မန်စီးတီးတို့ဝယ်ယူထားပြီးဖြစ်တဲ့ ရေးဗားပလိတ်တိုက်စစ်မှူးလေး ဂျူလီယန်အဲဗာရက်ဇ်ဟာ မနေ့ကယှဉ်ပြိုင်ခဲ့တဲ့ ကိုပါလီဘာတဒိုရက်စ်ပြိုင်ပွဲမှာ တဦးတည်း၆ဂိုးသွင်းယူပြလိုက်ပြီး အင်္ဂလန်မှာသူ့အတွက် တနေရာရဖို့အတွက်ထိုက်တန်ကြောင်းပြသလိုက်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီဈေးကွက်မှာ ရေးဗားပလိတ်စတားကို စီးတီးတို့က မက်လောက်စရာစာချုပ်နဲ့ ယူရို၁၇သန်းပေးပြီးစာချုပ်ထားခဲ့တာဖြစ်ပါတယ်။ ၂၂နှစ်သားအာဂျင်တီးနားတိုက်စစ်မှူးကို ခေါ်ယူခဲ့ပြီးပေမဲ့ရာသီကုန်ချိန်အထိ ရေးဗားပလိတ်တို့ထံ အငှားပြန်ချပေးထားခဲ့တာလို့ဆိုပါတယ်။

အယ်လ်ဗာရက်ဇ်ဟာ ရေးဗားပလိတ်နဲ့ အယ်လ်လီယန်ဇာ လီမာအသင်းတို့ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ပထမပိုင်းဟက်ထရစ်အပါအဝင်၆ဂိုးသွင်းယူပြခဲ့ပြီး တဦးတည်း ဒယ်ဘယ်ဟက်ထရစ်သွင်းကာ ၈-၁နဲ့အနိုင်ရအောင်ကူညီနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ရေးဗားပလိတ်ဘော့စ် မာဆယ်လို ဂယ်လ်လာဒိုက မန်စီးတီးကိုသွားတော့မဲ့ သူ့ရဲ့တိုက်စစ်မှူး အပေါ် အခုလိုမှတ်ချက်ပေးသွားခဲ့ပါတယ်။

“ဂျူလီယန်ကို ဒီမှာဆက်နေစေဖို့အတွက် ခက်ခဲမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့အတွက် ကြီးကျယ်တဲ့ရင်းနှီးမြှပ်နှံမှုပြုလုပ်ထားတဲ့အသင်းတသင်းရှိနေလို့ဖြစ်ပါတယ်။ သူတို့ကတော့ မန်ချက်စတာစီးတီးတို့ဖြစ်ပြီး သူတို့ဟာ အကြမ်းထည်စိန်ပွင့်တပွင့်ကိုယူဆောင်သွားကြပါပြီ။” လို့ငြီးတွားသွားခဲ့ပါတယ်။ ကျနော်တို့ဟာ ဘောလုံးသမားတွေကို ပြည်ပကိုတင်ပို့နေတဲ့နိုင်ငံတွေထဲကတနိုင်ငံဖြစ်ပါတယ်။ ဘောလုံးသမားများစွာဟာ ကျနော်တို့ကို စွန့်ခွာသွားခဲ့ကြပြီး ဒီတကြိမ်မှာတော့ ကျနော်တို့ ဒီကစားပွဲတွေအားလုံးမှာ ဆက်လက်ရှင်သန်နိုင်ဖို့ ကြိုးစားထားခဲ့ကြပြီးဖြစ်ပါတယ်။”

“ဂျူလီယန်ရဲ့နေရာကိုအစားထိုးဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ သူ့ရဲ့နေရာကို ယူဖို့အတွက် နောက်ထပ်တဦးကို ကျနော်တို့ထပ်မံရှာဖွေသွားမှာတော့ မဟုတ်ပါဘူး။ စီးတီးတို့သာ သူ့ကို ဒီနှစ်ကုန်အထိ ဆက်ပြီးအငှားချပေးသွားမယ်ဆိုရင် ကျနော်တို့အတွက် ပြသနာရှိမှာမဟုတ်ပါဘူး။ ပြီးတော့ ကျနော်တို့ အရမ်းကိုကျေးဇူးတင်မိမှာပါ။ ဒါပေမဲ့ ပက်ဂွာဒီယိုလာက ကျနော့်ရဲ့တောင်းဆိုမှုကို နားထောင်လိမ့်မယ်မထင်ပါဘူး။ သူသာ ဂျူလီယန်ကို ကျနော်တို့ဆီ ဒီနှစ်ကုန်အထိ ဆက်ပြီးထားပေးသွားမယ်ဆိုရင်တော့ ကျနော်တို့ သူ့ကိုအရမ်းကိုကျေးဇူးတင်မိမှာပါ” လို့သူက ဂွာဒီယိုလာကိုတောင်းဆိုသွားခဲ့ပါတယ်။

အဲလ်ဗာရက်ဇ်အတွက် မန်စီးတီးခရီးက ကြမ်းတမ်းမှာတော့ သေချာနေပြီး အကြောင်းကတော့ အာလင်းဟာလန်းကြောင့်ပဲဖြစ်ပါတယ်။ မန်စီးတီးတို့ရဲ့စီးအီးအိုဖြစ်သူ ဖာရန်း ဆိုရီယာနိုကတော့ ဂျူလီယန်အဲလ်ဗာရက်ဇ်ကို လိုချင်တဲ့အသင်းတွေအများကြီးရှိနေကြောင်း အခုလိုပြောသွားခဲ့ပါတယ်။ “ဂျူလီယန်အဲလ်ဗာရက်ဇ်ကို အငှားနဲ့ပေးခေါ်ဖို့ ကျနော်တို့ဆီကမ်းလှမ်းထားကြတဲ့ အော်ဖာတွေအများကြီးလက်ခံရရှိထားပါတယ်။ ဒါပေမဲ့လဲ ကျနော်တို့ သူ့ကို အငှားချသွားမှာမဟုတ်ပါဘူး။ သူဟာကျနော်တို့နဲ့ပဲ ရာသီကြိုမှာရှိနေမှာဖြစ်ပြီး သူဒီမှာပဲရှိနေမယ်လို့ ကျနော်ထင်ပါတယ်။ ”

“ဘာစီလိုနာ လား ။ မဟုတ်ပါဘူး။ ဘာကာတို့က စိတ်ဝင်စားခြင်းမရှိပါဘူး” လို့ကောလဟာလတွေကိုလဲငြင်းဆိုသွားခဲ့ပါတယ်။ အာဂျင်တီးနားမှာစူပါစတားဖြစ်ပေမဲ့ စီးတီးမှာတော့ ကမ္ဘာ့အကောင်းဆုံးလူငယ်တိုက်စစ်မှူးတွေထဲက တဦးဖြစ်တဲ့ ဟာလန်းရဲ့နောက်မှာ အရံအဖြစ်သာ ကစားရဖို့များနေတဲ့ အဲလ်ဗာရက်ဇ်ရဲ့အနေအထားက ရေးဗားပလိတ်ဘော့စ် လွမ်းမယ်ဆိုလဲလွမ်းချင်စရာပဲဖြစ်လို့နေပါတယ်။

ZAWGYI: မန်စီးတီးတို့ဝယ်ယူထားပြီးဖြစ်တဲ့ ရေးဗားပလိတ်တိုက်စစ်မှူးလေး ဂျူလီယန်အဲဗာရက်ဇ်ဟာ မနေ့ကယှဉ်ပြိုင်ခဲ့တဲ့ ကိုပါလီဘာတဒိုရက်စ်ပြိုင်ပွဲမှာ တဦးတည်း၆ဂိုးသွင်းယူပြလိုက်ပြီး အင်္ဂလန်မှာသူ့အတွက် တနေရာရဖို့အတွက်ထိုက်တန်ကြောင်းပြသလိုက်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီဈေးကွက်မှာ ရေးဗားပလိတ်စတားကို စီးတီးတို့က မက်လောက်စရာစာချုပ်နဲ့ ယူရို၁၇သန်းပေးပြီးစာချုပ်ထားခဲ့တာဖြစ်ပါတယ်။ ၂၂နှစ်သားအာဂျင်တီးနားတိုက်စစ်မှူးကို ခေါ်ယူခဲ့ပြီးပေမဲ့ရာသီကုန်ချိန်အထိ ရေးဗားပလိတ်တို့ထံ အငှားပြန်ချပေးထားခဲ့တာလို့ဆိုပါတယ်။