မိုဟာမက် ဆာလာနဲ့ ဆွန်ဟောင်မင်တို့ဟာ ကီဗင်ဒီဘရိုင်းထက် ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ ပိုမို ထိုက်တန်တယ်လို့ လီဗာပူးလ် ဂန ္တဝင် ကစားသမားဟောင်း ဖီးလ်သွမ်ပဆင်က ပြောလိုက်ပါတယ်။ မန်စီးတီး ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာ ပြီခဲ့တဲ့ တပတ်က ဆွန်ဟောင်မင်၊ ဆာလာ၊ အလက်ဇန္ဒား အာနိုးလ်၊ ဂျာအိုကန်ဆယ်လို၊ ဂျာရော့ဘိုဝမ်၊ ဘူကာယိုဆာကာနဲ့ ဂျိမ်းစ်ဝက်ပရောက်စ်တို့ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ဒီဘယ်လ်ဂျီယံ လက်ရွေးစင်ဟာ မန်စီးတီး အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ကာကွယ်မှုမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး၊ သူဟာ လိဂ်ပွဲစဉ်၃၀ပွဲ ပါဝင်ကစားခဲ့ရာမှာ သွင်းဂိုး၁၅ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ကြိမ်ပြုလုပ် နိုင်ခဲ့ပါတယ်။ အံ့ဩစရာကောင်းတာက အသက်၃၀အရွယ် ဒီကွင်းလယ်လူ သွင်းယူခဲ့တဲ့ ၁၅ဂိုးထဲမှာ ဂိုးအဖြစ် မျှော်လင့်နိုင်ခြေ ၆.၂ဂိုးသာ ရှိခဲ့ပြီး၊ သူ့ရဲ့ ထူးခြားတဲ့ အရည်အသွေးကြောင့် ရရှိလာတဲ့ အခွင့်အရေး တွေကနေ ၉ဂိုးပိုမို သွင်းယူနိုင်ခဲ့တာပါ။

ဒါပေမယ့် ဒီဘရိုင်းရဲ့ သွင်းဂိုး ပါဝင်ပတ်သက်မှု ၂၃ကြိမ်ဟာ ဆာလာ ၃၆ကြိမ်၊ ဆွန်ဟောင်မင် ၃၀ကြိမ်နဲ့ ဟယ်ရီကိန်း ၂၆ကြိမ်တို့ထက် ပိုမိုနည်းပါးနေပြီး၊ ဒီဘရိုင်းက အဆိုပါ ကစားသမားတွေထက် ပွဲထွက်ခွင့် အရေအတွက် အနည်းဆုံး ၅ပွဲသာ လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ဒီဘရိုင်းဟာ အခွင့်အရေး ဖန်တီးမှုမှာတော့ အထက်ပါ ကစားသမားတွေထက် ပိုများခဲ့ပြီး အခွင့်အရေး ဖန်တီးမှု၈၇ကြိမ် ပြုလုပ် နိုင်ခဲ့ပေမယ့်၊ ဒီအရေအတွက်ဟာ အခွင့်အရေး ဖန်တီးမှု၉၀ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ အာနိုးလ်နဲ့ ၈၉ကြိမ်ပြုလုပ် နိုင်ခဲ့တဲ့ ဖာနန်ဒက်စ်တို့ထက် ပိုနည်းပါးခဲ့ပါတယ်။

ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ဒီဘရိုင်းရဲ့ စွမ်းဆောင်ရည်တွေက အဓိက ကျခဲ့ပေမယ့်၊ သွင်းဂိုး၂၃ဂိုးစီနဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပူးတွဲ ရယူနိုင်ခဲ့တဲ့ ဆာလာနဲ့ ဆွန်ဟောင်မင်တို့ဟာ ဒီဘရိုင်းထက် ခြေစွမ်း ပိုတည်ငြိမ်တယ်လို့ ယုံကြည်ကြောင်း သွမ်ပဆင်က အခုလို ပြောလိုက်ပါတယ်။ “ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမားဆုက မိုဆာလာ အတွက် ဖြစ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကစားသမားတွေ အားလုံးက ဒီဆုအတွက် ဒီဘရိုင်းကို မဲပေးခဲ့ကြတယ် ဆိုတာကို ကျွန်တော် သိထားပြီး၊ သူက အရမ်းကောင်းတဲ့ ကစားသမားပါ။”

“ဒီဘရိုင်းက ပြီးခဲ့တဲ့ လတွေအတွင်းမှာ အံဩစရာတွေ လုပ်ပြခဲ့ပေမယ့်၊ တရာသီလုံး အတိုင်းအတာအရ ဒီနှစ် ဘောလုံးရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တဲ့ ကစားသမားတွေက ဒီဆုနဲ့ လွဲခဲ့ရတာနဲ့ ပတ်သက်ပြီး လူတွေ တုန်လှုပ်နေကြပါလိမ့်မယ်။ ဒီကစားသမားတွေ ဘယ်လောက်ကောင်းအောင် လုပ်ပြခဲ့ လုပ်ပြခဲ့ သူတို့ဟာ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံးဆုနဲ့ လွဲနေဦးမှာပဲ ဆိုတဲ့အတွေးမျိုး လူတွေရဲ့ စိတ်ထဲမှာ စွဲထင်နေကြပါပြီ။”

“တနှစ်ပတ်လုံး အနေနဲ့ စဉ်းစားကြည့်မယ်ဆိုရင် မိုဆာလာဟာ ပြီးခဲ့တဲ့ သီတင်းပတ်၆ပတ် အတွင်းမှာ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခြင်း မရှိခဲ့ပေမယ့်၊ တရာသီလုံး အတိုင်းအတာနဲ့ ခြုံကြည့်မယ်ဆိုရင် သူက တနှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်ပါတယ်။ ခရစ္စမတ်တုန်းက မိုဆာလာကို ကမ္ဘာ့အကောင်းဆုံး ကစားသမားပါလို့ သူတို့ပဲ ပြောခဲ့ကြတာလေ။ အခုလည်း သူက ဒီဆုမရလို့ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ်ကနေ ဒီဘရိုင်းရဲ့နောက် ဒုတိယလူ ဖြစ်မသွားပါဘူး။ မိုဆာလာ ဒီဆုနဲ့ လွဲခဲ့ရတာ ကျွန်တော် စိတ်မကောင်းပါဘူး။ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို မိုဆာလာ မရခဲ့ရင်၊ ဒီဆုနဲ့ ပိုထိုက်တန်တဲ့ အခြား ကစားသမားက ဆွန်ဟောင်မင်ပါ။ ဘာလို့လဲဆိုတော့ မိုဆာလာက ရာသီအစမှာ တောက်ပခဲ့သူ ဖြစ်ပြီး၊ ဆွန်က ၉လတာလုံးမှာ ခြေစွမ်းပြနိုင်ခဲ့တာလေ။”

ZAWGYI: မိုဟာမက် ဆာလာနဲ့ ဆွန်ဟောင်မင်တို့ဟာ ကီဗင်ဒီဘရိုင်းထက် ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ ပိုမို ထိုက်တန်တယ်လို့ လီဗာပူးလ် ဂန ္တဝင် ကစားသမားဟောင်း ဖီးလ်သွမ်ပဆင်က ပြောလိုက်ပါတယ်။ မန်စီးတီး ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာ ပြီခဲ့တဲ့ တပတ်က ဆွန်ဟောင်မင်၊ ဆာလာ၊ အလက်ဇန္ဒား အာနိုးလ်၊ ဂျာအိုကန်ဆယ်လို၊ ဂျာရော့ဘိုဝမ်၊ ဘူကာယိုဆာကာနဲ့ ဂျိမ်းစ်ဝက်ပရောက်စ်တို့ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။