ညက ကစားသွားခဲ့ကြတဲ့ နေရှင်လိဂ် ပြိုင်ပွဲအုပ်စု(၂)ရဲ့ အုပ်စုပွဲစဉ်(၄)မှာ ဆွတ်ဇာလန်နဲ့ ပေါ်တူဂီတို့ တွေ့ဆုံခဲ့ကြပြီးတော့ အိမ်ရှင် ဆွတ်ဇာလန်က ပေါ်တူဂီကို ပွဲကစားချိန် (၁)မိနစ်မှာ သွင်းယူခဲ့တဲ့ ဆဲဖာရိုဗစ်ရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပေါ်တူဂီအတွက်တော့ အုပ်စုပွဲစဉ်(၄)ပွဲရောက်မှ ပထမဆုံးသော အရှုံးနဲ့ ရင်ဆိုင်သွားခဲ့ရတာလည်းပဲ ဖြစ်ပါတယ်။ စီရော်နယ်ဒိုပါဝင်လာခဲ့ ခြင်းမရှိတဲ့ ပေါ်တူဂီတို့ဟာ ဆွတ်ဇာလန်ကို ဖိအားပေး ကစားနိုင်ခဲ့ပေမဲ့ တိုက်စစ်ပိုင်းရဲ့ အဆုံးသတ်မသေချာမှုတွေကြောင့် ရှုံးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဧည့်သည်ဆိုပေမဲ့ ပေါ်တူဂီတို့ဟာ ဆွတ်ဇာလန်မြေမှာ ဆွတ်ဇာလန်ကို ဘောလုံး ပိုင်ဆိုင်မှု (၆၀)ရာခိုင်နှုန်းလောက် အထိ အသာစီးယူပြီး ကစားသွားနိုင်ခဲ့သလို ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းမှာလည်း ဆွတ်ဇာလန်ထက် (၄)ဆ ပိုများနေခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန်အတွင်း ဂိုးကန်သွင်းချက် အကြိမ်(၂၀) အထိရှိခဲ့ပြီး၊ ဂိုးပေါက်တည့်မတ်မှု (၈)ကြိမ်အ ထိရှိခဲ့ပေမဲ့ ဆွစ်ဇာလန်ဂိုးသမား အွန်လင်းရဲ့ လက်စွမ်းပြကာကွယ်နေမှုတွေက ပေါ်တူဂီတို့ ဂိုး မရခဲ့တဲ့ အဓိက အကြောင်းပြချက်တွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ပေါ်တူဂီတို့ဟာ ညက ပွဲစဉ်မှာ တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းမှာ အဓိက ကစားသမား အများစုကို အနားပေးပြီးတော့ ဆွတ်ဇာလန်ကို ရင်ဆိုင်ကစားသွားခဲ့တာကို တွေ့ခဲ့ရပါတယ်။ လီယို၊ ဆေးဗားလ်၊ အိုတာဗီယိုတို့ ရှေ့တန်း(၃)နေရာမှာ ပွဲထွက်လာခဲ့ကြတာပါ။ ကွင်းလယ်ပိုင်းမှာတော့ ဘနာဒိုဆေးဗားကို အနားပေးခဲ့ပြီး၊ ဘရူနိုဖာနန်ဒက်စ်ကို နာဗက်စ်၊ ဗစ်တင်ဟာတို့နဲ့ တွဲဖက်ပြီး ပွဲထွက်လာစေခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီ အသင်းရဲ့ အဓိက တိုက်စစ်မှူးကြီး စီရော်နယ်ဒိုကတော့ အရန်စာရင်းမှာတောင် ပါဝင်လာခဲ့ခြင်းမရှိတာကို တွေ့ခဲ့ရပါတယ်။

ဆိုတော့ ဆွစ်ဇာလန်ဟာ ပွဲကစားချိန်အတွင်း ပေါ်တူဂီဘက်ကို ဂိုးပေါက်ကန်သွင်းမှု (၅)ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး အဆိုပါ(၅)ကြိမ်မှာ (၂)ကြိမ်သာ ဂိုးပေါက်တည့်မတ်မှုရှိခဲ့တာ ဖြစ်ပါတယ်။ ဒီ(၂)ကြိမ်ထဲကပဲ ပွဲကစားချိန်(၁)မိနစ်မှာ ဝဒ်မာရဲ့ ဖြတ်တင်ဘောကနေတဆင့် ဆဲဖာရိုဗစ်က ခေါင်းတိုက်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီတို့ အနေနဲ့ လက်ကျန်မိနစ်တွေမှာ ခြေပဂိုးနဲ့ အနိုင်ဂိုးတွေ ရရှိဖို့ ကစားအားမြင့်ပြီး ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပေမဲ့ ဆွတ်ဇာလန်တို့ရဲ့ အသင်းလိုက်ကစားပုံ စုစည်းမှု ကောင်းမွန်နေတာကြောင့်ရယ်၊ ဂိုးသမားဆဲ အွန်လင်းရဲ့ လက်စွမ်းပြ ကာကွယ်နေမှုတွေရယ်ကြောင့် ဂိုးတွေ မရခဲ့ပဲ ပွဲပြီးဆုံးချိန်မှာတော့ ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။

ပေါ်တူဂီတို့ အနေနဲ့ (၂၀၁၉)ခုနှစ် နေရှင်လိဂ်ပြိုင်ပွဲမှာတုန်းကလည်း ဆွစ်ဇာလန်နဲ့ ပေါ်တူဂီတို့ဟာ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့ကြဖူးပြီး၊ စီရော်နယ်ဒိုရဲ့ ဟက်ထရစ် သွင်းဂိုးနဲ့ ဆွတ်ဇာလန်တို့ကို အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုဟာ ဆွတ်ဇာလန်နဲ့ ဇွန်လ(၆)ရက်နေ့က ကစားခဲ့တဲ့ အုပ်စုပထမအကျော့ ပွဲစဉ်မှာတုန်းကလည်း ဆွစ်ဇာလန်ဘက်ကို (၂)ဂိုး သွင်းယူနိုင်ခဲ့ပြီး (၄)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ဒီတစ်ကြိမ်မှာတော့ စီရော်နယ်ဒို တစ်ယောက် မပါဝင်နိုင်ခဲ့တာကြောင့် ပေါ်တူဂီတို့ ဆွတ်ဇာလန်ရဲ့ ခြေမှုန်းခြင်းကို ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

ပေါ်တူဂီတို့ အနေနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နေရှင်လိဂ်မှာ အုပ်စုပွဲစဉ်(၄)ပွဲကစားပြီးချိန်မှာ (၂)ပွဲနိုင် (၁)ပွဲသရေ (၁)ပွဲရှုံးရလဒ်နဲ့ အုပ်စုအတွင်း အဆင့်(၂)နေရာမှာ ရမှတ် (၇) မှတ်နဲ့ ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ တက်ဖက်မှာ စပိန်အသင်းက ချက်အသင်းကို ဆိုလာ၊ ဆာရာဘီယားတို့ရဲ့ သွင်းဂိုးတွေနဲ့ (၂)ဂိုးပြတ် အနိုင်ရရှိသွားခဲ့တာကြောင့် (၄)ပွဲ ကစားပြီးချိန်မှာ (၂)ပွဲ နိုင်(၂) ပွဲသရေဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်ထားခဲ့ပြီး ရမှတ် (၈)မှတ်နဲ့ အဆင့်(၁)နေရာမှာ ရပ်တည်လျက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီတို့ အနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ဆိုရင်တော့ လာမယ့် ချက်နဲ့ကန်ရမယ့် ပွဲစဉ်မှာ အနိုင်ရရှိဖို့ လိုအပ်နေပြီး ရလဒ်ကောင်းတစ်ခုကို ရရှိအောင် စွမ်းဆောင်နိုင်မှသာ အုပ်စုက တက်ဖို့ အခြေအနေကောင်းသွားတော့မှာပဲ ဖြစ်ပါတယ်။

ZAWGYI: ညက ကစားသွားခဲ့ကြတဲ့ နေရှင်လိဂ် ပြိုင်ပွဲအုပ်စု(၂)ရဲ့ အုပ်စုပွဲစဉ်(၄)မှာ ဆွတ်ဇာလန်နဲ့ ပေါ်တူဂီတို့ တွေ့ဆုံခဲ့ကြပြီးတော့ အိမ်ရှင် ဆွတ်ဇာလန်က ပေါ်တူဂီကို ပွဲကစားချိန် (၁)မိနစ်မှာ သွင်းယူခဲ့တဲ့ ဆဲဖာရိုဗစ်ရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပေါ်တူဂီအတွက်တော့ အုပ်စုပွဲစဉ်(၄)ပွဲရောက်မှ ပထမဆုံးသော အရှုံးနဲ့ ရင်ဆိုင်သွားခဲ့ရတာလည်းပဲ ဖြစ်ပါတယ်။ စီရော်နယ်ဒိုပါဝင်လာခဲ့ ခြင်းမရှိတဲ့ ပေါ်တူဂီတို့ဟာ ဆွတ်ဇာလန်ကို ဖိအားပေး ကစားနိုင်ခဲ့ပေမဲ့ တိုက်စစ်ပိုင်းရဲ့ အဆုံးသတ်မသေချာမှုတွေကြောင့် ရှုံးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ်။