ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းဟာ အေဂျက်စ် အသင်း ရဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို ခေါ်ယူနိုင်ရေး အရှိန်မြင့် ကြိုးပမ်း သွားဖို့ ရှိနေပြီး ပေါင် သန်း ၃၀ နဲ့ ကမ်းလှမ်းသွားမယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ကပ်သီးလေး လွဲချော် ခဲ့ရတဲ့ အာဆင်နယ် အသင်းဟာ ဒီနွေရာသီမှာ ကစားသမား ခေါ်ယူမှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီနွေရာသီ ပထမဆုံး ခေါ်ယူမှု အဖြစ် ဆော်ပေါ်လို အသင်းရဲ့ဘရာဇီး တောင်ပံ ကစားသမား မာကွင်ဟိုစ့် ကို ခေါ်ယူ ထားပြီး ဖြစ်ပါတယ် ။

ဒ့ါအပြင် အာဆင်နယ် အသင်းဟာ ပေါ်တို အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကြယ်ပွင့် ဖေဘီယို ဗီအဲရာကိုလည်း ယူရို သန်း ၄၀ နဲ့ ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ကာ တရားဝင် ကြေညာဖို့ပဲ ကျန်ရှိပါတော့တယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ တုန်းကလည်း အမေရိကန် ကစားသမား ၂ ဦး ဖြစ်တဲ့ မက်တာနာ နဲ့ ထရက်စ်တီ တို့ကို အကြို သဘောတူညီမှု နဲ့ ခေါ်ယူ ထားပါသေးတယ် ။ ဒါ့ကြောင့် အာဆင်နယ် အသင်းဟာ ဒီနွေရာသီမှာ ကစားသမား ၄ ဦး အထိ ခေါ်ယူ ထားခဲ့ပြီး ဖြစ်တယ်လို့ မှတ်ယူ နိုင်ပါတယ် ။

အခု အခါမှာလည်း အာဆင်နယ် အသင်းဟာ သူတို့ရဲ့ အားနည်းနေတဲ့ ဘယ်နောက်ခံလူ နေရာကို ဖြည့်ဆည်းဖို့ရာ အေဂျက်စ် အသင်း ရဲ့ အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို ပစ်မှတ် ထားနေပါတယ် ။ အာဆင်နယ် အသင်းဟာ လီဆန်ဒရို အတွက် ပေါင် ၂၅ သန်း နဲ့ ကနေဦး ကမ်းလှမ်း ခဲ့ပေမယ့် အေဂျက်စ် အသင်းဘက်က ပယ်ချ ခဲ့တာကြောင့် ပေါင် သန်း ၃၀ နဲ့ ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ် ။

အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ လီဆန်ဒရို ဟာ ဘယ်နောက်ခံလူ ၊ ဗဟိုနောက်ခံလူ နဲ့ ဗဟိုကွင်းလယ်လူ နေရာတွေမှာ ကစားနိုင်သူ ဖြစ်ပါတယ် ။ The Athletic ရဲ့ ဖော်ပြချက်အရ အာဆင်နယ် အသင်းဟာ ဂါဘရီယဲလ် နဲ့ တီယာနေး တို့ကို တွန်းအား ပေးဖို့ရာ လီဆန်ဒရို ကို ခေါ်ယူချင် နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ လီဆန်ဒရို ကို ခေါ်ယူနိုင်ခဲ့ရင်တော့ အာဆင်နယ် အသင်းဟာ နူနို တာဗာရက်စ် ကို အငှားချသွားဖို့ ရှိနေပါတယ် ။ လီဆန်ဒရို ဟာ အာဂျင်တီးနား လက်ရွေးစင် ဖြစ်ပြီး ၊ ပြီးခဲ့တဲ့လ က ဝင်ဘာလေ မှာ အီတလီ ကို အနိုင် ရရှိအောင် ကူညီ ပေးနိုင်ခဲ့ပါတယ် ။

ZAWGYI: ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းဟာ အေဂျက်စ် အသင်း ရဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို ခေါ်ယူနိုင်ရေး အရှိန်မြင့် ကြိုးပမ်း သွားဖို့ ရှိနေပြီး ပေါင် သန်း ၃၀ နဲ့ ကမ်းလှမ်းသွားမယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ကပ်သီးလေး လွဲချော် ခဲ့ရတဲ့ အာဆင်နယ် အသင်းဟာ ဒီနွေရာသီမှာ ကစားသမား ခေါ်ယူမှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီနွေရာသီ ပထမဆုံး ခေါ်ယူမှု အဖြစ် ဆော်ပေါ်လို အသင်းရဲ့ဘရာဇီး တောင်ပံ ကစားသမား မာကွင်ဟိုစ့် ကို ခေါ်ယူ ထားပြီး ဖြစ်ပါတယ် ။