ပထမပိုင်းအတွင်း ၇၇ စက္ကန့်ပဲခြားတဲ့ ၂ ဂိုးနဲ့ ဆောက်သမ်ပ်တန်တို့အပေါ် သက်သောင့်သက်သာနိုင်ပွဲတပွဲရမယ့်လမ်းကြောင်းကို ဘရန်ဖို့ဒ်တို့ဖန်တီးခဲ့ပါတယ်။ နှစ်သင်းလုံးဟာ အမှတ် ၄၀ ကိုယ်စီနဲ့ ဒီနေ့ပွဲကိုစတင်ခဲ့တာဖြစ်ပေမဲ့ ဘရန့်ဖို့ဒ်တို့နိုင်သွားတာကြောင့် ပရီးမီးယားလိဂ်အဆင့် ၁၂ ကိုတက်သွားခဲ့ကြပြီး အောက်ဆုံးသုံးသင်းနဲ့ ၁၁ မှတ်ကွာခြားပါတယ်။

အိုင်ဗန်တိုနီရဲ့ခရော့စ်ကို စင်တာဘက်ပွန်းတပ်စ်ဂျန်ဆင်က အနီးကပ်ပိတ်သွင်းပြီး အဖွင့်ဂိုးနဲ့ စောစောစီးစီးဦးဆောင်လိုက်ပါတယ်။ အဖွင့်ဂိုးနဲ့ မရှေးမနှောင်းလေးမှာပဲ အဲရစ်ဆင်ကဘောလုံးဆွဲပြေးလာပြီး လှဲချခံလိုက်ရချိန်မှာ ဝစ်ဆာကဘောကိုဆက်ယူသွားပြီး ပင်နယ်တီဧရိယာအစပ်နားကနေ ဂိုးအောက်ထောင့်ကော်နာထဲကိုကန်သွင်းလိုက်လို့ ဒုတိယဂိုးထပ်ရသွားပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲပြီးဖို့ ၁၁ မိနစ်အလို ဆောက်သမ်ပ်တန်ကစားသမားတွေရဲ့ နောက်တန်းရှင်းထုတ်မှုအမှားကနေတဆင့် ခရစ်စတိုဖာအာယဲက နားဂေါ့ဆီကဘောလုံးရယူ၊ စိန့်ကစားသမားနှစ်ယောက်ကိုကျော်ဖြတ်ပိတ်သွင်းပြီး အနိုင်ကိုသေချာစေခဲ့ပါတယ်။

အရှုံးနဲ့ကြုံရပေမဲ့လည်း အဆင့် ၁၈ ကအဲဗာတန်တို့နဲ့ ၈ မှတ်ကွာတာကြောင့် တန်းဆင်းဇုန်ကနေတော့ ဆောက်သမ်ပ်တန်တို့လွတ်မြောက်သင့်ပါတယ်။ ဒါပေမဲ့ အောက်ဆုံး ၆ သင်းထဲမှာ စိန့်တို့ကလက်ကျန်ပွဲအနည်းဆုံးဖြစ်ပါတယ်။ ဆောက်သမ်ပ်တန်တို့ဟာ ဖေဖော်ဝါရီတုန်းက အဆင့် ၉ မှာရှိနေပေမဲ့ နောက်ဆုံးကစားခဲ့တဲ့လိဂ် ၁၅ ပွဲမှာ ၇ ပွဲတောင်ရှုံးခဲ့တာကြောင့် အဆင့် ၁၅ အထိ လျှောကျစေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ကျန်သုံးပွဲကလည်း ချန်ပီယံလုပွဲအတွက် ကြိုးပမ်းနေတဲ့လီဗာပူးနဲ့ အင်္ဂါနေ့ပွဲနဲ့ နောက်ဆုံးနေ့အဝေးကွင်းခရီးဖြစ်တဲ့ လက်စတာနဲ့နှစ်ပွဲက ဆောက်သမ်ပ်တန်တို့အတွက် အန္တရာယ်များတဲ့ပွဲတွေဖြစ်နေပါတယ်။

တန်းဆင်းရမှာနဲ့ပတ်သတ်ပြိး ပူပန်စရာမလိုအောင် သူတို့မှာအမှတ်လုံလောက်နေဆဲဖြစ်ပေမဲ့လည်း အဲဗာတန်၊ ဘန်လေ၊ လိဒ်တို့ နိုင်ပွဲတွေရတိုင်း စိတ်တုန်လှုပ်နေကြရမှာဖြစ်ပါတယ်။ သူတို့ရဲ့ပြိုင်ဘက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်စွာပဲ ဘရန့်ဖို့ဒ်တို့ကတော့ ရာသီသိမ်းချိန်ကို အမြင့်ပျံပြီးအဆုံးသတ်နေကြပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၆ ပွဲတောင် အနိုင်ရထားတာပါ။ ဇန်နဝါရီခေါ်ယူမှုဖြစ်တဲ့ ခရစ်စတီယန်အဲရစ်ဆင်ရဲ့ တိုက်စစ်ပိုင်းမီးတောက်က အကူအညီဖြစ်စေတာသေချာပေါက်ပါ။ ပထမပွဲထွက်အဖြစ် ဒိန်းမတ်ကွင်းလယ်ကစားသမား ကစားခဲ့တဲ့ ၈ ပွဲမှာ ၆ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးလမ်းကြောင်းက တိုက်ဆိုင်မှုမဟုတ်ပါဘူး။

ခရစ်စတီယန်ဟာ ဂိုးသွင်းသူစာရွက်ပေါ်မှာ မပါခဲ့ပေမဲ့ ဒီနေ့ပွဲကိုမောင်းနှင်ခဲ့တာဖြစ်ပြီး အခွင့်အရေးဖန်တီးမှု ၅ ကြိမ်၊ တိကျတဲ့ဖြတ်တင်ပေးပို့မှု ၄/၇ နဲ့ ဘောလုံးပြန်ဆယ်ယူမှု ၉ ကြိမ်လုပ်ခဲ့ပြီး ဘယ်ဘရန့်ဖို့ဒ်ကစားသမားထက်မဆို ပိုများတဲ့ပမာဏဖြစ်ပါတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းအားဖြင့်လည်း သောမတ်စ်ဖရန့်ခ်ရဲ့အသင်းက ထပ်တူထပ်မျှ အထင်ကြီးစရာကောင်းပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ၆ ပွဲမှာ ၅ ပွဲတောင် ပေးဂိုးမဲ့ကလင်းရှိရထားတာပါ၊ လေးပွဲဆက်တိုက်ကလင်းရှိတောင် ပါပါသေးတယ်။ ဒီရာသီမှာ ဒီလိုလမ်းကြောင်းမျိုးကို အာဆင်နယ်၊ လီဗာပူး၊ မန်ချက်စတာစီးတီးတို့ပြီးနောက် သူတို့က စတုတ္ထမြောက်ရရှိခဲ့တာဖြစ်ပါတယ်။

ZAWGYI: ပထမပိုင်းအတွင်း ၇၇ စက္ကန့်ပဲခြားတဲ့ ၂ ဂိုးနဲ့ ဆောက်သမ်ပ်တန်တို့အပေါ် သက်သောင့်သက်သာနိုင်ပွဲတပွဲရမယ့်လမ်းကြောင်းကို ဘရန်ဖို့ဒ်တို့ဖန်တီးခဲ့ပါတယ်။ နှစ်သင်းလုံးဟာ အမှတ် ၄၀ ကိုယ်စီနဲ့ ဒီနေ့ပွဲကိုစတင်ခဲ့တာဖြစ်ပေမဲ့ ဘရန့်ဖို့ဒ်တို့နိုင်သွားတာကြောင့် ပရီးမီးယားလိဂ်အဆင့် ၁၂ ကိုတက်သွားခဲ့ကြပြီး အောက်ဆုံးသုံးသင်းနဲ့ ၁၁ မှတ်ကွာခြားပါတယ်။