အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလ ရဲ့ ပဉ္စမမြောက် ခေါ်ယူမှု အဖြစ် မန်ချက်စတာ စီးတီး အသင်း ကစားသမား ဇင်ချန်ကို ကို ပေါင် သန်း ၃၀+ အပိုဆုကြေး ၂ သန်းလေးနှစ် စာချုပ် နဲ့ ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဇင်ချန်ကို ရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာ ရခြင်း မရှိသေးပေမယ့် အော်လန်ဒို စီးတီး နဲ့ ပွဲ မတိုင်မှီ အာဆင်နယ် အသင်းနဲ့ လာရောက် ပူးပေါင်း တဲ့ ဇင်ချန်ကို ရဲ့ ပုံရိပ်တွေ ၊ ပွဲကြည့်စင်မှာ အီဒူး နဲ့ အတူ ထိုင်နေတဲ့ ပုံတွေဟာ ဆိုရှယ်မီဒီယာထက်မှာ အတော်လေး ပျံနှံ့ပြီးနေပါပြီ ။

ပွဲမစတင် အချိန်ကတည်းက ဇင်ချန်ကို တစ်ယောက် အာဆင်နယ် အသင်း လေ့ကျင့်ရေး ဝတ်စုံ အပြည့်နဲ့ လမ်းလျှောက် နေတာကို ပရိသတ်တွေ ဓါတ်ပုံ ဗီဒီယို အမိအရ ရိုက်ယူ နိုင်ခဲ့ကြပါတယ် ။ ဒါ့အပြင်ရာသီဥတု အခြေအနေကြောင့် ပွဲစတင်ဖို့ နောက်ကျနေချိန်မှာလည်း ပရိသတ်တွေဟာ နည်းစနစ် ဒါရိုက်တာ နဲ့ အတူ ထိုင်နေတဲ့ ဇင်ချန်ကို ရဲ့ပုံကို မှတ်တမ်း တင်နိုင် ခဲ့ကြပါတယ် ။ အော်လန်ဒို နဲ့ ပွဲ အပြီးမှာတော့ သတင်းထောက်တွေဟာ ဇင်ချန်ကို နဲ့ ပတ်သက်ပြီး အာတေတာ ကို မေးမြန်း ခဲ့ကြပါတယ် ။

နည်းပြ အာတေတာ ကတော့ ဇင်ချန်ကို ရဲ့ အပြောင်းအရွှေ့တရားဝင်ကြေညာဖို့ရာ လုပ်ဆောင်ရမယ့် အရာအနည်းငယ် ရှိနေသေးကြောင်း ပြောကြား သွားခဲ့ပါတယ် ။ ” သူ(ဇင်ချန်ကို) ဒီမှာ ရောက်နေတာ ခင်ဗျားတို့ အားလုံး တွေ့ကြပြီး ဖြစ်မှာပါ ၊ အရာအားလုံး အလုံးစုံ ပြီးမြောက်ဖို့ အတွက် လုပ်ဆောင်ရမယ့် အရာလေးတွေတော့ ကျန်ရှိ နေပါသေးတယ် ၊ ဒါပေမယ့် သူ့ကို ခေါ်လိုက်နိုင်တဲ့ အတွက် ကျွန်တော်တို့ ဝမ်းသာ ပျော်ရွှင် မိပါတယ် ။ ကျွန်တော် သူ့အကြောင်း ကောင်းကောင်း သိပါတယ် ၊ သူက တကယ့်ကို ထူးခြား ကောင်းမွန်တဲ့ ကစားသမား တစ်ဦးပါ ၊ ”

” အဝတ်လဲခန်း အတွင်း ပြိုင်ဆိုင်မှုတွေကို ယူဆောင် လာပေးမယ့် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ် ။ သူက ဘယ်နောက်ခံလူ အဖြစ်ရော ကွင်းလယ်လူ အဖြစ်ပါ ကစား နိုင်ပါတယ် ၊ သူ့ရဲ့ ကစားသမား ဘဝ အစမှာ နံပါတ် ၁၀ အဖြစ် ကစားခဲ့တာပါ ၊ ကျွန်တော်တို့ ကစားချင်တဲ့ ပုံစံ အရ သူ့ကို ဘယ်နောက်ခံလူ အဖြစ် ပြောင်းလဲ ကစားခိုင်း ခဲ့ပါတယ်(မန်စီးတီးမှာတုန်းက) ။ သူ့ရဲ့ နေရာ ပြောင်းလဲ ကစားနိုင်မှုက ကျွန်တော်တို့ အသင်းအတွက် သိပ်ကို အရေးပါပါတယ် ကျွန်တော်တို့ အသင်းမှာက ခံစစ် အစွန်လူ အဖြစ် ကစားနိုင်တဲ့သူတွေပဲ ရှိနေခဲ့တာပါ ၊ သူ့ကို ရလိုက်တဲ့ အတွက် ပျော်ရွှင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ZAWGYI: အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလ ရဲ့ ပဉ္စမမြောက် ခေါ်ယူမှု အဖြစ် မန်ချက်စတာ စီးတီး အသင်း ကစားသမား ဇင်ချန်ကို ကို ပေါင် သန်း ၃၀+ အပိုဆုကြေး ၂ သန်းလေးနှစ် စာချုပ် နဲ့ ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဇင်ချန်ကို ရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာ ရခြင်း မရှိသေးပေမယ့် အော်လန်ဒို စီးတီး နဲ့ ပွဲ မတိုင်မှီ အာဆင်နယ် အသင်းနဲ့ လာရောက် ပူးပေါင်း တဲ့ ဇင်ချန်ကို ရဲ့ ပုံရိပ်တွေ ၊ ပွဲကြည့်စင်မှာ အီဒူး နဲ့ အတူ ထိုင်နေတဲ့ ပုံတွေဟာ ဆိုရှယ်မီဒီယာထက်မှာ အတော်လေး ပျံနှံ့ပြီးနေပါပြီ ။