ဘရာဇီးလ်ကလာတဲ့သတင်းတွေအရ ယူနိုက်တက်အသင်းဟာ အေဂျက်တောင်ပံကစားသမား အန်တိုနီကို ပေါင် ၃၈.၄ သန်းနဲ့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီက တန်ဟတ် လက်အောက်မှာ ခြေစွမ်းကောင်းတွေပြသနေပြီး ၃၃ ပွဲမှာ ၁၂ ဂိုးသွင်း ၊ ၁၀ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

တန်ဟတ်ဟာ အန်တိုနီနဲ့အတူ အေဂျက်မှာ ၂ ရာသီလက်တွဲခဲ့တာဖြစ်ပြီး အခုယူနိုက်တက်ကို ထပ်မံခေါ်ယူဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။ ဘရာဇီးလ်သတင်းဌာန နီကိုလာရဲ့အဆိုအရ ယူနိုက်တက်တာဝန်ရှိသူတွေဟာ အန်တိုနီကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ဖော်ပြခဲ့ပြီး ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

အေဂျက်ဘက်က ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို မတုံ့ပြန်သေးပဲ ကြီးမားတဲ့ကမ်းလှမ်းမှုမျိုးကို စောင့်မျှော်နေတာဖြစ်ပါတယ်။ အခုအပတ်အစောပိုင်းသတင်းတွေအရ ယူနိုက်တက်ဟာ အန်တိုနီရဲ့ ကိုယ်စားလှယ်တွေနဲ့လည်း ဆွေးနွေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

တန်ဟတ် ထွက်ခွာမှုနဲ့ပတ်သက်ပြီး အန်တိုနီက “ကျွန်တော် သူ့ကို အသင်းသစ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးချင်ါတယ်။ သူက ကျွန်တော့်ကိုအရာရာသင်ကြားပေးခဲ့ပါတယ်။ အဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခွင့်အရေးအားလုံးအတွက် သူ့ကို ကျေးဇူးတင်နေမှာပါ။ လိုအပ်လာရင်လည်း သူ့ဘက်ကနေ ရပ်တည်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။”

“ပြီးခဲ့တဲ့လတုန်းက တန်ဟတ် အေဂျက်အနေနဲ့ အန်တိုနီကိုရောင်းချမယ်ဆိုရင် အစားထိုးဖို့ ခက်ခဲနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အန်တိုနီ ထွက်ခွာခဲ့ရင် အေဂျက်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။ အသင်းမှာ သူ့နေရာကို ဝင်နိုင်မယ့်သူမျိုး မရှိသေးပါဘူး။ သူက ထိပ်တန်းအဆင့်ပါ”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။

ZAWGYI: ဘရာဇီးလ်ကလာတဲ့သတင်းတွေအရ ယူနိုက်တက်အသင်းဟာ အေဂျက်တောင်ပံကစားသမား အန်တိုနီကို ပေါင် ၃၈.၄ သန်းနဲ့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီက တန်ဟတ် လက်အောက်မှာ ခြေစွမ်းကောင်းတွေပြသနေပြီး ၃၃ ပွဲမှာ ၁၂ ဂိုးသွင်း ၊ ၁၀ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။