မန်ယူနိုက်တက်အသင်းနည်းပြသစ် အဲရစ်တန်းဟက်ဂ် လာမယ့်ရာသီမှာ တိုက်စစ်ကို အားဖြည့်ဖို့ မော်ဒန်တိုက်စစ်မှူးတစ်ဦးရှာဖွေနေခဲ့ကာ ဘင်ဖီကာအသင်းရဲ့ ဉရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ထိပ်ဆုံးကနေ စိတ်ဝင်စားနေတာဖြစ်ပါတယ်။
နာမည်ကျော်ဂျာနယ်လစ် ဖေဘရီဇီယို ရိုမာနိုက ဒါဝင်နူနက်ဇ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ ဘင်ဖီကာအသင်းကနေထွက်ခွာဖို့ ၁၀၀ ရာခိုင်နှုန်းသေချာနေတယ်လို့ ဖော်ပြပြီး ပရီးမီးယားလိဂ်မှာပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲ ဒါဝင်နူနက်ဇ်ကို ကမ်းလှမ်းထားကာ ဘင်ဖီကာအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ အသင်းက မန်ယူနိုက်တက်အသင်းပဲဖြစ်ပါတယ်။ဒါဝင်နူနက်ဇ်ဟာ ကနဦးမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းကိုပဲ ပြောင်းရွှေ့လိုတယ်လို့ ဆိုထားပေမယ့် အဲရစ်တန်းဟက်ဂ်လက်ထက် မန်ယူနိုက်တက်အသင်းရဲ့ တိုးတက်လာနိုင်တဲ့ အားကစားစီမံကိန်းတွေက သူ့ကို စွဲဆောင်နေတယ်လို့ ဆိုပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ဉရောပဝင်ခွင့်လုံးဝမရထားတာမဟုတ်ပဲ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ရတာကာ နောက်ဆုံးငါးနှစ်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲ နှစ်ကြိမ်တက်ထားနိုင်တဲ့အခြေအနေကိုလည်းပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် တစ်ရာသီလောက် ယူရိုပါလိဂ်ဆင်းကစားရတာက ဒါဝင်နူနက်ဇ်အတွက် ကိစ္စမရှိဖြစ်နေတာပါ။

တောင်အမေရိကတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ၂၀၂၀ ခုနှစ်မှာ ဘင်ဖီကာအသင်းက အယ်မေးရီးယားအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး သူဟာ ၂၀၂၁-၂၀၂၂ ရာသီမှာ ပေါ်တူဂီလိဂ် (၂၈) ပွဲကစား (၂၆) ဂိုးသွင်းယူထားကာ ဂိုးသွင်းမုဆိုးအဖြစ် ထွက်ပေါ်လာတာပါ။
သူ့ကိုခေါ်ယူဖို့ အမ်ဘတ်ပီကို ဆုံးရှုံးလိုက်ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ကစားသမားရဲ့ အပြောင်းအရွှေကိုယ်စားလှယ်တွေနဲ့ တရားဝင်ဆွေးနွေးမှု ပြုလုပ်ထားတာကတော့ ယူနိုက်တက်တစ်သင်းသာရှိနေသေးတာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ သူ့ကို ခေါ်ယူဖို့ ပေါင်သန်း (၆၀) ခန့် အသုံးပြုရဖွယ်ရှိပြီး ဒါဟာ ဂိုးသွင်းနှုန်းကောင်းမွန်တဲ့ ကစားသမားအတွက် သင့်တော်တဲ့ ပမာဏလည်းဖြစ်ပါတယ်။
ZAWGYI: မန်ယူနိုက်တက်အသင်းနည်းပြသစ် အဲရစ်တန်းဟက်ဂ် လာမယ့်ရာသီမှာ တိုက်စစ်ကို အားဖြည့်ဖို့ မော်ဒန်တိုက်စစ်မှူးတစ်ဦးရှာဖွေနေခဲ့ကာ ဘင်ဖီကာအသင်းရဲ့ ဉရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ထိပ်ဆုံးကနေ စိတ်ဝင်စားနေတာဖြစ်ပါတယ်။