နယ်သာလန်လူမျိုးနည်းပြဟာမကြာခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရာထူးကိုရယူတော့မှာဖြစ်ပြီး အိပ်ပျော်နေတဲ့မန်ချက်စတာဘီလူးကြီးကို လှုပ်နှိုးပေးရတော့မှာပါ။ အိုင်းယက်စ်အသင်းကိုထားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းထံပြောင်းရွှေ့ဖြစ်ခဲ့ပုံကို နည်းပြအဲရစ်တန်ဟက်ကရှင်းပြလာပြီး အိုးထရက်ဖို့ဒ်ကစောင့်နေတဲ့ စိန်ခေါ်မှုတွေအတွက် အသင့်ဖြစ်နေကြောင်းလဲ ပြောခဲ့ပါသေးတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ဧပြီလ ၂၁ရက်နေ့ကတည်းက အိုင်းယက်စ်နည်းပြအဲရစ်တန်ဟက်ကို ၄နှစ်စာချုပ်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး နောက်ထပ်တစ်နှစ်စာချုပ်သက်တမ်းတိုးခွင့်ကိုလဲ ထည့်သွင်းထားတာပါ။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့သူ့အကြား သဘောတူညီမှုရရှိပြီး သိပ်မကြာခင်မှာဘဲ တရားဝင်ကြေငြာခဲ့တာဖြစ်တယ်လို့ အသက် ၅၂နှစ်အရွယ်နည်းပြကပြောခဲ့တာဖြစ်ပါတယ်။

အိုင်းယက်စ်အသင်းကို ၃နှစ်ဆက်နယ်သာလန်လိဂ်ချန်ပီယံဖြစ်စေခဲ့ပြီးနောက် နည်းပြအဲရစ်တန်ဟက်ဟာ အောင်မြင်မှုတွေဘယ်လိုယူဆောင်ပေးရမယ်ဆိုတာ ကောင်းကောင်းသိတဲ့နည်းပြတစ်ဦးပါ။ Voetbal International နဲ့အင်တာဗျူးမှာ မန်ချက်စတာယူနိုက်တက်အသင်းကိုရွေးချယ်ဖို့ ဘယ်အချိန်မှာဆုံးဖြတ်ခဲ့လဲဆိုတဲ့မေးခွန်းအပေါ် နည်းပြတန်ဟက်က’ သိပ်တော့မကြာသေးပါဘူး’

‘အမှန်တကယ်က ကျွန်တော်နဲ့ယူနိုက်တက်တို့ စပြီးဆွေးနွေးဖြစ်တာ ပြီးခဲ့တဲ့မတ်လကုန်နားလောက်က နိုင်ငံတကာရက်သတ္တပတ်ပြီးခါနီးလောက်ပေါ့။ အဲ့ဒီအချိန်ကမှစပြီးတော့ ကျွန်တော်ဆုံးဖြတ်ဖြစ်ခဲ့တာပါ။ သူတို့နဲ့စကားပြောရတာသိပ်ကောင်းတယ်။ အဲ့ဒီမှာကျွန်တော် စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ချင်လာတယ်။ အဲ့ဒီနောက်ကျွန်တော် အိုင်းယက်စ်ကနေထွက်ခွါလာဖို့ စပြီးဆုံးဖြတ်ဖြစ်တော့တာပဲ’ လို့ပြောခဲ့ပါတယ်။

အဲရစ်တန်ဟက်ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ မဆွေးနွေးခင်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းနည်းပြမော်ရီစီယိုပိုချက်တီနိုကိုခန့်အပ်ဖို့ သတင်းတွေတောက်လျှောက်ထွက်ခဲ့တာပါ။ ဒါတင်မကသေးဘဲ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိစပါးအသင်းကိုကိုင်တွယ်နေတဲ့ ချယ်ဆီးအသင်းနည်းပြဟောင်း အန်တိုနီယိုကွန်တီကိုခန့်အပ်ဖို့လဲ ကြိုးစားခဲ့ပါသေးတယ်။

ယူနိုက်တက်ရဲ့ကာလရှည်စိတ်ဝင်စားမှုနဲ့ပတ်သက်ပြီး နည်းပြတန်ဟက်က’ မန်ချက်စတာယူနိုက်တက်အသင်းက စီမံကိန်းတစ်ခုကို စနစ်တကျနဲ့ ဂရုတစိုက်လုပ်တတ်တဲ့အသင်းဆိုတာ ကျွန်တော်သိပါတယ်။ သူတို့ကကျွန်တော့်အကြောင်းကိုလဲ တော်တော်လေးသိပါတယ်။ သူတို့က ကင်းထောက်တွေစေလွှတ်ထားတယ်။ Analysis သေချာလုပ်တယ်။ အချက်အလက်တွေစုတယ်။ ကျွန်တော်နဲ့တွဲလုပ်ဖူးသူတွေကို အင်တာဗျူးလုပ်တယ်။ အဲ့ဒီကနေစပြီးတော့မှ တဖြည်းဖြည်းချင်းစပြီးဆွေးနွေးတာပေါ့။ အဲ့တာကြောင့် သူတို့ကျွန်တော့်ကိုခန့်အပ်ဖို့ ညတွင်းချင်းဆုံးဖြတ်ခဲ့တာမဟုတ်သလို ကျွန်တော့်ဘက်ကလဲ ညတွင်းချင်းလက်ခံခဲ့တာမဟုတ်ဘူး’ လို့ပြောသွားခဲ့တာပါ။

ZAWGYI: နယ်သာလန်လူမျိုးနည်းပြဟာမကြာခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရာထူးကိုရယူတော့မှာဖြစ်ပြီး အိပ်ပျော်နေတဲ့မန်ချက်စတာဘီလူးကြီးကို လှုပ်နှိုးပေးရတော့မှာပါ။ အိုင်းယက်စ်အသင်းကိုထားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းထံပြောင်းရွှေ့ဖြစ်ခဲ့ပုံကို နည်းပြအဲရစ်တန်ဟက်ကရှင်းပြလာပြီး အိုးထရက်ဖို့ဒ်ကစောင့်နေတဲ့ စိန်ခေါ်မှုတွေအတွက် အသင့်ဖြစ်နေကြောင်းလဲ ပြောခဲ့ပါသေးတယ်။