ပေါ်တူဂီအသင်းဟာ နေးရှင်းလိဂ်မှာ ဆွစ်ဇာလန်အသင်းကို ၄-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် ရော်နယ်ဒိုက ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအသင်းကို ပြိုင်ဘက်အသင်းတွေ လန့်သွားစေမယ့် စကားအဖြစ် “ဒါဟာ အစပဲ ရှိသေးတယ်” လို့ ဆိုလိုက်ပါတယ်။ ထိုပွဲမှာ ရော်နယ်ဒိုဟာ သွင်းဂိုး ၂ ဂိုး သွင်းယူခဲ့ပြီး အဲ့ဒါဟာ သူ့ရဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုး ၁၁၆ ဂိုးနဲ့ ၁၁၇ ဂိုးမြောက်လဲ ဖြစ်ခဲ့ပါတယ်။

ဝီလီယံ ကာဗယ်လ်ဟိုနဲ့ ဂျောင် ကန်ဆယ်လိုတို့လဲ တစ်ဂိုးစီ သွင်းယူခဲ့ပြီး နည်းပြ ဖာနန်ဒိုဆန်းတို့ရဲ့ ပေါ်တူဂီ အသင်းဟာ လစ္စဘွန်းမှာ ပေးဂိုးမရှိ နိုင်ပွဲရခဲ့ပါတယ်။ ယခုကဲ့သို့ နိုင်ပွဲပြီးနောက် ရော်နယ်ဒိုက ၂၀၁၆ ယူရိုဖလားပိုင်ရှင်ပေါ်တူဂီ အသင်းအတွက် ဒါက အစပဲရှိသေးတယ်လို့ ပြောလိုက်ပါတယ်။

“ကျွန်တော်တို့ ရှေ့ဆက်ရမယ့် ခရီးအတွက် ဒါက အရေးပါတဲ့နိုင်ပွဲတစ်ခုပါ ။အသင်းအတွက် အများကြီး ယုံကြည်ချက်တိုးစေသလို ပေါ်တူဂီအသင်းအတွက်လည်း အများကြီး ခွန်အားတွေ ဖြစ်စေပါတယ်။ အဲ့ဒါက ရာသီက တဖြည်းဖြည်း ပြီးဆုံးသွားတယ်လို့ ခံစားရစေပါတယ်။ ဒါပေမယ့် တကယ်တမ်းက အခုမှ စတင်မှာပါ” လို့ ရော်နယ်ဒိုက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာက ပေါ်တူဂီအသင်းဟာ ဆားဗီးယားအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အတွက် ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားကို တိုက်ရိုက်ဝင်ခွင့်ရဖို့ အခွင့်အရေးဆုံးရှုံးခဲ့လို့ ကမ္ဘာ့ဖလားကို ရှုံးထွက်အဆင့် ကစားခဲ့ရပါတယ်။ ဒါပေမယ့်လဲသူတို့ဟာ တူရကီနဲ့ မြောက်မက်ဆီဒိုးနီးယားတို့ကို ကျော်ဖြတ်ပြီး ကာတာ ကမ္ဘာ့ဖလားကို ဝင်ခွင့် ရရှိခဲ့ပါတယ်။

ထို့နောက်ပြီးခဲ့တဲ့ ကြာသပတေးမှာ နေးရှင်းလိဂ် ပွဲစဉ်အဖြစ် ပေါ်တူဂီအသင်းဟာ စပိန်အသင်းနဲ့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး တနင်္ဂနွေနေ့က ပေါ်တူဂီမှာကစားတဲ့ ဆွစ်စလန်နဲ့ ပွဲကိုတော့ ဂိုးပြတ်အနိုင်ရခဲ့တဲ့အတွက် အိမ်ကွင်းပရိတ်သတ်တွေ အတွက် ပျော်ရွှင်ကျေနပ်မှု ရရှိစေခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားကစားရဖို့ ခြောက်လခန့်သာ လိုတော့တဲ့ အချိန်မှာ အသင်းအတွက် အရှိန်တခုရအောင် ပြင်ဆင်လာနေပြီး ရော်နယ်ဒိုဟာလဲ သူ့အတွက် နောက်ဆုံးပြိုင်ပွဲကြီး ဖြစ်လာနိုင်တဲ့ ကမ္ဘာ့ဖလားကိုယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ၂၀၀၆ ခုနှစ်မှာ ရောက်ရှိ ကစားခဲ့ပြီးနောက် နောက်ကမ္ဘာ့ဖလားတွေမှာတော့ ၁၆ သင်း အဆင့်ကိုကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ZAWGYI: ပေါ်တူဂီအသင်းဟာ နေးရှင်းလိဂ်မှာ ဆွစ်ဇာလန်အသင်းကို ၄-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် ရော်နယ်ဒိုက ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအသင်းကို ပြိုင်ဘက်အသင်းတွေ လန့်သွားစေမယ့် စကားအဖြစ် “ဒါဟာ အစပဲ ရှိသေးတယ်” လို့ ဆိုလိုက်ပါတယ်။ ထိုပွဲမှာ ရော်နယ်ဒိုဟာ သွင်းဂိုး ၂ ဂိုး သွင်းယူခဲ့ပြီး အဲ့ဒါဟာ သူ့ရဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုး ၁၁၆ ဂိုးနဲ့ ၁၁၇ ဂိုးမြောက်လဲ ဖြစ်ခဲ့ပါတယ်။

ဝီလီယံ ကာဗယ်လ်ဟိုနဲ့ ဂျောင် ကန်ဆယ်လိုတို့လဲ တစ်ဂိုးစီ သွင်းယူခဲ့ပြီး နည်းပြ ဖာနန်ဒိုဆန်းတို့ရဲ့ ပေါ်တူဂီ အသင်းဟာ လစ္စဘွန်းမှာ ပေးဂိုးမရှိ နိုင်ပွဲရခဲ့ပါတယ်။ ယခုကဲ့သို့ နိုင်ပွဲပြီးနောက် ရော်နယ်ဒိုက ၂၀၁၆ ယူရိုဖလားပိုင်ရှင်ပေါ်တူဂီ အသင်းအတွက် ဒါက အစပဲရှိသေးတယ်လို့ ပြောလိုက်ပါတယ်။

ကျွန်တော်တို့ ရှေ့ဆက်ရမယ့် ခရီးအတွက် ဒါက အရေးပါတဲ့နိုင်ပွဲတစ်ခုပါ ။အသင်းအတွက် အများကြီး ယုံကြည်ချက်တိုးစေသလို ပေါ်တူဂီအသင်းအတွက်လည်း အများကြီး ခွန်အားတွေ ဖြစ်စေပါတယ်။ အဲ့ဒါက ရာသီက တဖြည်းဖြည်း ပြီးဆုံးသွားတယ်လို့ ခံစားရစေပါတယ်။ ဒါပေမယ့် တကယ်တမ်းက အခုမှ စတင်မှာပါလို့ ရော်နယ်ဒိုက ဆိုပါတယ်။