စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ နွေရာသီ ထိပ်သီးပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဆီဗီးလား ခံစစ်မှူး ခွန်ဒေကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက် ဂျာရတ် ရိုမဲရိုးက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ကာလရှည် အားနည်းချက် တခုလို ဖြစ်နေတဲ့ ခံစစ်ကြောင်းကို ပြင်ဆင်ဖို့ အဓိကထား ကြိုးပမ်းနေတဲ့ အသင်း ဖြစ်ပြီး ဆီဗီးလား ခံစစ်မှူး ခွန်ဒေ ၊ နာပိုလီ ခံစစ်မှူး ကူလီဘလီနဲ့ ဂျူဗင်တပ် ခံစစ်မှူး ဒီလစ်တို့ဟာ သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမားတွေပဲ ဖြစ်ပါတယ်။

အဆိုပါ ကစားသမား သုံးဦးအနက် ဘာစီလိုနာနည်းပြ ဇာဗီရဲ့ စိတ်ကြိုက် ကစားသမားက ဆီဗီးလားနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို လာလီဂါပြိုင်ပွဲမှာ အသားကျပြီးသား ခံစစ်မှူး ခွန်ဒေ ဖြစ်ပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေကလည်း ဇာဗီရဲ့ တောင်းဆိုချက်အရ ခွန်ဒေကို ခေါ်ယူနိုင်ဖို့ အပူတပြင်း ကြိုးပမ်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဘာစီလိုနာက ခွန်ဒေကို ခေါ်ယူနိုင်ဖို့ ဆီဗီးလားနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို ခွန်ဒေရဲ့ အေးဂျင့်နဲ့ပါ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ခွန်ဒေကလည်း ချယ်လ်ဆီးဆီ မပြောင်းရွှေ့နိုင်ခဲ့တဲ့နောက် ဘာစီလိုနာဆီသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ယနေ့မနက် အစောပိုင်းမှာပဲ ခွန်ဒေကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ ပဏာမ သဘောတူညီချက် ရယူနိုင်ခဲ့ပြီး ဘာစီလိုနာနည်းပြ ဇာဗီကလည်း သူတို့အသင်းဆီ ပြောင်းရွှေ့လာဖို့ ခွန်ဒေထံ နေ့စဉ် ဖုန်းဆက်ကာ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာက ခွန်ဒေကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် ဆီဗီးလားနဲ့တော့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရယူနိုင်ဖို့ ခက်ခဲနေပြီး ဆီဗီးလားဘက်က ခွန်ဒေအတွက် ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း အထိ လိုချင်နေပေမယ့် ဘာစီလိုနာကတော့ ခွန်ဒေအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကျော်သာ သုံးစွဲချင်နေပါတယ်။

တစ်ဖက်မှာလည်း ဘာစီလိုနာအသင်းဥက္ကဌဖြစ်သူ ယိုဟန်လာပေါ်တာကတော့ ဒီနွေဈေးကွက်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်နေတဲ့ ကွင်းလယ်ကစားသမား ဖရန်ကီဒီယောင်းကို အသင်းကနေ လုံးဝ ရောင်းမထုတ်သွားချင်ဘူးလို့ ထပ်မံပြောကြားလိုက်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ အဲရစ်တန်ဟက်ဂ်က သူရဲ့အသင်းအတွက် တပည့်ဟောင်း ဒီယောင်းကို ခေါ်ယူသွားချင်နေပြီး

ကမ်းလှမ်းမှုတွေ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ အပြောင်းအရွှေ့က အထမမြောက်နိုင်သေးပဲ ဖြစ်နေခဲ့ရပါတယ်။ အဓိကတော့ လုပ်ခလစာ မြင့်မားတဲ့ အသင်းသားတစ်ချို့ကို လစာလျှော့ချရဖွယ် ရှိနေတဲ့ ဘာစီလိုနာက သူတို့တောင်းဆိုထားတဲ့ တန်ကြေးမျိုးနဲ့ ဒီယောင်းကို ယူနိုက်တက်ဘက်က ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားနိုင်တဲ့ အခြေအနေမျိုး ရှိနေပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဘာစီလိုနာမှာသာ ဆက်နေချင်သလို ဘာစီဥက္ကဌ လာပေါ်တာကလည်း ဒီယောင်းလို top player မျိုးကို အသင်းမှာပဲ ထားရှိချင်နေပါတယ်။

အခုလည်း ဥက္ကဌလာပေါ်တာက အသင်းရဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ဒီယောင်းနဲ့ ပတ်သက်ပြီး “ဖရန်ကီဒီယောင်းက ဘာစီလိုနာ ကစားသမားပါ။ သူ့အတွက် ကမ်းလှမ်းမှုတွေ ရှိနေတယ်ဆိုတာကို သိထားရပေမယ့်လည်း ကျွန်တော်တို့ သူ့ကို မရောင်းချချင်ပါဘူး” လို့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ ဘာစီလိုနာက ဒီယောင်းနဲ့ ကစားတဲ့ နေရာချင်းတူတဲ့ ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ခဲ့သလို အသင်း ကွင်းလယ်ပိုင်းမှာလည်း ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဘူးစကတ် ပီယာနစ်တို့နဲ့အတူ ပတ်ဒရီ ဂါဗီ နီကိုးဂွန်ဇာလက်ဇ်တို့ပါ ရှိနေတဲ့အတွက် ဒီယောင်းရဲ့ ဘာစီလိုနာ ကစားသမားဘဝ အနာဂတ်က မှန်းဆရခက်နေပါတယ်။

ယူနိုက်တက်ကတော့ ဒီနွေမှာ ဒီယောင်းတစ်ဦးတည်းကိုပဲ ဦးစားပေး ပစ်မှတ်ထားနေပြီး လက်ရှိအခြေအနေအရ ပြောင်းရွှေ့ကြေး ယူရို(၆၅)သန်းနဲ့ အပိုဆုကြေးတို့ ပေါင်းစပ် ကမ်းလှမ်းထားမှုထက် တိုးမြှင့်ကမ်းလှမ်းရဖွယ် ရှိနေရပါတယ်။ လောလောဆယ်မှာတော့ ယူနိုက်တက်ဟာ ဘယ်နောက်ခံလူ မာလာစီယာကို ခေါ်ယူထားပြီး ဝါရင့်ကွင်းလယ်လူ အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့သလို ဒီယောင်းနဲ့ အေဂျက်စ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်တို့ကိုလည်း ထပ်မံခေါ်ယူဖွယ် ရှိနေပါတယ်။

ZAWGYI: စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ နွေရာသီ ထိပ်သီးပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဆီဗီးလား ခံစစ်မှူး ခွန်ဒေကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက် ဂျာရတ် ရိုမဲရိုးက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ကာလရှည် အားနည်းချက် တခုလို ဖြစ်နေတဲ့ ခံစစ်ကြောင်းကို ပြင်ဆင်ဖို့ အဓိကထား ကြိုးပမ်းနေတဲ့ အသင်း ဖြစ်ပြီး ဆီဗီးလား ခံစစ်မှူး ခွန်ဒေ ၊ နာပိုလီ ခံစစ်မှူး ကူလီဘလီနဲ့ ဂျူဗင်တပ် ခံစစ်မှူး ဒီလစ်တို့ဟာ သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမားတွေပဲ ဖြစ်ပါတယ်။