မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နွေစျေးကွက် အစပိုင်းမှာပဲ ပေါလ် ပေါ့ဂ်ဘာ ၊ ဂျက်စီ လင်ဂတ် ၊ နီမန်ဂျာ မာတစ် ၊ ဟွမ် မာတာ ၊ အီဒင်ဆန် ကာဗာနီ နဲ့ လီဂရန့် တို့ အသင်းမှထွက်ခွာကြလိမ့်မယ်လို့ အတည်ပြုကြေငြာခဲ့ပြီးပါပြီ ။

ဒါ့ကြောင့် ယူနိုက်တက် နည်းပြသစ် ဖြစ်လာသူ အဲရစ် တန်ဟတ် ဟာ ဒီအသင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်သွားရဖို့ ရှိနေပါတယ် ။ ဒီအတွက် အချိို့ကတော့ တန်ဟတ် ဒီလောက် ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်နိုင်မလားဆိုတဲ့ အပေါ် သံသယ ဖြစ်နေခဲ့ကြပါတယ် ။

လက်ရှိ အချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းမှ ထွက်ခွာမယ့် ကစားသမားတွေ အနက် ကွင်းလယ်် ကစားသမားတွေ အတော်လေး များပြားနေခဲ့ကြပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက်တို့ နွေမှာ သေချာပေါက် ကွင်းလယ်လူ ခေါ်ယူရပါလိမ့်မယ် ။

ဒီအတွက် လက်ရှိ အချိန်မှာတော့ ယူနိုက်တက် တို့ဟာ တန်ဟတ်ရဲ့ တပည့်ဟောင်း ဖြစ်သူ ဘာစီလိုနာ စတား ဖရန်ကီ ဒီဂျောင် ကို ဦးစားပေး အဖြစ် ခေါ်ယူသွားဖို့ လုပ်ဆောင််နေတယ်လို့ သတင်းတွေ ကျယ်လောင်နေခဲ့ပါသေးတယ် ။

အခြားတဖက်မှာတော့ သတင်း သုံးသပ်သူတွေနဲ့ ပရိသတ်် အချို့က ပရီးမီးယားလိဂ် ပြိုင်ပွဲအကြောင်းကို သိနေပြီးသား ဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ်လူ ဒီကလန် ရိုက်စ် ကို ခေါ်ယူဖို့ အကြံပေး တိုက်တွန်း နေခဲ့ကြပါသေးတယ် ။

ဒါပေမဲ့ ဒီကလန် ရိုက်စ် ကို ခေါ်ယူလိုပါက ပေါင် သန်း 150 ပေးရလိမ့်မယ်လို့ ဝက်စ်ဟမ်း အသင်းဖက်မှ ပြောခဲ့တဲ့ အတွက် ဒီအပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ခြေ နည််းပါးနေခဲ့ရပါတယ် ။ ဒါ့အပြင် ဒီဂျောင်ကို ရရှိနိုင်ဖို့လည်း အနည်းဆုံး ပေါင် 75 သန်းလောက် သုံးရပါလိမ့်မယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ လိဒ်စ် ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ကယ်ဗင် ဖိလစ် ကိုလည်း စောင့်ကြည့်နေတယ်လို့ သတင််းတွေ ထွက်လာခဲ့ပါတယ် ။ ဒါပေမဲ့ သူ့အတွက် ပေါင် 85 သန်းလောက် ပေးရမယ်ဆိုတာက များလွန်းနေခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ် က အသင််းဟောင်း အနေနဲ့ လက်စတာ စီးတီး အသင်းရဲ့ ကွင်းလယ််လူ ဝီလ်ဖရက် အန်ဒီဒီ ကို ခေါ်ယူသင့်ကြောင်း ၊ သူဟာ စျေးတန်ပြီး အသင်းမှာ အသုံးလည်း တည့်မှာ ဖြစ်ကြောင််း ပြောခဲ့လိုက် ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းမှ လိုချင်နေတဲ့ ပုံစံမျိုးအရဆိုရင် ဝီလ်ဖရက်ဒ် အန်ဒီဒီ ဟာ အသင့်တော်ဆုံးပါပဲ ။ သူဟာ လက်စတာ နဲ့ 2 နှစ်ပဲ စာချုပ် သက်တမ်း ရှိနေတော့တယ်လေ ။ နွေမှာ သူ့ကို ခေါ်ယူမယ်ဆိုရင်တော့ အခြားသူတွေထက် သေချာပေါက် ကုန်ကျစရိတ် သက််သာမှာပါပဲ ” လို့ စခိုးလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။