ဘောလုံးလောကရဲ့ ထာဝရ အကောင်းဆုံး ကစားသမား နှစ်ဦးလို့ သတ်မှတ် ခံထားရတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ဟာ မကြာတော့မယ့် အနာဂတ် ကာလတွေအတွင်း အမေရိကန် မေဂျာလိဂ်မှာ လာရောက် ကစားလိမ့်မယ်လို့ လန်ဒန်ဒိုနိုဗန်က ခန့်မှန်းလိုက်ပါတယ်။ လန်ဒန် ဒိုနိုဗန်ဟာ ပရီးမီးယားလိဂ် ကလပ်အသင်း တသင်းဖြစ်တဲ့ အဲဗာတန် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်ပါတယ်။ အမေရိကန် မေဂျာလိဂ်ကို ၁၉၉၆ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး၊ အဆိုပါလိဂ်မှာ ဥရောပရဲ့ နာမည်ကျော် ကစားသမား အများအပြား သွားရောက် ကစားခဲ့ဖူးပါတယ်။

ဟုတ်ပါတယ် မေဂျာလိဂ်ကို မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ ကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ခမ်း သွားရောက် ကစားခဲ့ဖူးပြီး၊ သူဟာ ဒီလိဂ်မှာ လာရောက် ကစားတဲ့ ပထမဆုံး နိုင်ငံခြားသား မဟုတ်ခဲ့ပေမယ့်၊ အဆိုပါအချိန်က မေဂျာလိဂ်ရဲ့ နာမည်အကြီးဆုံး နိုင်ငံခြားသား ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ မေဂျာလိဂ် ကလပ်အသင်း တသင်းဖြစ်တဲ့ အယ်လ်အေဂလက်စီ အသင်းထံ ၂၀၀၇ခုနှစ်က ပြောင်းရွှေ့ ကစားခဲ့တာပါ။ သူ့ရဲ့ အပြောင်းအရွှေ့ကြောင့် အမေရိကန် မေဂျာလိဂ်ကို စိတ်ဝင်စားမှု ရှိလာခဲ့ပြီး၊ နာမည်ကြီးလာခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

ဒါ့အပြင် ဘက်ခမ်း ပြောင်းရွှေ့ ကစားချိန်မှစကာ အခြား ဥရောပ ထိပ်တန်း ကြယ်ပွင့်တွေဟာ မေဂျာလိဂ်မှာ ကစားဖို့ စိတ်ဝင်စား လာခဲ့ကြပြီး၊ ထိပ်တန်း ကစားသမား အများစုဟာ သူတို့ရဲ့ ကစားသမားဘဝ နေဝင်ချိန်ကို ဒီနေရာမှာ လာရောက် ကစားရင်း ကုန်ဆုံးခဲ့ကြပါတယ်။ အမေရိကန် မေဂျာလိဂ်မှာ ဒီဒီယာ ဒရော့ဂ်ဘာ၊ အန်ဒရီရာ ပီယာလို၊ စတီဗင်ဂျာရတ်၊ ဖရန့်လမ်းပတ်၊ ဒေးဗစ်ဗီလာနဲ့ ရီကာဒို ကာကာတို့လို ကစားသမားတွေ ကစားခဲ့ဖူးပြီး၊ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာလည်း ဂါရတ်သ်ဘေးလ်နဲ့ ချီလီနီတို့လို နာမည်ကျော် ကစားသမားတွေ ရောက်လာခဲ့ကြပါတယ်။

ဒါ့ကြောင့် မေဂျာလိဂ်မှာ စုစုပေါင်း ၃၄၀ပွဲကစားကာ၊ သွင်းဂိုး၁၄၆ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁၀ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ ဒိုနိုဗန်က၊ အဆိုပါ နေရာဟာ ဥရောပ ထိပ်တန်း ကစားသမားတွေ လာရောက် ကစားဖို့ ဆွဲဆောင်မှုရှိတဲ့ နေရာတခု ဖြစ်လာခဲ့ပြီလို့ အခုလို ပြောလိုက်ပါတယ်။ “မေဂျာလိဂ်ကို ပထမဆုံး ရောက်လာတဲ့ နာမည်ကြီး ကစားသမားက ဒေးဗစ်ဘက်ခမ်းလို့ ပြောရမှာပါ။ အခုဆိုရင် ကျွန်တော်တို့လိဂ်က အရမ်းကို တိုးတက်လာခဲ့ပြီ ဖြစ်ပြီး၊ ထိပ်တန်း ကစားသမားတိုင်း ဒီနေရာကို လာရောက် ကစားဖို့ ဆန္ဒရှိနေကြတာ တွေ့ရပါတယ်။”

“တနေ့နေ့ တချိန်ချိန်မှာ ဒီနေရာကို ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့လည်း လာရောက် ကစားကြလိမ့်မယ်လို့ ကျွန်တော် ထင်နေမိပါတယ်။”ဆိုပြီး ဒိုနိုဗန်က မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ အနာဂတ်ကို ခန့်မှန်း ပြောဆိုသွားခဲ့ပါတယ်။ ဒိုနိုဗန်ရဲ့ ပြောဆိုမှုဟာ အများစု လက်ခံ ယုံကြည်နိုင်လောက်တဲ့ စကားတွေ ဖြစ်ပြီး၊ ထာဝရ အကောင်းဆုံး ကစားသမား နှစ်ဦးလို့ သတ်မှတ် ခံထားရတဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ နှစ်ဦးစလုံး အနာဂတ်မှာ မေဂျာလိဂ်ကို သွားရောက် ကစားဖို့ အများကြီး ဖြစ်နိုင်ခြေတွေ ရှိနေပါတယ်။

မေဂျာလိဂ်ဟာ ဥရောပ ဘောလုံးလောကရဲ့ အကောင်းဆုံး လိဂ်ပြိုင်ပွဲ အချို့နဲ့ ယှဉ်လိုက်မယ်ဆိုရင် ပြိုင်ဆိုင်မှု အဆင့်အတန်း သိသိသာသာ နိမ့်ကျနေပြီး၊ ဒီအချက်ကြောင့်ပဲ ထိပ်တန်း ကစားသမား အချို့ဟာ သူတို့ရဲ့ ကစားသမားဘဝ နေဝင်ချိန်နီးမှ မေဂျာလိဂ်ကို လာရောက် ကစားခဲ့ကြတာပါ။ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ လက်ရှိ အသက်အရွယ်ဟာ ၃၇နှစ်ရှိနေပြီ ဖြစ်ပြီး၊ လီယွန်နယ် မက်ဆီကတော့ ၃၃နှစ်အရွယ် ရှိနေပါပြီ။

ဒီလို အသက်အရွယ် အနေအထားကြောင့် သူတို့ နှစ်ဦးစလုံးဟာ ထိပ်တန်းအဆင့်မှာ အမြဲတမ်း ခြေစွမ်းပြ ကစားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီလို အခြေအနေတွေမှာ သူတို့ အနေနဲ့ မြောက်အမေရိကတိုက်ကို ပြောင်းရွှေ့ ကစားခဲ့ရင် ငွေကြေး အကျိုးအမြတ် ရှိလာနိုင်တာ မှန်ပေမယ့်၊ သူတို့ရဲ့ ခြေစွမ်း အဆင့်အတန်းဟာ ဥရောပမှာ ကစားနေနိုင်ဆဲ ဖြစ်တာကြောင့် ဘယ်အချိန်မှာ ဥရောပတိုက် ပြင်ပက လိဂ်တွေထံ သွားရောက် ကစားမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ZAWGYI: ဘောလုံးလောကရဲ့ ထာဝရ အကောင်းဆုံး ကစားသမား နှစ်ဦးလို့ သတ်မှတ် ခံထားရတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ဟာ မကြာတော့မယ့် အနာဂတ် ကာလတွေအတွင်း အမေရိကန် မေဂျာလိဂ်မှာ လာရောက် ကစားလိမ့်မယ်လို့ လန်ဒန်ဒိုနိုဗန်က ခန့်မှန်းလိုက်ပါတယ်။ လန်ဒန် ဒိုနိုဗန်ဟာ ပရီးမီးယားလိဂ် ကလပ်အသင်း တသင်းဖြစ်တဲ့ အဲဗာတန် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်ပါတယ်။ အမေရိကန် မေဂျာလိဂ်ကို ၁၉၉၆ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး၊ အဆိုပါလိဂ်မှာ ဥရောပရဲ့ နာမည်ကျော် ကစားသမား အများအပြား သွားရောက် ကစားခဲ့ဖူးပါတယ်။