မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒီနွေရာသီ ပထမဦးစားပေးခံစစ်ပစ်မှတ်က ဂျူရီယန်တင်ဘာဖြစ်ပေမယ့် အရန်ပစ်မှတ်ဖြစ်တဲ့ ပေါ်တူဂီခံစစ်မှူး ဒေးဗစ်ကာမိုနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ နည်းပြအဲရစ်တန်ဟတ်ဟာရဲ့ အသင်းဟောင်းအေဂျက်စ်ရဲ့ လူငယ်ခံစစ်မှူး တင်ဘာကို ဒီနွေရာသီမှာ အဓိကပစ်မှတ်အဖြစ်နဲ့ အိုးလ်ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

အသက် ၂၀ အရွယ်ကစားသမားဟာ တစ်ရာသီလုံး ဗဟိုခံစစ်နေရာမှာပဲ အများဆုံးကစားခဲ့ရပေမယ့် ညာနောက်ခံအစွန်လူနေရာမှာလည်း ကစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ဒီနွေရာသီအဆိုပါနေရာ နှစ်ခုစလုံးကို အင်အားဖြည့်ဖို့ ကြိုးစားနေပြီး အသင်းဟောင်းခရစ္စတယ်ပဲလေ့စ်ကို ပြန်ရောက်ဖို့နီးစပ်နေတဲ့ အာရွန်ဝမ်ဘစ်ဆာကာအတွက် ကမ်းလှမ်းမှုတွေကိုလည်း နားစွင့်ထားပါတယ်။

တင်ဘာက ဦးစားပေးပစ်မှတ်ဖြစ်ပေမယ့် ယူနိုက်တက်က full-back နေရာအတွက် ရွေးချယ်စရာတွေကိုလည်း ရှာဖွေးထားပါသေးတယ်။ ပရီးမီးယားလိဂ်ကလပ်ဟာ ဘရာဂါအသင်းရဲ့ ၂၂ နှစ်အရွယ်နောက်ခံလူနဲ့လည်း ၂ ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ မန်ချက်စတာညနေခင်းသတင်းက ဖော်ပြခဲ့ပါတယ်။ ကာမိုဟာ ဒီတစ်ပတ်ထဲမှာကပဲ ပေါ်တူဂီအသင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပြီး ၂၀၂၀-၂၁ ရာသီတုန်းက ခံစစ်မှာဒဏ်ရာပြဿနာနဲ့ အကြီးအကျယ်ရင်ဆိုင်ခဲ့ရတဲ့ လီဗာပူးကိုတောင် ရောက်ဖို့နီးစပ်ခဲ့ဖူးပါတယ်။

ပေါ်တူဂီကလာတဲ့ သတင်းတွေအရတော့ ဂျာဂန်ကလော့ပ်က စိတ်ဝင်စားဆဲဖြစ်တာကြောင့် လီဗာပူးကလည်း အပြောင်းအရွှေ့ဇာတ်လမ်းကို ပြန်စချင်နေပါတယ်။ ကာမိုရဲ့လက်ရှိ စာချုပ်မှာတော့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၄ သန်းပါရှိနေတယ်လို့လည်း သိရပါတယ်။ တစ်ဖက်ကစားသမား တင်ဘာကတော့ ဒီနွေရာသီမှာ အေဂျက်စ်နေ ထွက်မထွက်မဆုံးဖြတ်ရသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တင်ဘာက “ကျွန်တော်အေဂျက်စ်မှာလည်း ဆက်ပြီးတိုးတက်နိုင်ပါတယ်၊ အဲ့ဒါ ရာနှုန်းပြည့်သေချာပါတယ်။ ဒီအသင်းနဲ့ ပြီးဆုံးသွားပြီလို့ မခံစားရပါဘူး။ ဒါပေမယ့် အခြားအသင်းတွေမှာဆိုလည်း တိုးတက်လာအောင် လုပ်နိုင်ပါတယ်။ အခုတော့ လာမယ့်နိုင်ငံပွဲစဉ်တွေအတွက်ပဲ အာရုံစိုက်ထားပါတယ် ပြီးရင်တော့ အားလပ်ရက်မှာ နားမယ်။

နားပြီးရင်လည်း စဉ်းစားစရာလေးတွေ စဉ်းစားရဦးမယ်၊ ကျွန်တော့်ခံစားချက်အတိုင်းပဲ ဆုံးဖြတ်မှာပါ။ မှန်မှန်ကန်ကန်တော့ ဆုံးဖြတ်ရမှာပေါ့လေ၊ အသင်းကြီး တစ်သင်းသင်းကိုလည်း သွားလို့ရပါတယ်။ ဒါပေမယ့် အသင်းကြီးတစ်သင်းသင်းကိုမှ မဟုတ်ရင်တော့ အေဂျက်စ်မှာပဲ ဆက်နေတာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အေဂျက်စ်ကလည်း အသင်းကြီးတစ်သင်း ဖြစ်နေလို့ပါပဲ”လို့ ပြောသွားခဲ့ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒီနွေရာသီ ပထမဦးစားပေးခံစစ်ပစ်မှတ်က ဂျူရီယန်တင်ဘာဖြစ်ပေမယ့် အရန်ပစ်မှတ်ဖြစ်တဲ့ ပေါ်တူဂီခံစစ်မှူး ဒေးဗစ်ကာမိုနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ နည်းပြအဲရစ်တန်ဟတ်ဟာရဲ့ အသင်းဟောင်းအေဂျက်စ်ရဲ့ လူငယ်ခံစစ်မှူး တင်ဘာကို ဒီနွေရာသီမှာ အဓိကပစ်မှတ်အဖြစ်နဲ့ အိုးလ်ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။