ဒီနေ့နံနက် (၁)နာရီ ခွဲ အချိန်မှာ ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ အာဆင်နယ် အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် အာဆင်နယ်တို့ဟာ ခရစ္စတယ်ပဲလေ့ အသင်းကို (၂)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ရာသီအဖွင့် ပွဲစဉ်ကို ရလဒ်ကောင်းတစ်ခု ရရှိအောင် စွမ်းဆောင် သွားနိုင်ခဲ့ပါတယ်။ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ တောက်လျှောက် ခြေစွမ်းပြနေခဲ့တဲ့ အာဆင်နယ်တို့ တကယ်တမ်း ပရီးမီးယားလိဂ် ပွဲစဉ်ကို ကစားရတဲ့ အချိန်မှာတော့ ခြေစွမ်းပိုင်းက ကျေနပ်လောက်စရာ အခြေအနေမှာ ရှိမနေခဲ့တာကို တွေ့ခဲ့ရပါတယ်။

ရာသီကြို ခြေစမ်းပွဲတွေမှာ ဂိုးတွေ သွင်းပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ တိုက်စစ်မှူးသစ် ဂျီးဆပ်အပါအဝင် အဓိက ကစားသမား အစုံ အလင်နဲ့ အာဆင်နယ်တို့ ပွဲထွက်လာခဲ့တာ ဖြစ်ပေမဲ့ ပဲလေ့ကို တော့ အကြိတ်အနယ် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာ အိမ်ရှင်ပဲလေ့တို့ကတောင် အသာရခဲ့တာ ဖြစ်ပြီး အာဆင်နယ်ရဲ့ ဘောလုံးပိုင်ဆိုင်မှုဟာ (၄၄) ရာခိုင်နှုန်းသာ ရှိထားခဲ့တာပဲ ဖြစ်ပါတယ်။

ပွဲချိန်အတွင်း ဂိုးပေါက်ကန်သွင်းမှု အဖြစ် အာဆင်နယ်ရော ပဲလေ့တို့ပါ (၁၀)ကြိမ်စီ ရှိခဲ့ကြပေမဲ့ ဂိုးပေါက်တည့်မတ်မှုကတော့ နှစ်သင်းလုံးဟာ (၂)ကြိမ်စီသာ ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဂိုးရဖို့ အခွင့်အရေးဖန်တီးမှု အပိုင်းမှာ ပဲလေ့ကတော့ သာလွန်နေခဲ့တာ ဖြစ်ပြီး ပဲလေ့ကို ကိုင်တွယ်နေတဲ့ အာဆင်နယ် ဂန္ဓဝင် ဗီအဲရာဟာ အသင်းဟောင်းကို ရာသီအဖွင့်ပွဲစဉ်မှာ အခက်တွေ့အောင် ကစားပြနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အာဆင်နယ် အတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် မိနစ်(၂၀)မှာ မာတင်နယ်လီက ဒီနွေဈေးကွက်ထဲမှာ မန်စီးတီးကနေ ခေါ်ယူထားခဲ့တဲ့ ဘယ်နောက်ခံကစားသမား ဇင်ချန်ကိုရဲ့ ဖန်တီးပေးမှုကနေ တဆင့် ခေါင်းတိုက်ပြီးတော့ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယမြောက် အနိုင်ဂိုးကိုတော့ ပွဲကစားချိန် (၈၅)မိနစ်မှာ ပဲလေ့နောက်ခံလူ ဂူဟိုင်းက ကိုယ့်ဂိုးကို ပြန်လည် သွင်းယူခဲ့တာကနေ တဆင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရာသီကြို ခြေစမ်းပွဲတွေမှာ ဂိုးမြူးနေခဲ့တဲ့ ဂျီးဆပ်ကတော့ ညက ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပြီးတော့ ပွဲကစားချိန်(၈၃)မိနစ်အရောက်မှာ လူငယ်ကစားသမားလေး ဖြစ်တဲ့ အယ်ကီတီရက်နဲ့ လူစားလဲခံခဲ့ရပါတယ်။

အာဆင်နယ်တို့ အနေနဲ့ ခြေစွမ်းအပိုင်း အရမ်းအကောင်းစားကြီး မဟုတ်ပေမယ့်လည်း အသင်းကြီးပီပီ လိုချင်တဲ့ ရလဒ်တစ်ခု ရရှိအောင် ကစားပြသွားနိုင်ခဲ့တာကိုတော့ ချီးကျူးရမှာပဲ ဖြစ်ပါတယ်။ ပဲလေ့ အနေနဲ့လည်း နွေဈေးကွက်ထဲမှာ ကစားသမားသစ် (၄)ဦး အထိ ခေါ်ယူထားခဲ့ပေမဲ့ ညက ပွဲစဉ်မှာတော့ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ကွင်းလယ်လူ ဒေါ့ကိုရေး တစ်ယောက်သာ ပါဝင် ပွဲထွက်ကစားလာခဲ့တာကိုတွေ့ခဲ့ရပါတယ်။

အာဆင်နယ်တို့အတွက်တော့ ခြေစွမ်းပိုင်းအရ အကောင်းစားကြီး မဟုတ်ခဲ့ပေမဲ့လည်း လိုချင်တဲ့ ရလဒ်တစ်ခုကို ရယူနိုင်ခဲ့တဲ့ အတွက် ရာသီအစ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကိုတော့ လက်ရှိမှာ ဦးဆောင်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အာဆင်နယ်တို့အတွက် ဒုတိယမြောက် ပရီးမီးယားလိဂ် ပွဲစဉ်ကတော့ နောက်တစ်ပတ် စနေနေ့မှာ လက်စတာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: ဒီနေ့နံနက် (၁)နာရီ ခွဲ အချိန်မှာ ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ အာဆင်နယ် အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် အာဆင်နယ်တို့ဟာ ခရစ္စတယ်ပဲလေ့ အသင်းကို (၂)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ရာသီအဖွင့် ပွဲစဉ်ကို ရလဒ်ကောင်းတစ်ခု ရရှိအောင် စွမ်းဆောင် သွားနိုင်ခဲ့ပါတယ်။ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ တောက်လျှောက် ခြေစွမ်းပြနေခဲ့တဲ့ အာဆင်နယ်တို့ တကယ်တမ်း ပရီးမီးယားလိဂ် ပွဲစဉ်ကို ကစားရတဲ့ အချိန်မှာတော့ ခြေစွမ်းပိုင်းက ကျေနပ်လောက်စရာ အခြေအနေမှာ ရှိမနေခဲ့တာကို တွေ့ခဲ့ရပါတယ်။