ပီအက်စ်ဂျီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဖောဘက်စ် မဂ္ဂဇင်းက ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး အများဆုံး ကစားသမား စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေပြီး၊ ဒီကစားသမား ၁၀ယောက်စာရင်းမှာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုလည်း ပါဝင်နေပါတယ်။ မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ ကစားသမား ဘဝတလျှောက်လုံး ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဘောလုံးရာသီ အစမှာ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ခဲ့ပြီး၊ သူဟာ လီဂူးဝမ်း ထိပ်သီးကလပ်ကို ချန်ပီယံလိဂ် အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့ပေမယ့် လီဂူးဝမ်းမှာ ချန်ပီယံအဖြစ် အတည်ပြုနိုင်မယ့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ရော်နယ်လ်ဒိုကလည်း ပြီးခဲ့တဲ့ နွေရာသီမှာ ၁၂နှစ်ကြာ ဝေးကွာခဲ့တဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိ လာခဲ့ပြီး၊ သူဟာ အိုးလ်ထရက်ဖို့ဒ်မှာ စိတ်ပျက်စရာကောင်းတဲ့ ဘောလုံးရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရပေမယ့်၊ ဒီကစားသမား စာရင်းမှာပါဝင်ဖို့ လုံလောက်တဲ့ဝင်ငွေ ရရှိနေဆဲပါ။ ဖောဘက်စ် မဂ္ဂဇင်းက ထုတ်ပြန်လိုက်တဲ့ ဒီစာရင်းကို အခြား အားကစား နယ်ပယ်မှ ကစားသမားတွေ လွှမ်းမိုးထားတာ တွေ့ရပြီး၊ ဘောလုံးလောကမှ မက်ဆီ၊ ရော်နယ်လ်ဒိုနဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာတို့ သုံးဦးသာ ပါဝင်ခဲ့ပါတယ်။

ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး ကစားသမား စာရင်းမှာပါဝင်တဲ့ ကစားသမား အားလုံးပေါင်းရဲ့ လုပ်ခလစာ ပမာဏဟာ ဒေါ်လာ ၉၉၂သန်းထိ ရှိနေတယ်လို့ သိရပြီး၊ ဒီထဲမှာ မက်ဆီ တစ်ဦးတည်းရဲ့ ဝင်ငွေ ပမာဏက ဒေါ်လာ၁၃၀သန်း ရှိနေပါတယ်။ ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး ကစားသမားတွေကို ဖော်ပြရာမှာ သူတို့ရဲ့ ကွင်းတွင်း၊ ကွင်းပြင် ဝင်ငွေ အားလုံးကို ထည့်သွင်း တွက်ချက်ထားတာ ဖြစ်ပြီး၊ မက်ဆီရဲ့ အခြား လူမှုရေး အဖွဲ့အစည်းတွေကနေ ရရှိနေတဲ့ ဝင်ငွေကို ထည့်မတွက်ထားရင် ရော်နယ်လ်ဒိုနဲ့ တူညီတဲ့ ဝင်ငွေ ပမာဏမျိုးသာ ရရှိနေမှာ ဖြစ်ပါတယ်။

ဒီစာရင်းရဲ့ စတုတ္ထနေရာမှာ ရှိနေတဲ့ နေမာဟာ ကွင်းအတွင်း ဝင်ငွေ ဒေါ်လာသန်း၇၀ ရရှိနေပြီး၊ ဒီကစားသမားဟာ အစောပိုင်း ထုတ်ပြန်မှုတွေအရ မက်ဆီထက် ဝင်ငွေ ပိုများပေမယ့်၊ မက်ဆီက ပြီးခဲ့တဲ့နှစ်မှာ ဘလွန်းဒီအော်ဆုနဲ့ ကိုပါအမေရိက ချန်ပီယံ ဖြစ်ခဲ့တာကြောင့် ဆုကြေးငွေတွေ ပိုမို များပြားသွားခဲ့တာပါ။ ဖောဘတ်စ် မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ မက်ဆီရဲ့ ကွင်းပြပ ဝင်ငွေတွေထဲမှာ Adidas,Budweiser,PepsiCo နဲ့ Hard Rock Cafe တို့မှ ရရှိတဲ့ဝင်ငွေတွေ ပါဝင်နေပြီး၊ ရော်နယ်လ်ဒိုကလည်း Nike,Herbalife Clear shampoo နဲ့ ZujuGP တို့ကနေ ကွင်းပြပ ဝင်ငွေတွေ ရရှိနေပါတယ်။

ဒီကစားသမား နှစ်ဦးကြားမှာ ရပ်တည်နေတာက ဘတ်စကတ်ဘော အကျော်အမော် လီဘရွန်ဂျိမ်းစ် ဖြစ်ပြီး၊ ဂျိမ်းစ်ရဲ့ ဝင်ငွေဟာ ၂၀၂၁ခုနှစ် မေလကနေ ၂၀၂၂ခုနှစ် မေလအထိ ဒေါ်လာ ၁၂၁.၂သန်း ရှိနေတာကြောင့် ဝင်ငွေ ၁၁၅သန်းရှိတဲ့ ရော်နယ်လ်ဒိုထက် အနည်းငယ် အသာရနေပါတယ်။ ဒီစာရင်းမှာ ပါဝင်တဲ့ နောက်ထပ် ဘောလုံးသမား နေမာရဲ့ ဝင်ငွေဟာ အဆင့်၃နေရာထဲက ကစားသမား ၃ယောက်ရဲ့ ဝင်ငွေနဲ့ များစွာ ကွာဟနေပြီး၊ တနှစ်ဝင်ငွေ ဒေါ်လာ၉၅သန်း ရရှိနေတဲ့ နေမာဟာ Puma,Red Bull တို့ကနေ ပြင်ပဝင်ငွေ ရရှိနေပါတယ်။

ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး ကစားသမား စာရင်းမှာ ဘက်စကတ်ဘော အားကစားရပ်ဝန်းမှ အများဆုံး ပါဝင်နေပေမယ့်၊ ဘောလုံး အားကစားအပြင် အခြား အားကစား နည်းမျိုးစုံမှ ကစားသမားတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။ ဟုတ်ပါတယ် ဒီစာရင်းမှာ လက်ဝှေ့ အကျော်အမော် ကန်နီလို အယ်လ်ဗာရက်ဇ်၊ တင်းနစ် အကျော်အမော် ရော်ဂျာ ဖက်ဒါရာနဲ့ အနားယူဖို့ အတွက် မကြာသေးမီကမှ ရော်နယ်လ်ဒိုနဲ့ တွေ့ဆုံခဲ့တဲ့ NFL လိဂ်မှ ဂန္ထဝင် ကစားသမား တွမ်ဘရေဒီတို့လည်း ပါဝင်နေတာပါ။ ဒါ့ကြောင့် ဖောဘက်စ် မဂ္ဂဇင်းကနေ ထုတ်ပြန်လိုက်တဲ့ အားကစားရပ်ဝန်း အသီးသီးမှ တနှစ်တာ ကမ္ဘာ့ ဝင်ငွေ အများဆုံး ကစားသမား ၁၀ယောက် စာရင်းကို အခုလို ဖော်ပြပေးလိုက်ပါတယ်။

၁။လီယွန်နယ်မက်ဆီ (ဒေါ်လာသန်း၁၃၀)
၂။လီဘရွန်ဂျိမ်းစ် (ဒေါ်လာ၁၂၁.၂သန်း)
၃။ခရစ္စတီယာနို ရော်နယ်လ်ဒို (ဒေါ်လာ၁၁၅သန်း)
၄။နေမာ (ဒေါ်လာ၉၅သန်း)
၅။စတီဖင်ကာရီ (ဒေါ်လာ၉၂.၈သန်း)
၆။ကီဗင်ဒါရန့် (ဒေါ်လာ၉၂.၁သန်း)
၇။ရော်ဂျာဖက်ဒါရာ (ဒေါ်လာ၉၀.၇သန်း)
၈။ကန်နီလို အယ်လ်ဗာရက်ဇ် (ဒေါ်လာသန်း၉၀)
၉။တွမ်ဘရေဒီ (ဒေါ်လာ၈၃.၉သန်း)
၁၀။ဂျန်းနစ်စ် အန်တက်တိုကွန်ပို (ဒေါ်လာ၈၀.၉သန်း)

ZAWGYI: ပီအက်စ်ဂျီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဖောဘက်စ် မဂ္ဂဇင်းက ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး အများဆုံး ကစားသမား စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေပြီး၊ ဒီကစားသမား ၁၀ယောက်စာရင်းမှာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုလည်း ပါဝင်နေပါတယ်။ မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ ကစားသမား ဘဝတလျှောက်လုံး ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဘောလုံးရာသီ အစမှာ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ခဲ့ပြီး၊ သူဟာ လီဂူးဝမ်း ထိပ်သီးကလပ်ကို ချန်ပီယံလိဂ် အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့ပေမယ့် လီဂူးဝမ်းမှာ ချန်ပီယံအဖြစ် အတည်ပြုနိုင်မယ့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။