ခ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ရင်ဆိုင်ဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းကို ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ZAWGYI: မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ်တန်းဟဂ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကြီးမြတ်တဲ့ ကစားသမား တဦးဖြစ်ကြောင်း ချီးကျူးလိုက်ပြီး၊ သူ့ရဲ့ ယူနိုက်တက် နည်းပြသစ် ပထမဆုံး တာဝန်ဟာ အဆိုပါ ဘလွန်းဒီအော် ၅ဆုရှင်နဲ့ တွေ့ဆုံဖို့ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီက မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြန်လည်ရောက်ရှိ လာခဲ့သူဖြစ်ပြီး၊ သူဟာ အိုးလ်ထရက်ဖို့ဒ်ကို ၂နှစ်စာချုပ် အပါအဝင် ၁နှစ်သက်တမ်းတိုးခွင့် သဘောတူညီမှုနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။