ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ ရက်ဘူးလ် ဆဲလ်ဘက်နဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဆက်စ်ကိုကို ခေါ်ယူရန် အေးဂျင့်ဖြစ်သူနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဆက်စ်ကိုက အသက်အရွယ် ငယ်သေးပေမယ့် ဆလိုဗေးနီးယား လက်ရွေးစင်အသင်း အတွက် ၁၃ပွဲ အထိ ပါဝင် ကစားခွင့် ရထားပြီး သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်တဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦးပဲ ဖြစ်ပါတယ်။

အရပ်အမြင့် ၆ပေ ၃လက်မ ရှိတဲ့ ဆက်စ်ကိုက အမြင့်ဘောတွေကို အပိုင်နိုင်ဆုံး အသုံးချနိုင်စွမ်း ရှိသလို သူ့ရဲ့ အဆုံးသတ် ကောင်းမွန်မှုကြောင့် ရက်ဘူးလ် ဆဲလ်ဘက်အသင်း ကနေ ထွက်ပေါ်လာကာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်နေတဲ့ မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ ခိုင်းနှိုင်းခံနေရသူပါ။ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ဆက်စ်ကိုကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေပြီး ဆက်စ်ကိုရဲ့ အေးဂျင့်ဖြစ်သူနဲ့ တရားဝင် ချိတ်ဆက်မှုတွေ ပြုလုပ်ထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

ဩစတီးယား အခြေစိုက် နာမည်ကြီး သတင်းဌာနတွေကလည်း ဆက်စ်ကိုရဲ့ အေးဂျင့်ဖြစ်သူဟာ လန်ဒန်မြို့ဆီ ရောက်ရှိနေကာ မန်ချက်စတာ ယူနိုက်တက် ၊ နယူးကာဆယ် စတဲ့ အသင်းတွေနဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေကို ဆွေးနွေးနေပြီး ကစားသမားကတော့ နယူးကာဆယ်ထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့လိုနေကြောင်း အသီးသီး ဖော်ပြထားကြပါတယ်။ ရက်ဘူးလ် ဆဲလ်ဘက်ကတော့ သူတို့အသင်း အတွက် ပြိုင်ပွဲစုံမှာ ပွဲ၄၀ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၃ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်ထားနိုင်တဲ့ ဆက်စ်ကိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းကျော် အလိုရှိနေပါတယ်။

တစ်ဖက်မှာလည်း အီတလီ စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ အသင်းရဲ့ ဘဏ္ဍာရေးပိုင်း ပြေလည်စေဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်း အလိုရှိနေတဲ့ ညာနောက်ခံကစားသမား ဒန်ဆယ်ဒီဖရိုင်းစ် အပါအဝင် ဝါရင့်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အီဒင်ဂျက်ကိုနဲ့ အလက်ဆစ်ဆန်းချက်ဇ်တို့ကိုပါ ဒီနွေဈေးကွက်ထဲမှာ ရောင်းထုတ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

အင်တာမီလန်အသင်းဟာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေ တည်ငြိမ်နေစေဖို့အတွက် အသင်းက ကစားသမားတွေရဲ့ လုပ်ခလစာတွေကို အဆင်ပြေပြေ ပေးချေနိုင်ဖို့အတွက် ဆန်းချက်ဇ် ဂျက်ကိုတို့လို လစာမြင့်မားတဲ့ ဝါရင့်ကစားသမားတွေအပြင် ပြောင်းရွှေ့ကြေး ခပ်များများ ရရှိနိုင်မယ့် ဒမ်းဖရိုင်းစ်လို ကစားသမားမျိုးတွေကို အသင်းကနေ ရောင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။ နယ်သာလန် လက်ရွေးစင် ညာနောက်ခံကစားသမား ဒမ်ဖရိုင်းစ်ကိုတော့ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ အဲရစ်တန်ဟက်ဂ်က သူရဲ့ မန်ယူနိုက်တက်အသင်းဆီကို ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေပါတယ်။

တန်ဟက်ဂ်က အသင်းရဲ့ ညာခြမ်းခံစစ်မှာ ပေါ်တူဂီ right-back ကစားသမား ဒါလော့ကိုသာ သဘောကျနေတာဖြစ်ပြီး ဝမ်ဘစ်ဆာခါကိုတော့ အသင်းမှာ နေရာပေးဖို့ထက် ရှင်းထုတ်သွားဖို့သာ ဆန္ဒရှိနေသလို အဲ့ဒီနေရာမှာလည်း PSV ကစားသမားဟောင်း ဒမ်းဖရိုင်းစ်နဲ့ ပြန်လည်အစားထိုးသွားချင်နေတာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်သူကတော့ အသက်(၂၆)နှစ်အရွယ် ညာနောက်ခံလူ ဒမ်ဖရိုင်းစ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)လောက်နဲ့ ရောင်းချသွားချင်နေပေမယ့်လည်း မန်ယူနိုက်တက်ကတော့ အဲ့ဒီပမာဏလောက်နဲ့ မကမ်းလှမ်းချင်ပဲ ယူရိုသန်း(၅၀)အောက်နဲ့သာ ကမ်းလှမ်းသွားချင်နေပါတယ်။

ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ နယ်သာလန် လက်ရွေးစင်အသင်းနဲ့အတူ ထွန်းတောက်လာခဲ့တဲ့ ဒမ်ဖရိုင်းစ်ဟာ ယူရိုပြိုင်ပွဲအပြီး သြဂုတ်လမှာပဲ PSV အသင်းကနေ အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့ကြေး+အပိုဆုကြေး ယူရို(၁၄.၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဘောလုံးရာသီ တစ်ရာသီဖြတ်သန်းခဲ့ကာ ပြိုင်ပွဲစုံ ပွဲပေါင်း (၄၅)ပွဲ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ ဒမ်ဖရိုင်းစ်က အင်တာအတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေပေမယ့်လည်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ရောင်းချရဖို့ ရှိနေပြီး ဒမ်ဖရိုင်းစ်ကိုလည်း မန်ယူနိုက်တက်အသင်းဘက်က ကမ်းလှမ်းမှုတွေ စတင် လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

ZAWGYI: ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ ရက်ဘူးလ် ဆဲလ်ဘက်နဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဆက်စ်ကိုကို ခေါ်ယူရန် အေးဂျင့်ဖြစ်သူနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဆက်စ်ကိုက အသက်အရွယ် ငယ်သေးပေမယ့် ဆလိုဗေးနီးယား လက်ရွေးစင်အသင်း အတွက် ၁၃ပွဲ အထိ ပါဝင် ကစားခွင့် ရထားပြီး သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်တဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦးပဲ ဖြစ်ပါတယ်။