ညက ကစားသွားခဲ့ကြတဲ့ ပေါ်တူဂီနဲ့ ဆွစ်ဇာလန်တို့ရဲ့ နေရှင်လိဂ်အုပ်စုပွဲစဉ်မှာ ပေါ်တူဂီတို့ဟာ အိမ်ကွင်းမှာ ဆွတ်ဇာလန်တို့ကို (၄)ဂိုးပြတ်နဲ့ အနိုင်ယူပြီး လိုအပ်နေတဲ့ ရလဒ်ကောင်းတစ်ခုကို အရယူ သွားနိုင်ခဲ့ကြပါတယ်။ ပေါ်တူဂီအတွက် သွင်းဂိုးတွေကိုတော့ စီရော်နယ်ဒိုက (၂)ဂိုး၊ ကယ်ဆယ်လိုက (၁)ဂိုးနဲ့ ကာဗယ်ဟိုက (၁) ဂိုး စီ သွင်းယူပေးသွားခဲ့ကြတာ ဖြစ်ပါတယ်။ အုပ်စုပထမပွဲစဉ်မှာ စပိန်နဲ့ သရေကျခဲ့တာကြောင့် အမှတ်လျော့ခဲ့ရတဲ့ ပေါ်တူဂီတို့ဟာ ဆွတ်ဇာလန်နဲ့ ပွဲစဉ်မှာတော့ စီရော်နယ်ဒိုကို ပွဲထွက်စာရင်းမှာ ထည့်သွင်းကာ လူစုံထုတ်ပြီး ကစားလာခဲ့တာ ဖြစ်ပြီး ဂိုးပြတ်နဲ့ အနိုင်ရလဒ်တစ်ခုကို ပုံဖော်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်ဟာ အုပ်စုတွင်း အားအနည်းဆုံး အသင်းပီပီ စီရော်နယ်ဒို ဦးဆောင်လာတဲ့ ပေါ်တူဂီအသင်းရဲ့ ဖိအေားပေးမှုတွေ အောက်မှာ ပွဲချိန်ပြည့်ခံခဲ့ရတာ ဖြစ်ပြီး၊ ပွဲချိန်အတွင်း ပေါ်တူဂီအသင်းရဲ့ ဂိုးပေါက်ကို (၁)ကြိမ်သာ တည့်မတ်အောင် ခြိမ်းခြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီတို့ဟာ ပွဲစတာနဲ့ ဆွတ်ဇာလန်ဘက်ကို ထိုးဖောက်တိုက်စစ်ဆင်မှု တွေ တောက်လျှောက် ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပွဲကစားချိန်(၁၅)မိနစ်မှာကတည်းက စီရော်နယ်ဒိုရဲ့ ဖန်တီးပေးမှုကနေတဆင့် ကာဗယ်ဟိုက အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန်အတွင်း ပေါ်တူဂီကပဲ ပိုဖိအားပေး ကစားနေခဲ့တာ ဖြစ်ပြီး ပွဲကစားချိန်(၃၅)မိနစ်မှာတော့ ဂျိုတာရဲ့ ဖန်တီးပေးမှုကနေတဆင့် စီရော်နယ်ဒိုက ပေါ်တူဂီအသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြန်ပါတယ်။ ဒုတိယမြောက် ဦးဆောင်ဂိုးရရှိပြီး (၄)မိနစ်အကြာမှာပဲ ဂျိုတာရဲ့ ဖန်တီးပေးမကနေတဆင့် စီရော်နယ်ဒိုကပဲ တတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းကတည်းက(၃)ဂိုးပြတ်နဲ့ အနိုင်ရရှိနေခဲ့တဲ့ ပေါ်တူဂီတို့ဟာ ဒုတိယပိုင်းမှာတော့ အသင်းရဲ့ ကစားအားကို အနည်းငယ်ချပြီးတော့ ပွဲကိုထိန်းချုပ်ဖို့ ပိုပြီးတော့ ကြိုးစားလာခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပွဲကစားချိန်(၆၈)မိနစ်အရောက်မှာတော့ အနိုင်သေချာစေမယ့် ဂိုးကို ဘနာဒိုဆေးဗားလ်ရဲ့ ဖန်တီးပေးးမှုကနေတဆင့် ကယ်ဆယ်လိုက သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အသက်(၃၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ ခြေစွမ်းတွေက အထင်ကြီးလောက်စရာ ဖြစ်ခဲ့ပြီး အသက်အရွယ်ကြီးရင့်မှုဆိုတာ ကိန်းဂဏန်းတစ်ခုသာ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို သွင်းဂိုးတွေနဲ့ သက်သေပြသွားနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပေါ်တူဂီအတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပြီး ငါမအိုသေး အစွမ်းကို ပြသခဲ့သလို စီရော်နယ်ဒိုဟာ ဟက်ထရစ် ရရှိဖို့အထိတောင် နီးစပ်မှု ရှိခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီအတွက် ပွဲချိန်ပြည့် ပါဝင်ကစားပေးခဲ့ပြီး၊ ပွဲချိန်အတွင်း ဂိုးပေါက်ကန်သွင်းမှုက (၇)ကြိမ်အထိရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း စီရော်နယ်ဒိုကသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ချက်နဲ့ စပိန်တို့ဟာ တစ်ဖက် (၂)ဂိုးစီနဲ့ သရေကျခဲ့တာ ကြောင့် စီရော်နယ်ဒိုဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကို တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ချက်နဲ့ ရမှတ်တူလျက်ရှိနေပေမဲ့ ပေါ်တူဂီက ဂိုးကွာခြားချက် သာနေတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ရပ်တည်ထားနိုင်လျက် ရှိနေတာလည်းပဲ ဖြစ်ပါတယ်။ တတိယမြောက် အုပ်စုပွဲစဉ်ကိုတော့ လာမယ့် ဇွန်လ(၁၀)ရက်နေ့မှာ ချက်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပြီးတော့ ချက်ကိုသာ ပေါ်တူဂီတို့ အနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ အုပ်စုကနေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ ပေါ်တူဂီတို့အတွက် အခွင့်အရေး ကောင်းတစ်ရပ်ကို ပိုင်ဆိုင်သွားပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: ညက ကစားသွားခဲ့ကြတဲ့ ပေါ်တူဂီနဲ့ ဆွစ်ဇာလန်တို့ရဲ့ နေရှင်လိဂ်အုပ်စုပွဲစဉ်မှာ ပေါ်တူဂီတို့ဟာ အိမ်ကွင်းမှာ ဆွတ်ဇာလန်တို့ကို (၄)ဂိုးပြတ်နဲ့ အနိုင်ယူပြီး လိုအပ်နေတဲ့ ရလဒ်ကောင်းတစ်ခုကို အရယူ သွားနိုင်ခဲ့ကြပါတယ်။ ပေါ်တူဂီအတွက် သွင်းဂိုးတွေကိုတော့ စီရော်နယ်ဒိုက (၂)ဂိုး၊ ကယ်ဆယ်လိုက (၁)ဂိုးနဲ့ ကာဗယ်ဟိုက (၁) ဂိုး စီ သွင်းယူပေးသွားခဲ့ကြတာ ဖြစ်ပါတယ်။ အုပ်စုပထမပွဲစဉ်မှာ စပိန်နဲ့ သရေကျခဲ့တာကြောင့် အမှတ်လျော့ခဲ့ရတဲ့ ပေါ်တူဂီတို့ဟာ ဆွတ်ဇာလန်နဲ့ ပွဲစဉ်မှာတော့ စီရော်နယ်ဒိုကို ပွဲထွက်စာရင်းမှာ ထည့်သွင်းကာ လူစုံထုတ်ပြီး ကစားလာခဲ့တာ ဖြစ်ပြီး ဂိုးပြတ်နဲ့ အနိုင်ရလဒ်တစ်ခုကို ပုံဖော်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။