ခရစ်စတီယာနိုရော်နယ်ဒိုဟာ မန်ယူနိုက်တက်ရဲ့ ဧပြီလအတွက် တလတာအကောင်းဆုံးကစားသမားဆုကို ပြီးခဲ့တဲ့ သောကြာနေ့လေ့ကျင့်ရေးမစတင်မီမှာ လက်ခံရယူခဲ့တယ်လို့ ကလပ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ စနေနေ့မှာကန်မဲ့ ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်ကစားဖို့သေချာနေတဲ့ ပေါ်တူဂီမီဂါစတားကစားသမားကြီးအတွက် ဒါဟာ ဒုတိယအကြိမ်မြောက် နှစ်လဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ POTMဆုဖြစ်ခဲ့ပါတယ်။

မတ်လကလဲ အကောင်းဆုံးဆုရထားခဲ့သူ ရော်နယ်ဒိုဟာ ဂျူဗင်တပ်ကနေ မန်ချက်စတာကိုပြန်ရောက်လာခဲ့တဲ့ သြဂုတ်နောက်ပိုင်းမှာလဲ အခုလိုမျိုးနှစ်လဆက်တိုက် POTMဆွတ်ခူးခဲ့ဖူးပြီး ယခုနှစ်ရာသီမှာ ၄ကြိမ်အထိရယူထားပြီး ယူနိုက်တက်ကစားသမားတွေထဲမှာအများဆုံးလဲဖြစ်ခဲ့ပါတယ်။ ဧပြီလအတွင်းကန်ခဲ့တဲ့ပွဲစဉ်တွေအနက် နောဝှစ်နဲ့ပွဲမှာ ဟက်ထရစ်၊ အာဆင်နယ်နဲ့ချယ်လ်ဆီးတို့နဲ့ပွဲစဉ်တွေမှာလဲ ဂိုးရခဲ့တဲ့ ခရစ်စတီယာနိုက ဒီဆုကိုထိုက်ထိုက်တန်တန်ရယူခဲ့တာလဲဖြစ်တာကြောင့် မိသားစုအရေးအတွက်စိတ်ဓာတ်ကျခဲ့ရတဲ့ သူ့အတွက် ခက်ခဲတဲ့ကာလအတွင်းအားတခုလဲဖြစ်စေခဲ့မှာပါ။

ရော်နယ်ဒိုဟာ မန်ယူနိုက်တက်ရဲ့တလတာအကောင်းဆုံးကစားသမားဆုရရှိထားသလို ပရီးမီးယားလိဂ်တခုလုံးရဲ့ ဧပြီအကောင်းဆုံးကစားသမားဆုအတွက်လဲ စကာတင်စာရင်းဝင်ထားပါသေးတယ်။ ပေါ်တူဂီစတားဟာ မန်စီးတီးရဲ့ ဒီဘရိုင်းနား၊ ဂါဘရီယယ်ဂျီးဆပ်၊ လီဗာပူးရဲ့ သီယာဂိုအယ်လ်ကန်တာရာ၊ စပါးရဲ့ ဆွန်ဟောင်မင်၊ ဘရိုက်တန်ရဲ့ လီအန်ဒရို ထရိုစ်ဆက်ဒ်၊ နယူးကာဆယ်ရဲ့ ဘရူနိုဂွိုင်မာရက်စ်၊ ဘန်လေရဲ့နသန်ကောလင်းစ် တို့နဲ့အတူအမည်စာရင်းတင်သွားခံထားရပြီး ပရိတ်သတ်တွေရဲ့ ဗိုတင်လိုင်းက လာမဲ့၉ရက်နေ့မှာ ပိတ်တော့မှာဖြစ်ပါတယ်။

ခရစ်စတီယာနိုကတော့ သူ့ရဲ့ယူနိုက်ကတ်POTMဆုအတွက် ဂုဏ်ယူနေပြီး အခုလိုမျိုး လူမှုကွန်ယက်မှာပို့စ်တင်ရေးသားကျေးဇူးတင်စကားပြောသွားခဲ့ပါတယ်။ “ကျနော်ဒီဆုကိုထပ်တခါရရှိဖို့အတွက် ကူညီပေးခဲ့ကြတဲ့ ကျနော့်အတွက် မဲပေးခဲ့ကြတဲ့ ပရိတ်သတ်တွေအားလုံးနဲ့ ကျနော့်ရဲ့အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။”

“ဒီအမေးဇင်းကလပ်အတွက် ကိုယ်စားပြုကစားပေးရတာကို ကျနော်အမြဲတမ်းပဲဂုဏ်ယူနေတဲ့သူဖြစ်ပြီး မန်ယူနိုက်တက် အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုခံရတာဟာ အရမ်းကို အားရစရာကောင်းလှပါတယ်။” လို့သူက ရေးသားသွားခဲ့ပါတယ်။ ဧပြီလဟာ ရော်နယ်ဒိုအတွက် ခက်ခဲခဲ့ပေမဲ့ သူ့ရဲ့ပွဲ၁၀၀ပြည့်ပရီးမီးယားလိဂ် ရာပြည့်ပွဲကိုရောက်ရှိခဲ့သလို အသင်းအတွက်လဲအဖိုးတန်ဂိုးတွေကိုသွင်းယူပေးနိုင်ခဲ့လို့ မဲအရေအတွက်၇၄% အထိရရှိခဲ့ပြီး ဒုတိယနေရာက ဒီဂီယာရဲ့၂၁%နဲ့တတိယနေရာကမာတစ်ရဲ့ ၅%တို့ကိုအပြတ်အသတ်သာလွန်ပြီး ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်ကိုပြန်လာပြီးကတည်းက တလတာအကောင်းဆုံးကစားသမားဆုကို စက်တင်ဘာ၊အောက်တိုဘာ နှစ်လဆက်တိုက်ရယူခဲ့ပြီးနောက် အခုတခါ မတ်၊ဧပြီနှစ်လဆက်တိုက် ထပ်မံရယူနိုင်ခဲ့တဲ့ရော်နယ်ဒိုဟာ အသစ်ရောက်လာမဲ့နည်းပြတန်ဟက်ကြောင့် နောက်ရာသီမန်ချက်စတာမှာဆက်ရှိဖို့အလားအလာများနေသူလဲဖြစ်ပါတယ်။

ZAWGYI: ခရစ်စတီယာနိုရော်နယ်ဒိုဟာ မန်ယူနိုက်တက်ရဲ့ ဧပြီလအတွက် တလတာအကောင်းဆုံးကစားသမားဆုကို ပြီးခဲ့တဲ့ သောကြာနေ့လေ့ကျင့်ရေးမစတင်မီမှာ လက်ခံရယူခဲ့တယ်လို့ ကလပ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ စနေနေ့မှာကန်မဲ့ ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်ကစားဖို့သေချာနေတဲ့ ပေါ်တူဂီမီဂါစတားကစားသမားကြီးအတွက် ဒါဟာ ဒုတိယအကြိမ်မြောက် နှစ်လဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ POTMဆုဖြစ်ခဲ့ပါတယ်။