ယူနိုက်တက် ဟာ နည်းပြသစ် တန်ဟက် ရောက်ရှိလာမှု နဲ့ အတူ ဒီရာသီ နွေဈေးကွက် မှာ အနည်းဆုံး ကစားသမား (၄)ယောက် ခေါ်ယူဖို့ ရှိနေပါတယ်။ရှေ့လယ်နောက် နေရာစုံ လိုအပ်နေတာ ဆိုပေမယ့် အဓိက ခေါ်ယူအားဖြည့်ရမှာ ကွင်းလယ်ပိုင်း ဖြစ်နေပါတယ်။

မာတာ ၊ မာတစ် ၊ ပေါ့ဘာ တို့ မရှိတဲ့ ကွင်းလယ် မှာ အနည်းဆုံး ဒေါင်ဒေါင်မြည် ကွင်းလယ်လူ (၂)ယောက် ခေါ်ယူမှ ရမယ့် အခြေအနေပါ။လက်ရှိမှာတော့ တန်ဟက် ရဲ့မျက်စိကျ နေတဲ့ List ထဲမှာ လိဒျယူနျုကျတကျ က ကယ်ဗင်ဖိလစ် နဲ့ ဘာစီလျုနာ က ဒီဂျောင် တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

တန်ဟက် ကတော့ အဓိက အားဖြင့် အေဂျက် မှာ လက်တွဲဖူးတဲ့ တပည့်ဟောင်း ဒီဂျောင် ကို ပိုမိုလိုလားနေပြီး အရခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ဒီဂျောင် ကတော့ UCL မဝင်ထားတဲ့ ယူနိုက်တက် ဆီ ပြောင်းရွှေ့ဖို့ စိတ်ပါးနေပေမယ့် အသင်းက ရောင်းထုတ်မယ်ဆို ၊ အသင်း မှာ သူ့အတွက် အနာဂတ် မရှိတော့ဘူး ဆိုရငိ ယူနိုက်တက် နဲ့ ဆရာဟောင်း ရှိတဲ့ မန်ချက်စတာ ဆီ အရောက်လာဖို့ စဥိးစားဖွယ် ရှိပါတယ်။

ဘာစီလိုနာ ကတော့ ကစားသမားသစ် လစာငွေ ပေးချေမှု နဲ့ ဘဏ္ဏာရေး လျော့ကျနေမှု ကြောင့် အသင်းက ကစားသမား တချို့ ကို ရောင်းချချင်နေပြီး ဒီထဲ မှာ ဒီဂျောင် လည်း ရောင်းထုတ်ခံရမယ့် List ထဲ ပါဝင်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဖရန်ကီဒီဂျောင်ရဲ့ အပြောင်းအရွှေ့အတွက် ဘာကာနဲ့ တိုက်ရိုက်ဆွေးနွေးမှု စတင်ခဲ့ပါတယ်။ ဘာကာက ပြောင်းရွှေ့ကြေး ယူရို ၈၅ သန်းသတ်မှတ်ထားပြီး ကနဦးကမ်းလှမ်းမှုကို စောင့်ဆိုင်းနေပါတယ်။

ဒီဂျောင်ကတော့ ချန်ပီယံလိဂ် ကစားချင်တာကြောင့် ဘာကာမှာ ဆက်ကစားချင်တုန်းပါပဲ။ ယူနိုက်တက်ကလည်း ဆက်ကြိုးစားနေသလို ဘာကာမှာကလည်း ဖြေရှင်းစရာဘဏ္ဍာရေးပြဿနာတွေ ရှိနေပါတယ်။

ဒါ့အပြင် မန်စီးတီး ကစားသမား တယောက် ကလည်း ဒီဂျောင် ဘာစီလိုနာ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ အကြားမှာ အရေးပါသူ တယောက် အဖြစ် ရှိလာခဲ့ ပါတယ် ။သူကတော့ ဘာနာဒို ဆေးလ်ဗား ပါပဲ ။

ဘာစီလိုနာ ရဲ့ တိုက်စစ်ကို ပိုမို အားကောင်းအောင် ဖြည့်တင်းဖို့ ဆန္ဒ ရှိနေတဲ့ နည်းပြ ဇာဗီ ဟာ မန်စီးတီး ကနေ ထွက်ချင် နေတဲ့ ဘာနာဒို ဆေးလ်ဗား ကို ခေါ်ယူချင်နေပါတယ် ။အသက် ၂၇ နှစ် ရှိပြီ ဖြစ်တဲ့ ပေါ်တူဂီသားဟာ စီးတီး နဲ့ ပွဲပေါင် ၂၅၀ ကစားထားပြီး ၄၈ ဂိုး သွင်းကာ ၅၁ ဂိုး ဖန်တီးပေး ထားနိုင်ခဲ့ပါတယ် ။

ဘာနာဒို ဟာ လက်ရှိ ဈေးကွက် ထဲမှာ ယူရို သန်း ၅၀ ခန့် ရှိနေပြီး မန်စီးတီး နည်းပြ ဂွာဒီယိုလာ ၊ အသင်း ဒါရိုက်တာ ဘီဂရီစတိန်း တို့နဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့ ဘာစီလိုနာ ဟာ ဖာရန် တောရက်စ် ကို ခေါ်ယူစဉ်ကလို သက်သာတဲ့ အရစ်ကျ ပုံစံနဲ့ ဘာနာဒို ကို ခေါ်ယူဖို့ စိတ်ကူး ရှိနေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဇာဗီ ဟာ ဘာနာဒို ဆေးလ်ဗား ကို ခေါ်ယူ နိုင်မှသာ ဖရန်ကီ ဒီဂျောင် ကို လက်လွှတ် ရောင်းထုတ် သွားဖို့ ရှိနေပြီး နယ်သာလန်သားကို ရောင်းချရတဲ့ ငွေနဲ့ ဘိုင်ယန်မြုးနစ် တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး ကို ခေါ်ယူဖို့ ကြိုးစား သွားနိုင်ချေ ရှိတယ်လို့ သတင်းတွေက ဖော်ပြ လာခဲ့ ပါတယ် ။

ZAWGYI: ယူနိုက်တက် ဟာ နည်းပြသစ် တန်ဟက် ရောက်ရှိလာမှု နဲ့ အတူ ဒီရာသီ နွေဈေးကွက် မှာ အနည်းဆုံး ကစားသမား (၄)ယောက် ခေါ်ယူဖို့ ရှိနေပါတယ်။ရှေ့လယ်နောက် နေရာစုံ လိုအပ်နေတာ ဆိုပေမယ့် အဓိက ခေါ်ယူအားဖြည့်ရမှာ ကွင်းလယ်ပိုင်း ဖြစ်နေပါတယ်။