မိုနာကို အသင်းနဲ့ စာချုပ် သက်တမ်း ပြည့်မြောက်လို့ free agent ဖြစ်ထားတဲ့ စပိန် ဝါရင့် ကွင်းလယ်ဖန်တီးရှင် ဆက်စ်ဖာဘရီဂတ်စ် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အီတလီ စီးရီးဘီ ကလပ် ကိုမို အသင်းသို့ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၊ ကလပ် ရှယ်ယာ တစိတ်တပိုင်းကိုလည်း ဝယ်ယူခဲ့တယ်လို့ သိရပါတယ် ။ အသက် ၃၅နှစ် အရွယ်ရှိ ဖာဘရီဂတ်စ် ဟာ ကစားသမား ဘဝရဲ့ နေဝင်ချိန် ရောက်လာတဲ့ အခါမှာ ဘောလုံး အေးအေးဆေးဆေး ကစားလိုတဲ့ ဆန္ဒ ရှိတဲ့အပြင် ၊ အီတလီ ဘောလုံး လောက ဟာ ၄င်းအတွက် အတွေ့အကြုံ အသစ်အဆန်း ပေးစေတာကြောင့် ကိုမို အသင်းသို့ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပုံ ပေါ်ပါတယ် ။

ဖာဘရီဂတ်စ် ဟာ ကစားသမား ဘဝက ဘယ်တော့ အနားယူမယ်ဆိုတာကိုတော့ ထုတ်မပြောသေးပေမယ့် ၊ အနားယူဖြစ်ခဲ့ရင် ၊ နည်းပြ လောကထဲသို့ ဝင်ရောက်မယ် ဆိုတာကိုတော့ ကတိပြုခဲ့ပါတယ် ။ Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဖာဘရီဂတ်စ် က နည်းပြ လောကထဲသို့ ဝင်ရောက်တဲ့အခါကျရင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖို့ အခွင့်သင့်ခဲ့ပါက ၊ အင်္ဂလန်သို့ ပြန်လည် အခြေချလိုတဲ့ အကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ဖာဘရီဂတ်စ် က ” ပရီးမီးယားလိဂ် ဟာ ကျွန်တော့ရဲ့ လိဂ်ပါ ။ အဲဒီမှာ ကျွန်တော်ဟာ အကောင်းဆုံး ဘောလုံးသမား ဘဝနဲ့ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ခဲ့ပါတယ် ။ အင်္ဂလန်မှာ ကျွန်တော်ဟာ လူတွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိတယ်လို့ ခံစားရပါတယ် ။ ဒီတော့ နည်းပြ တယောက် ဖြစ်လာတဲ့အခါ ဘာလို့ အင်္ဂလန်မှာ အခြေမချရမှာလဲ? ကျွန်တော်ဟာ အနာဂတ်မှာ ပရီးမီးယားလိဂ် မန်နေဂျာ တယောက် ဖြစ်ချင်ပါတယ် ။ လာမယ့် နှစ်အနည်းငယ် အတွင်း ကျွန်တော့ အနေနဲ့ အင်္ဂလန်ကို ပြန်လာဖို့ အခွင့်အရေး ရှိခဲ့ရင် ၊ အခြေချဖို့ သေချာပေါက် စဉ်းစားသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ဖာဘရီဂတ်စ် ဟာ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့တဲ့ နောက်ဆုံး ၅နှစ်ကို ချဲလ်ဆီး အသင်းနဲ့ အတူ ဖြတ်သန်းခဲ့ပြီး ၊ ပရီးမီးယားလိဂ် ချန်ပီယံ ၂ကြိမ် ၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလား တကြိမ်စီ ဆွတ်ခူးနိုင်ခဲ့ကာ ၊ ကစားသမား ဘဝရဲ့ အမြင့်ဆုံး ခြေစွမ်းနဲ့ အအောင်မြင်ဆုံး ကာလကို ပိုင်ဆိုင်ခဲ့ပါတယ် ။ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့တာဟာ ဖာဘရီဂတ်စ် ရှိစဉ် လွန်ခဲ့တဲ့ ၅နှစ်က ဖြစ်ပါတယ် ။

အဲဒီနောက်ပိုင်း ချဲလ်ဆီးတို့ ပရီးမီးယားလိဂ်ဖလားကို တနှစ်မှ အနီးကပ် စိန်မခေါ်နိုင်ခဲ့ပါဘူး ။ ရာသီသစ် မစတင်ခင်မှာလည်း ချဲလ်ဆီး ဟာ အခြား အနီးကပ် ပြိုင်ဖက်တွေလို အဆင်သင့် မဖြစ်သေးပဲ ၊ အပြောင်းအရွှေ့ စျေးကွက်ထဲ အလုပ်ရှုပ်နေဆဲ ဖြစ်ပါတယ် ။ ပိုင်ရှင်သစ် အလွှဲအပြောင်း ကိစ္စဟာ လာမယ့် ရာသီ ချဲလ်ဆီးရဲ့ အလားအလာ အပေါ် အများကြီး သက်ရောက်မှု ရှိနိုင်ပေမယ့် ၊ ဖာဘရီဂတ်စ် ကတော့ ဆုဖလား ဆွတ်ခူးနိုင်ရေး ဟာ ချဲလ်ဆီးအသင်းရဲ့ အသွေးအသားထဲမှာ ရှိနေတာကြောင့် ၊ ဒီရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်ဆဲ ဖြစ်ကြောင်း ခန့်မှန်း သုံးသပ်သွားပါတယ် ။

ဖာဘရီဂတ်စ် က ” ဒီနှစ် အတွင်း ချဲလ်ဆီးမှာ အရာများစွာ ဖြစ်ပျက်ခဲ့ပါတယ် ။ ပိုင်ရှင် အပြောင်းအလဲ ဖြစ်တဲ့နှစ်ဟာ အမြဲတမ်း ခက်ခဲတတ်ပါတယ် ။ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ ချဲလ်ဆီး အတွက် အံ့သြဖွယ်ကောင်းတဲ့ ပိုင်ရှင်တဦး ဖြစ်ခဲ့ပါတယ် ။ သူ့ရဲ့ အချိန် ၊ ငွေ ၊ ဗဟုသုတတွေ အားလုံး ချဲလ်ဆီးမှာ ရင်းနှီးမြှုပ်နှံခဲ့တာပါ ။ ချဲလ်ဆီးနဲ့ ပတ်သက်ပြီး ထိန်ချန်လို့ မရတဲ့ အရာတခုကတော့ သူတို့ဟာ ဆုဖလားတွေ အတွက် အမြဲတမ်း ပြိုင်ဆိုင်နိုင်ပြီး ၊ အောင်မြင်မှု ဆွတ်ခူးဖို့ အမြဲတမ်း ရှိနေတဲ့ အသင်း ဖြစ်ပါတယ် ။”

” ကျွန်တော်ဟာ အဲဒီမှာ ၅နှစ်ကြာ ကစားခဲ့ပြီး ၊ သူတို့ရဲ့ စိတ်ဓာတ် ခံယူချက်ကိုက အောင်မြင်မှု ရဖို့ ဆိုတာချည်းပါပဲ ။ ဒါကြောင့်လည်း ချဲလ်ဆီးကို ကျွန်တော် ချစ်မြတ်နိုးရခြင်း ဖြစ်ပါတယ် ။ ဘောလုံးရာသီ တခုမှာ သူတို့ရဲ့ ကစားပုံ ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ ၊ သူတို့ရဲ့ ပုံစံ တက်သည်ဖြစ်စေ ၊ ကျသည်ဖြစ်စေ ၊ အဆုံးမှာ သူတို့ဟာ ဆုဖလားတွေအတွက် အမြဲတမ်း ရှိနေတတ်ပြီး ၊ ဒါက ကျွန်တော့ကို အမြဲတမ်း ပျော်ရွှင်စေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ZAWGYI: မိုနာကို အသင်းနဲ့ စာချုပ် သက်တမ်း ပြည့်မြောက်လို့ free agent ဖြစ်ထားတဲ့ စပိန် ဝါရင့် ကွင်းလယ်ဖန်တီးရှင် ဆက်စ်ဖာဘရီဂတ်စ် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အီတလီ စီးရီးဘီ ကလပ် ကိုမို အသင်းသို့ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၊ ကလပ် ရှယ်ယာ တစိတ်တပိုင်းကိုလည်း ဝယ်ယူခဲ့တယ်လို့ သိရပါတယ် ။ အသက် ၃၅နှစ် အရွယ်ရှိ ဖာဘရီဂတ်စ် ဟာ ကစားသမား ဘဝရဲ့ နေဝင်ချိန် ရောက်လာတဲ့ အခါမှာ ဘောလုံး အေးအေးဆေးဆေး ကစားလိုတဲ့ ဆန္ဒ ရှိတဲ့အပြင် ၊ အီတလီ ဘောလုံး လောက ဟာ ၄င်းအတွက် အတွေ့အကြုံ အသစ်အဆန်း ပေးစေတာကြောင့် ကိုမို အသင်းသို့ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပုံ ပေါ်ပါတယ် ။